Marvel ရုပ်ရှင်ရိုက်ကူးရန်အတွက် တောင်ကိုရီးယားက ထွက်ခွာခဲ့သည့် Park Seo-joon

News

Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါခင်ဗျာ။

Marvel ရုပ်ရှင်ရိုက်ကူးရန်အတွက် တောင်ကိုရီးယားက ထွက်ခွာခဲ့သည့် Park Seo-joon

ကောလဟာလတွေဟာ နောက်ဆုံးတော့ တဂယ်ဖြစ်လာပြီထင်ပါတယ်၊ K Drama လောကရဲ့ အချစ်တော်လေးကတော့ Marvel Cinematic Universe (MCU) မှာ ပါဝင်လာပါတော့မယ်၊

ဇွန်လတုန်းက Park Seo-joon ( Itaewon Classရဲ့ ကြယ်ပွင့်)ဟာ Marvel မှာ ပါဝင်သရုပ်ဆောင်မည်လို့ဖော်ပြကြပါတယ်၊သို့သော် Marvel စတူဒီယို ကလည်း အသံတိတ်နေခဲ့သလို Park Seo-joon ရဲ့ အေဂျင်စီက လည်း သတင်းကို ပြန်လည်ဖြေရှင်းတာမျိုးလည်းမလုပ်ခဲ့ပါဘူး။

အခုတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Awesome ENT က Marvel ရုပ်ရှင်‌တွင် ပါဝင်သရုပ်ဆောင်မည်ဆိုတဲ့ လျှို့ဝှက်ချက်ကို အတည်ပြုခဲ့ပါတယ်၊

အသက် ၃၂ နှစ်အရွယ် တောင်ကိုရီးယား အမျိုးသားသရုပ်ဆောင်ဟာ စက်တင်ဘာလ ၃ရက်နေ့တွင် Incheon အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဓာတ်ပုံရိုက်ခဲ့ပြီး Marvel ရုပ်ရှင်ရိုက်ကူးရန် ထွက်ခွာကြောင်း အေဂျင်စီကအတည်ပြုခဲ့ပါတယ်၊

သို့သော် အသေးစိတ် အကြောင်းအရာတွေကို ပြောပြဖို့အတွက် ငြင်းဆိုခဲ့ပြီး နောက်ရက် တွေမှာ ထုတ်ပြန်မည်လို့ ဆိုခဲ့ပါတယ်၊

အေဂျင်စီ က “ အခုလို Park ကို စိတ်ဝင်စားပေးပြီး သူ့ရဲ့ စိန်ခေါ်မှုအသစ်ကို အားပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ဆိုပါတယ်၊

“ လူတော်တော်များများကသူသရုပ်ဆောင်မယ့်ရုပ်ရှင်နာမည်၊ဇာတ်‌ ကောင်၊ရိုက်ကွင်းနေရာ အချိန်ဇယားတွေနဲ့ပတ်သက်ပြီးသိချင်ကြတာကို ကျွန်တော်တို့ သတိထားမိပါတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာရုပ်ရှင်အသေးစိတ်ကိုထုတ်ပြဖို့ကို ကျွန်တော်တို့စီစဉ်ထားပါတယ် “

သူဟာ Marvels ရုပ်ရှင် မှာ ပါဝင်တာကိုတရားဝင်အတည်မပြုရသေးပေမဲ့ အားလုံးကရိပ်မိနေကြပါပြီ။ အမှန်တော့ IMDB က မကြာသေးမီနောက်ဆုံးသတင်းတစ်ခုတွင် သူ့ရဲ့အမည်ကိုသရုပ်ဆောင်စာရင်းထဲသို့ထည့်ခဲ့ပါတယ်၊

သူဟာ ကိုရီးယား-အမေရိကန် ဟီးရိုး Amadeus Cho အဖြစ် သရုပ်ဆောင်မယ်လို့ လည်း ခန့်မှန်းထားကြပါတယ်၊

Comics ထဲတွင် Amadeus ဟာ Avengers: Age of Ultron ဇာတ်လမ်းတွင် တောင်ကိုရီးယားမင်းသမီးClaudia Kim သရုပ်ဆောင်ထားတဲ့Helen Cho ရဲ့ သားဖြစ်ပါတယ်၊

The Marvels ဟာ 2019 Captain Marvelရဲ့ အတွဲဆက်ဖြစ်ပြီး နောက်ထွက်မည့် Disney+ series Ms Marvel ရဲ့ ရှေ့ဆက်လုပ်ဆောင်ချက်တခုလည်းဖြစ်ပါတယ်၊

အကယ်ဒမီဆုရှင် Brie Larson နှင့် Teyonah Paris တို့ဟာ Captain Marvel နှင့် Monica Rambeau ဇာတ်ကောင်အဖြစ် ပြန်လည်ပြင်ဆင်ကြပါလိမ့်မယ်၊ တစ်ချိန်တည်းမှာပင် အသစ်ရောက်လာသော Iman Vellani သည် Kamala Khan/Ms Marvel အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်၊

Marvels ကို ၂၀၂၂ ခုနှစ်နိုဝင်ဘာလ ၁၁ ရက်နေ့တွင်ဖြန့်ချိရန်စီစဉ်ထားပါတယ်၊

Ref : Asiaone
Trans : Evelyn

zawgyi

Marvel ႐ုပ္ရွင္ရိုက္ကူးရန္အတြက္ ေတာင္ကိုရီးယားက ထြက္ခြာခဲ့သည့္ Park Seo-joon

ေကာလဟာလေတြဟာ ေနာက္ဆုံးေတာ့ တဂယ္ျဖစ္လာၿပီထင္ပါတယ္၊ K Drama ေလာကရဲ့ အခ်စ္ေတာ္ေလးကေတာ့ Marvel Cinematic Universe (MCU) မွာ ပါဝင္လာပါေတာ့မယ္၊
ဇြန္လတုန္းက Park Seo-joon ( Itaewon Classရဲ့ ၾကယ္ပြင့္)ဟာ Marvel မွာ ပါဝင္သ႐ုပ္ေဆာင္မည္လို႔ေဖာ္ျပၾကပါတယ္၊သို႔ေသာ္ Marvel စတူဒီယို ကလည္း အသံတိတ္ေနခဲ့သလို Park Seo-joon ရဲ့ ေအဂ်င္စီက လည္း သတင္းကို ျပန္လည္ေျဖရွင္းတာမ်ိဳးလည္းမလုပ္ခဲ့ပါဘူး။

အခုေတာ့ သူ႔ရဲ့ေအဂ်င္စီျဖစ္တဲ့ Awesome ENT က Marvel ႐ုပ္ရွင္‌တြင္ ပါဝင္သ႐ုပ္ေဆာင္မည္ဆိုတဲ့ လၽွို႔ဝွက္ခ်က္ကို အတည္ျပဳခဲ့ပါတယ္၊

အသက္ ၃၂ ႏွစ္အရြယ္ ေတာင္ကိုရီးယား အမ်ိဳးသားသ႐ုပ္ေဆာင္ဟာ စက္တင္ဘာလ ၃ရက္ေန႔တြင္ Incheon အျပည္ျပည္ဆိုင္ရာ ေလဆိပ္တြင္ ဓာတ္ပုံရိုက္ခဲ့ၿပီး Marvel ႐ုပ္ရွင္ရိုက္ကူးရန္ ထြက္ခြာေၾကာင္း ေအဂ်င္စီကအတည္ျပဳခဲ့ပါတယ္၊

သို႔ေသာ္ အေသးစိတ္ အေၾကာင္းအရာေတြကို ေျပာျပဖို႔အတြက္ ျငင္းဆိုခဲ့ၿပီး ေနာက္ရက္ ေတြမွာ ထုတ္ျပန္မည္လို႔ ဆိုခဲ့ပါတယ္၊

ေအဂ်င္စီ က “ အခုလို Park ကို စိတ္ဝင္စားေပးၿပီး သူ႔ရဲ့ စိန္ေခၚမႈအသစ္ကို အားေပးၾကတဲ့ သူအားလုံးကို ေက်းဇူးတင္ပါတယ္”လို႔ဆိုပါတယ္၊

“ လူေတာ္ေတာ္မ်ားမ်ားကသူသ႐ုပ္ေဆာင္မယ့္႐ုပ္ရွင္နာမည္၊ဇာတ္‌ ေကာင္၊ရိုက္ကြင္းေနရာ အခ်ိန္ဇယားေတြနဲ႔ပတ္သက္ၿပီးသိခ်င္ၾကတာကို ကၽြန္ေတာ္တို႔ သတိထားမိပါတယ္၊ ဒါေပမယ့္ ေနာက္ပိုင္းမွာ႐ုပ္ရွင္အေသးစိတ္ကိုထုတ္ျပဖို႔ကို ကၽြန္ေတာ္တို႔စီစဥ္ထားပါတယ္ “

သူဟာ Marvels ႐ုပ္ရွင္ မွာ ပါဝင္တာကိုတရားဝင္အတည္မျပဳရေသးေပမဲ့ အားလုံးကရိပ္မိေနၾကပါၿပီ။ အမွန္ေတာ့ IMDB က မၾကာေသးမီေနာက္ဆုံးသတင္းတစ္ခုတြင္ သူ႔ရဲ့အမည္ကိုသ႐ုပ္ေဆာင္စာရင္းထဲသို႔ထည့္ခဲ့ပါတယ္၊

သူဟာ ကိုရီးယား-အေမရိကန္ ဟီးရိုး Amadeus Cho အျဖစ္ သ႐ုပ္ေဆာင္မယ္လို႔ လည္း ခန႔္မွန္းထားၾကပါတယ္၊

Comics ထဲတြင္ Amadeus ဟာ Avengers: Age of Ultron ဇာတ္လမ္းတြင္ ေတာင္ကိုရီးယားမင္းသမီးClaudia Kim သ႐ုပ္ေဆာင္ထားတဲ့Helen Cho ရဲ့ သားျဖစ္ပါတယ္၊

The Marvels ဟာ 2019 Captain Marvelရဲ့ အတြဲဆက္ျဖစ္ၿပီး ေနာက္ထြက္မည့္ Disney+ series Ms Marvel ရဲ့ ေရွ႕ဆက္လုပ္ေဆာင္ခ်က္တခုလည္းျဖစ္ပါတယ္၊

အကယ္ဒမီဆုရွင္ Brie Larson ႏွင့္ Teyonah Paris တို႔ဟာ Captain Marvel ႏွင့္ Monica Rambeau ဇာတ္ေကာင္အျဖစ္ ျပန္လည္ျပင္ဆင္ၾကပါလိမ့္မယ္၊ တစ္ခ်ိန္တည္းမွာပင္ အသစ္ေရာက္လာေသာ Iman Vellani သည္ Kamala Khan/Ms Marvel အျဖစ္သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္၊

Marvels ကို ၂၀၂၂ ခုႏွစ္နိုဝင္ဘာလ ၁၁ ရက္ေန႔တြင္ျဖန႔္ခ်ိရန္စီစဥ္ထားပါတယ္၊

Ref : Asiaone
Trans : Evelyn

celecloud.com Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါခင်ဗျာ။