KBZ ဘဏ်မှ ပြည်ပရောက် မြန်မာများ၏ လစာလွှဲငွေကို တစ်ဒေါ်လာ (၃၀၀၀) ကျပ် ပေးမည်

News Social News

KBZ ဘဏ်မှ ပြည်ပရောက် မြန်မာများ၏ လစာလွှဲငွေကို တစ်ဒေါ်လာ (၃၀၀၀) ကျပ် ပေးမည်..

ကမ္ဘောဇဘဏ် (KBZ) က နိုင်ငံခြားရောက် မြန်မာများ၏ လုပ်အားခ လစာငွေလွှဲတွေကို အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၀၀၀ နှုန်းနဲ့ လက်ခံထည့်ပေးမှာ ဖြစ်ကြောင်း အတည်ပြုပြီးဖြစ်တယ်လို့ Hana Bank Myanmar ပေ့ချ်က ကြေညာထားပါတယ်။

“ထပ်မံ အတည်ပြုပြီးဖြစ်ပါတယ်။ လွှဲထားသူများလည်း အတည်ပြုပြီးဖြစ်ပါတယ်” လို့ ပေ့ချ်စာမျက်နှာမှာ ရေးသားထားပါတယ်။ စာရွက်စာတမ်း ထပ်တောင်းတာမျိုးမရှိ၊ တုံကင်ယူစရာမလို၊ ငွေပမာဏ ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပြီး အဆင်မပြေတာရှိရင် KBZ နဲ့ တိုက်ရိုက်ချိတ်ဆက် ဆက်သွယ်ပေးတာမို့ တာဝန်ခံကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ဖော်ပြရေးသားထားပါတယ်။

“ငွေလွှဲရည်ရွယ်ချက်မှာ တခြား အသုံးစရိတ်နဲ့ စာရင်းသွင်းထားတာမျိုးဆိုရင် ကြေငြာပေးထားတဲ့ နှုန်းထားနဲ့ မရနိုင်တာမျိုး ရှိနိုင်တဲ့အတွက် ပြန်လည် စစ်ဆေးပေးပါ။ အကယ်၍ ရည်ရွယ်ချက် မှားထည့်ထားရင် မိမိစာရင်းသွင်းထားတာကို ဖျက်ပြီး အသစ် ပြန်လည် စာရင်းသွင်းပြီးမှ ငွေလွှဲပြုလုပ်ပေးပါက အထက်ပါ နှုန်းထားနဲ့ ကျိန်းသေ ရရှိနိုင်မှာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။” လို့ ‌ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း နိုင်ငံခြားငွေနဲ့ရရှိတဲ့ မြန်မာသင်္ဘောသား လစာငွေတွေကို တက်နိုင်သမျှ အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ယူပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း AYA ဘဏ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ထုတ်ပြန်ခဲ့ပါတယ်။

(MSF) ရဲ့ ကြေညာချက်အတွင်း ဒေသခံကိုယ်စားလှယ်မှ မြန်မာကျပ်ငွေ ထုတ်ပေးခြင်းကို လက်ခံခြင်းက မိမိရဲ့ သဘောဆန္ဒသာဖြစ်ပြီး ငွေလဲနှုန်းကို ဘဏ်မှ လဲလှယ်ပေးမယ့်နှုန်းထားအရ ရနိုင်မည်၊ မရနိုင်မည်ကို ခန့်မှန်းရခက်မယ်လို့ အသိပေးခဲ့ပါတယ်။

ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ လုပ်အားခ လစာငွေလွှဲပေးပို့မှုက ၈ နှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၆၁၅၂.၀၄၄ သန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှ စတင်ပြီး မလေးရှား၊ ထိုင်း၊ စင်ကာပူနဲ့ အခြားနိုင်ငံဆိုပြီး ဗဟိုဘဏ်ရဲ့ ခွဲခြားပေးပို့ခဲ့တဲ့ စာရင်းတွေအရ သိရှိရပါတယ်။

Crd