UFO ကြောင့် အပူလောင် ဒါဏ်ရာရခဲ့တဲ့ လေယာဉ်မှူးများ

UFO ကြောင့် အပူလောင် ဒါဏ်ရာရခဲ့တဲ့ လေယာဉ်မှူးများ

UFO လို့ခေါ်တဲ့ အမျိုးအမည်မသိ ယာဉ်ပျံတွေကို မကြာခဏဆိုသလို ယူကျု့မှာ တင်ထားတာတွေ တွေ့ကြမှာပါ။ ယုံသူရှိသလို၊ မယုံသူလည်း ရှိပါတယ်။

အခုတင်ပြမှာကတော့ UFO (ပန်းကန်ပြားပျံ) နဲ့ အနီးကပ် ပျံသန်းမိခဲ့တဲ့ လေယာဉ်မှူးတွေမှာ အပူလောင်ဒါဏ်ရာလို ခံစားကြရတယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

ဒါကို ရှာဖွေတင်ပြသူကတော့ Luis Elizondo (လူးဝစ် အယ်လီဇွန်ဒို) ဖြစ်ပါတယ်။ သူက ပန်းကန်ပြားပျံနောက်ကို ခြေရာခံ ပျံသန်းခဲ့ကြတဲ့ လေယာဉ်မှူးတွေဟာ အရေပြားမှာ အပူလောင်သလို ဒါဏ်ရာအသေးစားတွေ ခံစားကြရတယ်လို့ သုတေသနပြု တင်ပြခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတည်းက နယူးရော့တိုင်းမ်း (News York Time) သတင်းစာမှာ ယူအက်စ်စစ်ဖက်ဟာ ဒီပဟေဠိဆန်တဲ့ UFO တွေကို စုံစမ်းဖို့ အစီအစဉ်ဆွဲထားတယ် ဆိုတာကို ဖော်ပြဖူးပါတယ်။

UFO နဲ့တွေ့ဆုံတာ၊ UFO ကို ခြေရာခံလိုက်ပါတဲ့ လေယာဉ်မှူးတွေဟာ ပင်တဂွန်ကို ပြန်လည်အစီအရင်ခံရပါတယ်။

အဲဒီအစီအရင်ခံစာထဲမှာတော့ လေယာဉ်မှူးတော်တော်များများဟာ အရေပြားမှာ အပူလောင်သလို ခံစားရတယ်လို့ ဖော်ပြလာကြပါတယ်။

လူးဝစ် အယ်ဒွန်ဇို

အဲဒီအစီအစဉ်ကို နယူရော့တိုင်းမ်းမှာ ဖော်ပြပြီးကတည်းက လေယာဉ်မှူးတွေဟာ သူတို့တွေ့မြင်ခဲ့ရတာတွေနဲ့ ပါတ်သက်ပြီး ဆွေးနွေးဖော်ထုတ်လာတာတွေ ရှိပါတယ်။

သူတို့ဟာ ရူပဗေဒနိယာမတွေနဲ့ ဆန့်ကျင်ပြီး လေထဲမှာ ပျံသန်းနေကြတဲ့ အရာဝတ္ထုတွေကို တွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာကြပါတယ်။

ဒီလို ကိစ္စတွေကို ပိုမိုရှုပ်ထွေးစေခဲ့တာကတော့ ပင်တဂွန်က AATIP ပရိုဂရမ်မှာ ဒါရိုက်တာလုပ်ခဲ့တဲ့ လူးဝစ်အယ်ဒွန်ဇိုရဲ့ ထုတ်ပြန်မှု ဖြစ်ပါတယ်။

သူက သူရဲ့အတွေ့အကြုံတွေနဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တွေကိုပါ လူသိရှင်ကြား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အထက်က တင်ပြခဲ့တဲ့ UFO နဲ့ အနီးကပ်ပျံသန်းမိခဲ့ကြတဲ့ လေယာဉ်မှူးတွေမှာ ရုပ်ပိုင်းဆိုင်ရာ ခံစားရမှုတွေ ပါဝင်လာတာ ဖြစ်ပါတယ်။

GQ မဂ္ဂဇင်းကြီးက လူးဝစ်နဲ့ အင်တာဗျူးရာမှာတော့ သူက အခုလို ပြောကြားပါတယ်။

” ကျနော် အရမ်းသတိထားပါတယ်။ စကားကိုလည်း မမှန်တာ မပြောပါဘူး။ ခင်ဗျား စဉ်းစားကြာ့်လိုက်ပါ။ ပိုင်းလော့တစ်ယောက်ကပြောတယ်။ လူးဝစ်ရေ ကျနော် အဲဒီ ထူးဆန်းတဲ့အရာကြီးနားကို ကပ်ပြီး ပျံသန်းခဲ့တာဗျာ။

အိမ်ပြန်ရောက်တော့ ကျနော့တစ်ကိုယ်လုံး နေလောင်သလို ခံစားနေရတယ်ဗျာတဲ့။ အရေပြားတွေ နီရဲနေတာ (၄) ရက်လောက် ကြာတယ်ဗျာတဲ့။ ဒါက နေလောင်တာမဟုတ်ဘူးဗျ။ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည် ထိတာလေ။”

ဒါကို ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ရာမှာတော့ အဲဒီထူးဆန်းတဲ့ အရာဝတ္ထုတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ရောင်ခြည်တွေကို ထုတ်လွှတ်ကြတာ ဖြစ်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီဖြာထွက်ရောင်ခြည်တွေဟာ လူသားတွေမသိသေးတဲ့ ဓါတ်ရောင်ခြည်တစ်မျိုး ဖြစ်ပါလိမ့်မယ်တဲ့။

လူးဝစ် အယ်ဒွန်ဇို

လူးဝစ်က ဆက်လက်ပြောကြားရာမှာတော့ လေယာဉ်မှူးတွေဟာ အချိန်နဲ့နေရာ လွဲမှားမှုကိုလည်း ခံစားရလေ့ ရှိပါတယ်တဲ့။

တစ်ခါတစ်လေ (၅) မိနစ် ပျံသန်းယုံနဲ့ မိနစ် (၃၀) စာ ဆီတွေကုန်နေတာမျိုးလည်း ရှိပါတယ်တဲ့။ ဒါဟာ အချိန်နေရာ လွဲမှားမှု့လို့ သူက သုံးသပ်ပါတယ်။

ဒါ ဘာကြောင့်လဲဆိုရင် UFO တွေဟာ အချိန်၊နေရာ ကန့်သတ်ချက်ကို ကျော်လွန်ပျံသန်းနိုင်တာကြောင့် သူ့အနားက လေယာဉ်အပေါ်လည်း သက်ရောက်မှုတွေရှိတာ ဖြစ်နိုင်ပါတယ်။

လူးဝစ်ဟာ ဒီအမျိုးအနည်မသိ ယာဉ်ပျံတွေနဲ့ ပါတ်သက်တဲ့ ရုပ်သံဖိုင်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ဗီဒီယိုမှာတော့ လေယာဉ်တစ်စီးဟာ (၂၃) မိနစ်ကြအောင် UFO တစ်စီးနဲ့ နီးကပ်စွာ ပျံသန်းနေပုံကို ရိုက်ပြထားတာဖြစ်ပြီး လေယာဉ်အတွင်းကနေ ရိုက်ထားတာ ဖြစ်ပါတယ်။

UFO ဟာ အချင်း ပေ (၅၀) လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သူ့ကို လေယာဉ်ရှေ့မှန်ကနေ ကြည်လင်ပြတ်သားစွာ တွေ့မြင်နေရပါတယ်။

ကျနော်တို့ဟာ တစ်နေ့မှာတော့ UFO နဲ့ ဂြိုဟ်သားတွေဆိုတာ မှန်၊မမှန် သိရမှာဖြစ်ပြီး အဲဒီအချိန်ဟာလည်း သိပ်ပြီး မဝေးလှတော့ပါဘူးလို့ တင်ပြလိုက်ရပါတယ်။

(AATIP – Advanced Aviation Threat Identification Program)

Knight News Team

Knight News © 2022

Crd