■Monich မြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ပြီးနောက် ပေါ်ပေါက်လာခဲ့သော GSG9

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■Monich မြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ပြီးနောက် ပေါ်ပေါက်လာခဲ့သော GSG9

GSG9 အဖွဲ့ကတော့ ၁၉၇၂ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ Monich မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပြီး မကြာခင်ပဲ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့တစ်ခုပါ။ပါလက်စတိုင်း လူမျိုးတွေနဲ့ဖွဲ့စည်းထား တဲ့ Black September ဆိုတဲ့ အကြမ်းဖက်အဖွဲ့ဟာ အစ္စရေးနိုင်ငံသား အားကစားသမား ၁၁ ယောက်ကို ပြန်ပေးဆွဲမယ့်အစီအစဉ်ဆွဲထားခဲ့တာပါ။
နောက်တော့ အခြေနေတွေပို ပြင်းထန်လာခဲ့ပြီး စိတ်မကောင်းစရာအဖြစ်နဲ့ပဲ ဇာတ်သိမ်းသွားခဲ့ရပါတယ်။

အကြမ်းဖက်သမားတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ လေ့ကျင့်ပြင်ဆင်မှုတွေမရှိခဲ့တဲ့ အပြင် အကြမ်းဖက်သမားအရေအတွက်ကို လျော့တွက်ခဲ့တဲ့ ဂျာမနီ ရဲတပ်ဖွဲ့ဟာ ဓားစားခံတွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အဲ့အချိန်က ရဲတပ်ဖွဲ့မှာ အထူးစနိုက်ပါ ပစ်ခတ်ရေး အဖွဲ့လည်းမရှိဘူးလေ။

ဂျာမန်စစ်တပ်မှာတော့ စနိုက်ပါတွေရှိပေမယ့်လည်း ငြိမ်းချမ်းရေးရရှိနေတဲ့အချိန် ဂျာမန်မြေပေါ်မှာ ဂျာမန်စစ်တပ်ကိုသုံးလို့မရကြောင်း ထုတ်ပြန်ထားတဲ့ အခြေခံ ဥပဒေကြောင့် ရဲတွေရဲ့ ကယ်ဆယ်ရေးဟာ မအောင်မြင်ခဲ့ပါဘူး။

ဒီဖြစ်စဉ်ကြောင့် ရဲတစ်ယောက်၊ အကြမ်းဖက်သမား ၈ယောက်တည်းက ၅ယောက်၊ကျန်တဲ့ဓားစာခံတွေ အားလုံး တို့ သေဆုံးခဲ့ရတာပေါ့။ ဒီလိုနဲ့ပဲ GSG9 အဖွဲ့ စတင်ပေါ်ပေါက်လာခဲ့တာပါ။
Ref:youtube
Trans:thegeektext

zawgyi






Ref:youtube
Trans:thegeektext