i phoneလိုချင်၍ ဖခင်ဖြစ်သူ အလုပ်လုပ်သော ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လိုက်လုပ်ခဲ့စဥ် ပင်ပန်းလွန်းပြီး ဝမ်းနည်းမျက်ရည်ကျသွားသည့် မိန်းကလေး

News







Rain (For Ialinks)

Zawgyi

i phoneလိုချင်၍ ဖခင်ဖြစ်သူ အလုပ်လုပ်သော ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လိုက်လုပ်ခဲ့စဉ် ပင်ပန်းလွန်းပြီး ဝမ်းနည်းမျက်ရည်ကျသွားသည့် မိန်းကလေး

i phoneဆိုတာနဲ့ လူတိုင်းက ကိုင်လိုကြပြီး အချို့သော လူငယ်များသည် သူငယ်ချင်း အပေါင်းအသင်းတွေကြား မျက်နှာပွင့်စေရန် i phoneကို ကိုင်ချင်သော်လည်း ကိုယ်ပိုင်အရည်အချင်းနဲ့ မကြိုးစားချင်ကြပဲ မိဘတွေဆီမှာပဲ ပူဆာတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် တက္ကသိုလ်တက်နေရင်း အပေါင်းအသင်းများက မိသားစုအသိုင်းအဝိုင်း အဆင်ပြေကြ၍ သူတို့လိုချင်သော i phoneကို ချက်ချင်းဝယ်ပေးနိုင်ကြသည့်အခါ မိန်းကလေးလည်း လိုက်လိုချင် ကိုင်ဖူးချင်နေခဲ့မိသည်။

မိန်းကလေးသည် ကိုယ်တိုင်ကျ အလုပ်အကိုင်အတည်တကျမရှိသေးပဲ ကျောင်းတက်ရင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး ရှာကျွေးနေသော ဖခင်ဖြစ်သူကို i phoneဝယ်ပေးရန် ပူဆာခဲ့သည်။

ဖခင်ဖြစ်သူသည် သမီးလေးအား မျက်နှာမငယ်ရလေအောင် သူမပူဆာနေသောဖုန်းလေးအား ဝယ်ပေးဖို့ရာ ပိုက်ဆံမရှိ၍ အလုပ်ရှင်ဆီမှာ အကျိုးအကြောင်းပြောပြပြီး လုပ်အားခကို ကြိုပြီးထုတ်ပေးရန်တောင်းဆိုခဲ့သည်။

ထိုအခါ အလုပ်ရှင်သည် ဖခင်ဖြစ်သူရဲ့ ပင်ပန်းမှုတွေကို နားမလည်သေးပဲ လိုချင်တာကို ပူဆာနေသော မိန်းကလေးအား ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ သုံးရက်တိတိအလုပ်လိုက်ဆင်းဖို့ ပြောခဲ့ပြီး ခံနိုင်ရည်ရှိပါက i phoneအသစ်တစ်လုံးဝယ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

မိန်းကလေးလည်း i phoneရချင်သည့်စိတ်အားထက်သန်နေရာ ဖခင်ဖြစ်သူနောက် အလုပ်ဆင်းရန် သဘောတူခဲ့ပြီး တကယ်တမ်းအလုပ်လုပ်ရသည့်အခါ သုံးနာရီပင်ပြည့်အောင် မလုပ်နိုင်ပဲ ပင်ပန်းနွမ်းနှယ်လာတာကြောင့် မိသားစုစားဝတ်နေရေးအတွက် အလုပ်တစ်ရက်ကလေးမှ မနားခဲ့ရသော ဖခင်ဖြစ်သူကို စာနာမိသွားပြီး i phoneကို မလိုချင်တော့ကြောင်း ဝမ်းနည်းမျက်ရည်ကျရင်း ဆိုခဲ့သည်။

Rain (For Ialinks)

Crd