■Mulhollandရဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့ ဖိနပ်ကြိုးသင်္ကေတ

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■Mulhollandရဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့ ဖိနပ်ကြိုးသင်္ကေတ

ပရိတ်သတ်ကြီးရေသင်ဟာစုံထောက်ကားတွေကြည့်ရတာသဘောကျသူတစ်ဦးဆိုရင်တော့ တချို့သောကိစ္စတွေမှာစကားဝှက်တွေသင်္ကေတတွေကမပါမဖြစ်ဆိုတာကို သိကြမှာပေါ့နော်။ဒါပေမဲ့ ရန်သူကိုတိုက်ခိုက်ဖို့သင့်တော်တဲ့လက်နက်လိုဖြစ်နေတဲ့ကုဒ်(code)
ကိုဘယ်လိုလုပ်ကြရတာလဲ?

ပရိတ်သတ်ကြီးရေ..အဖြေကိုတော့ ထောက်လှမ်းရေးပရိယာယ်နဲ့လှည့်ကွက်တွေအကြောင်းဖော်ပြထားတဲ့စာအုပ်ထဲမှာရှာရင်တွေ့နိုင်ပါတယ်နော်။ဟုတ်ကဲ့..အမှန်ပါဘဲရှင်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးရေးသားထားတဲ့တကယ့်စာအုပ်ရှိပါတယ်။လက်ရေးစာမူကို (၁၉၅၃)ခုနှစ်မှာ မျက်လှည့်ပညာရှင် ဂျွန်မြူဟိုလန်(John Mulholland)ကရေးသားထားခဲ့တာပါ။

ဟုတ်ပါတယ် မျက်လှည့်ပညာရှင်တယောက်ပါဘဲ။ (၁၉၇၀)ခုနှစ်မှာ CIA(ထောက်လှမ်းရေး)အဖွဲ့က ရှိသမျှမိတ္တူစာအုပ်အားလုံးကိုဖျက်ဆီးပစ်ရမယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ စာအုပ်တစ်အုပ်ဟာ မပျက်စီးဘဲကျန်ခဲ့ပြီး (၂၀၀၀)ခုနှစ်ထိရှိနေဆဲဖြစ်ပါတယ်။စာအုပ်အကြောင်းကိုသမိုင်းပညာရှင် ကိုက်ထ်မယ်လ်တန်(Keith Melton)နဲ့အရင်က CIAရဲ့ ဒါရိုက်တာအဟောင်းဖြစ်ခဲ့တဲ့ ဘော့ဘ်ဝေါလေစ့်(Bob Wallace)တို့ ဖော်ထုတ်ခဲ့ပြီး နောက်ဆုံးမှာ တစ်ကမ္ဘာလုံးအတွက်ထုတ်ဝေခွင့်ပြုလိုက်ပါသတဲ့။

ဒါကြောင့်မို့ပရိတ်သတ်ကြီးရေ… ကျွန်မတို့ဟာစစ်အေးတိုက်ပွဲမှာသုံးခဲ့တဲ့ ဖိနပ်ကြိုးသင်္ကေတ တချို့ကို သိနေကြတယ်ဆိုတာဟာမမှားပါဖူး။ပရိတ်သတ်ကြီးတွေကိုပြန်အမှတ်ရစေတဲ့အကောင်းဆုံးပြောင်းလဲနိုင်တဲ့ဆက်သွယ်ရေးနည်းလမ်းကိုမျက်လှည့်ဆရာကဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။မြူဟိုလန်(Mulholland)ရဲ့စာအုပ်နဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့အကြောင်းအရာတွေအရဖိနပ်ကြိုးကိုဖိနပ်တွေထဲ ထည့်ချည်တဲ့နည်းသုံးနည်းရှိပြီးတော့ တချို့သောအရာတွေက အချက်ပြတဲ့နေရာမှာအသုံးဝင်တဲ့နည်းတွေဖြစ်ပါတယ်။

ခုလိုနည်းလမ်းပေါင်းစုံသုံးတာဟာလည်း လူတွေကိုစိတ်ဝင်စားမှုအပြည့်အဝတော့မပေးနိုင်ခဲ့ပါဖူး။
အခုအချိန်ထိတော့ အဲ့လိုအချက်ပြမှုနည်းတွေရှာဖွေနေကြဆဲဆိုတာတော့ ထင်ရှားနေဆဲပါဘဲ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext