■MK17 ကတော့ အမေရိကန်က တီထွင်တဲ့ ပထမဆုံး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သုံး သာမိုနျူကလီယားဗုံးတစ်လုံး

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■MK17 ကတော့ အမေရိကန်က တီထွင်တဲ့ ပထမဆုံး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သုံး သာမိုနျူကလီယားဗုံးတစ်လုံး

MK17 ကတော့ အမေရိကန်က တီထွင်တဲ့ ပထမဆုံး ဟိုက်ဒရ်ုဂျင်ဓာတ်ငွေ့သုံး သာမိုနျူကလီယားဗုံးတစ်လုံးပဲဖြစ်ပီ ယမ်း ၂၅ မပ်ဂါတန်ရဲ့ပြင်းအားရှိပါတယ်။ Mk 17 ကို အလုံး ၂၀၀ ခန့်ပြုလုပ်ခဲ့ပြီး Mk 24 ကိုအလုံး ၁၀၅ ခုခန့်ပြုလုပ်ခဲ့ပါတယ်။၎င်းတို့အားလုံးကို ၁၉၅၄ ခုနှစ် အောက်တိုဘာလမှ စ၍ ၁၉၅၅ ခုနှစ်နိုဝင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့တာပါ။

လော့စ်အယ်လမို့စ် ဓာတ်ခွဲခန်းကနေ ဗုံးတွေကို လီသီယမ် အများကြီးမပါတဲ့ လစ်သီယမ် ဒူထရိုက်နှင့်ထုတ်လုပ်သင့်တယ်လို့ပြောကြားခဲ့တုန်းကစပြီး ဒီဇိုင်းဆွဲခဲ့တာပါ။ MK 17 ရဲ့ စတီးလ် ဘူးဟာ ၃.၅ လက်မခန့်ထူပြီး ၂၄ ပေ ၈ လက်မအရှည်ရှိခဲ့ပါတယ်။ အချင်း ၆၁.၄ လက်မရှိခဲ့ပြီး အလေးချိန် ၄၁,၄၀၀ ကနေ ၄၂၀၀၀ ပေါင်အထိ လေးပါတယ်။ ဒါတွေအားလုံးဟာ ဘူးခွံရဲ့အလေးချိန်ဖြစ်ပြီး Mk 17 ဟာ Polaris A-1 SLBM ဗုံးထက် ၄ ပေပိုတိုပြီးသူ့ရဲ့တစ်ဝက်လောက်ပဲလေးတာပါ။

အရွယ်အစားအားဖြင့်ဆိုရင်တော့ Mk 17 ဟာ အမေရိကန်နိုင်ငံက ထုတ်လုပ်ခဲ့တဲ့ အကြီးဆုံး နျူကလီးယားလက်နက်တစ်ခုဖြစ်ပါတယ်။ ၆၄ ပေအချင်းရှိတဲ့ လေထီးဟာ ဗုံးအကြီးကြီးကိုဖြည်းဖြည်းကျစေတဲ့နေရာမှာ ကူညီပေးပြီးတော့ လာပို့တဲ့ ယာဥ်ကို သေစေနိုင်တဲ့နျူကလီးယားပေါက်ကွဲမှု မဖြစ်ခင်လွတ်မြောက်ဖို့ လုံလောက်တဲ့ အချိန်ကို ဖြစ်စေပါတယ်။ 1957 ခုနှစ် မေလ ၂၇ ရက်နေ့မှာတော့ Mk 17 ဟာ B-36 ယာဥ်ကနေမတော်တဆ ပြုတ်ကျသွားပြီး နယူးမက္ကဆီကိုရဲ့တောင်ပိုင်း အာဘူကာကီမှာ ပေါက်ကွဲခဲ့တာပါ။

ဒီဟာကပိတ်ထားတဲ့ ဗုံးကျရမယ့်တံခါးကနေ ပြုတ်ကျခဲ့ပြီး ကာ့တ်လန်လေကြောင်းစခန်းကို ပေ၁၇၀၀ အမြင့်ကနေ ဦးတည်နေခဲ့တာပါ။ ဒီ မတော်တဆဖြစ်တဲ့ပေါက်ကွဲမှုဟာ မြေပြင်ပေါ်မှာ အချင်း ၂၅ ပေ နှင့် ၁၂ ပေနက်တဲ့ချိုင်ဝှမ်းဖြစ်ပေါ်စေပါတယ်။ ဆက်စပ်ပေါက်ကွဲမှာတွေတော့ မဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ လေယာဥ်ပေါ်မှာပလူတိုနီယမ်တွေကို သက်သက်ဆီခွဲသိမ်းထားခဲ့လို့ပါ။

ဒီမတော်တဆမှုဟာ ၁ မိုင်ပတ်ပတ်လည်ကို ရေဒီယိုသတ္တိကြွပစ္စည်းတွေ ပြန့်စေခဲ့ပါတယ်။ စစ်တပ်ကတော့ လျှို့ဝှက်စွာလိုက်လံရှင်းလင်းပေးမယ့်လည်း ဗုံးရဲ့အပိုင်းအစတွေ ရှိတဲ့နေရာမှာ ရေဒီယိုသတ္တိကြွပစ္စည်းတွေကတွေ့နေရတုန်းပါပဲ။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■MK17 ကေတာ့ အေမရိကန္က တီထြင္တဲ့ ပထမဆုံး ဟိုက္ဒရိုဂ်င္ဓာတ္ေငြ႕သုံး သာမိုန်ဴကလီယားဗုံးတစ္လုံး

MK17 ကေတာ့ အေမရိကန္က တီထြင္တဲ့ ပထမဆုံး ဟိုက္ဒရ္ုဂ်င္ဓာတ္ေငြ႕သုံး သာမိုန်ဴကလီယားဗုံးတစ္လုံးပဲျဖစ္ပီ ယမ္း ၂၅ မပ္ဂါတန္ရဲ့ျပင္းအားရွိပါတယ္။ Mk 17 ကို အလုံး ၂၀၀ ခန႔္ျပဳလုပ္ခဲ့ၿပီး Mk 24 ကိုအလုံး ၁၀၅ ခုခန႔္ျပဳလုပ္ခဲ့ပါတယ္။၎တို႔အားလုံးကို ၁၉၅၄ ခုႏွစ္ ေအာက္တိုဘာလမွ စ၍ ၁၉၅၅ ခုႏွစ္နိုဝင္ဘာလအတြင္းမွာ ျပဳလုပ္ခဲ့တာပါ။

ေလာ့စ္အယ္လမို႔စ္ ဓာတ္ခြဲခန္းကေန ဗုံးေတြကို လီသီယမ္ အမ်ားႀကီးမပါတဲ့ လစ္သီယမ္ ဒူထရိုက္ႏွင့္ထုတ္လုပ္သင့္တယ္လို႔ေျပာၾကားခဲ့တုန္းကစၿပီး ဒီဇိုင္းဆြဲခဲ့တာပါ။ MK 17 ရဲ့ စတီးလ္ ဘူးဟာ ၃.၅ လက္မခန႔္ထူၿပီး ၂၄ ေပ ၈ လက္မအရွည္ရွိခဲ့ပါတယ္။ အခ်င္း ၆၁.၄ လက္မရွိခဲ့ၿပီး အေလးခ်ိန္ ၄၁,၄၀၀ ကေန ၄၂၀၀၀ ေပါင္အထိ ေလးပါတယ္။ ဒါေတြအားလုံးဟာ ဘူးခြံရဲ့အေလးခ်ိန္ျဖစ္ၿပီး Mk 17 ဟာ Polaris A-1 SLBM ဗုံးထက္ ၄ ေပပိုတိုၿပီးသူ႔ရဲ့တစ္ဝက္ေလာက္ပဲေလးတာပါ။

အရြယ္အစားအားျဖင့္ဆိုရင္ေတာ့ Mk 17 ဟာ အေမရိကန္နိုင္ငံက ထုတ္လုပ္ခဲ့တဲ့ အႀကီးဆုံး န်ဴကလီးယားလက္နက္တစ္ခုျဖစ္ပါတယ္။ ၆၄ ေပအခ်င္းရွိတဲ့ ေလထီးဟာ ဗုံးအႀကီးႀကီးကိုျဖည္းျဖည္းက်ေစတဲ့ေနရာမွာ ကူညီေပးၿပီးေတာ့ လာပို႔တဲ့ ယာဥ္ကို ေသေစနိုင္တဲ့န်ဴကလီးယားေပါက္ကြဲမႈ မျဖစ္ခင္လြတ္ေျမာက္ဖို႔ လုံေလာက္တဲ့ အခ်ိန္ကို ျဖစ္ေစပါတယ္။ 1957 ခုႏွစ္ ေမလ ၂၇ ရက္ေန႔မွာေတာ့ Mk 17 ဟာ B-36 ယာဥ္ကေနမေတာ္တဆ ျပဳတ္က်သြားၿပီး နယူးမကၠဆီကိုရဲ့ေတာင္ပိုင္း အာဘူကာကီမွာ ေပါက္ကြဲခဲ့တာပါ။

ဒီဟာကပိတ္ထားတဲ့ ဗုံးက်ရမယ့္တံခါးကေန ျပဳတ္က်ခဲ့ၿပီး ကာ့တ္လန္ေလေၾကာင္းစခန္းကို ေပ၁၇၀၀ အျမင့္ကေန ဦးတည္ေနခဲ့တာပါ။ ဒီ မေတာ္တဆျဖစ္တဲ့ေပါက္ကြဲမႈဟာ ေျမျပင္ေပၚမွာ အခ်င္း ၂၅ ေပ ႏွင့္ ၁၂ ေပနက္တဲ့ခ်ိဳင္ဝွမ္းျဖစ္ေပၚေစပါတယ္။ ဆက္စပ္ေပါက္ကြဲမွာေတြေတာ့ မျဖစ္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ေလယာဥ္ေပၚမွာပလူတိုနီယမ္ေတြကို သက္သက္ဆီခြဲသိမ္းထားခဲ့လို႔ပါ။

ဒီမေတာ္တဆမႈဟာ ၁ မိုင္ပတ္ပတ္လည္ကို ေရဒီယိုသတၱိႂကြပစၥည္းေတြ ျပန႔္ေစခဲ့ပါတယ္။ စစ္တပ္ကေတာ့ လၽွို႔ဝွက္စြာလိုက္လံရွင္းလင္းေပးမယ့္လည္း ဗုံးရဲ့အပိုင္းအစေတြ ရွိတဲ့ေနရာမွာ ေရဒီယိုသတၱိႂကြပစၥည္းေတြကေတြ႕ေနရတုန္းပါပဲ။
ref:youtube
trans:thegeektext