Singleဘဝကမကျွတ်မယ့်တူတူ အရုပ်မကိုပဲချစ်ကြိုက်ပြီးတော့ လက်ထပ်ယူခဲ့သည့် အမျိုးသား

News Social News

လူသားတို့သည် တစ်ယောက်တည်းအထီးကျန်စွာ နေထိုင်မသွားချင်ကြ၍ အချစ်စစ်ကိုရှာဖွေစောင့်ဆိုင်းတာမျိုး ပြုလုပ်တတ်ကြပြီး အချိန်ကြာသည်ထိ ဖူးစာဖက်ရှာမတွေ့ပဲ လူ့လောကကြီးထဲကနေ အပြီးပိုင်ထွက်ခွာသွားရတာမျိုးလည်းရှိသည်။

သို့ဖြစ်၍ အင်္ဂလန်နိုင်ငံမှ အမျိုးသားတစ်ဦးသည် အသက်၃၀ကျော်အထိ မယ်မယ်ရရပြစရာ ရည်းစားတစ်ယောက်မှ မရှိသေးတာကြောင့် ပတ်ဝန်းကျင်တွေရဲ့ စနောက်လှောင်ပြောင်ခြင်းမှ ကင်းဝေးရန် အရုပ်မနဲ့ လက်ထပ်ပစ်လိုက်သည်။

အမျိုးသားသည် ငယ်စဉ်လေးတည်းက အရုပ်မတွေနဲ့ ကစားရခြင်းကို နှစ်သက်ပြီး မိဘနှစ်ပါးကလည်း သူ့ရဲ့အဖော်အဖြစ် အရုပ်မမျိုးစုံကို ဝယ်ယူစုဆောင်းပေးခဲ့ရာ သူ့ရဲ့အခန်းတစ်ခုလုံးပင် အရုပ်မတွေနဲ့ ပြည့်နေခဲ့သည်။

အမျိုးသားသည် လူသားမိန်းကလေးထက် အရုပ်မလေးတွေကို ပိုပြီးတော့ စိတ်ဝင်စားတာကြောင့် လက်မထပ်သေးပူးလားဟု အမြဲအမေးခံနေရမယ့်တူတူ Singleဘဝကလည်းကျွတ်အောင် အရုပ်မကို လက်ထပ်ယူပြီးတော့ ဟန်းနီးမွန်းထွက်သည့်အနေနဲ့ ဒေသတွင်းရှိ ပန်းခြံသို့ သွားလည်ခဲ့သေးသည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

Crd