■Gladiator လိုမျိုး ရုပ်ရှင်ထဲမှ အားကစားပွဲယောင်ဆောင်ထားသော အတုအယောင်ကစားပွဲ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■Gladiator လိုမျိုး ရုပ်ရှင်ထဲမှ အားကစားပွဲယောင်ဆောင်ထားသော အတုအယောင်ကစားပွဲ

Gladiator လိုမျိုး ရုပ်ရှင်က သတ်ဖြတ်ပွဲတွေကို ကြည့်ရတာ အဆင်ပြေအောင် ကြည့်လို့ရအောင် လုပ်ပေးနေသလိုပါပဲ။ တကယ်တမ်းတော့ ဒါဟာ ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ ပွဲဟာ အားကစားပွဲယောင်ဆောင်ထားတဲ့ လူသတ်ပွဲကြီးတစ်ခုဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ ရိုမန်အင်ပါယာရဲ့ လူသတ်ပွဲက ကစားသမားတစ်ဦးဖြစ်မယ်ဆိုရင်တော့ ဘယ်လောက်ပဲတော်နေပါစေ အသက်ရှင်ရမယ့် ရက်တွေက ရေတွက်လို့ရပါတယ်။ သင်ဟာ လူ ထောင်ပေါင်းများစွာ အားပေးနေတဲ့ အားကစားရုံထဲကို ဝင်သွားပြီး သင့်ရဲ့ ပြိုင်ဘက်ကို ကြမ်းတမ်းစွာ သတ်ဖြတ်ရမယ့် အလုပ်ကို လုပ်ရမှာပါ။

သင့်ရဲ့ ပြိုင်ဘက် ဟာ အခြားသော လူသတ်ကစားသမား ဖြစ်နိုင်သလို များသောအားဖြင့် ၄င်းဟာ အလွန် သွေးဆာနေတဲ့ တိရစ္ဆာန်တွေပဲဖြစ်ပါတယ်။ ဥပမာ ခြင်္သေ့လို အကောင်မျိုးပါ။ လူသတ်ကစားသမားတွေဟာ သူရဲကောင်းလို ဆက်ဆံခံရပြီး သေဆုံးမှုမှာ အောင်ပွဲခံကြပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အလုပ်လုပ်နေရင်းအချိန်မှာ ခြင်္သေ့ အစားခံရနိုင်ပါသေးတယ်။

ပိုဆိုးတာက သူတို့ဟာ အထက်တန်းလွှာက လူတွေမဟုတ်ပါဘူး။ ကစားသမားတွေဟာ ကျေးကျွန်တွေနှင့် အပြစ်သားတွေသာဖြစ်ပါတယ်။ သူတို့ဟာ ရုံထဲမှာရှိတဲ့ ဒေါသပုန်ထနေတဲ့ တိုက်ခိုက်ရေးသမား သို့မဟုတ် သားရဲတစ်ကောင်နှင့်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ သူတို့နှင့် ထိုက်တန်တယ်လို့ လူအများစုက ခံယူထားတာပါ။

သူတို့ သေ*ဆုံးသွားရင်တော့ သူတို့ဟာ ဆွဲထုတ်ခံရပြီး မြှုပ်နှံခံရပါတယ်။ သူတို့လိုလူတွေအတွက်ကတော့ ဒီလို ကစားသမား ဖြစ်ရတာဟာ စိတ်ရော ကိုယ်ပါ တကယ်ရက်စက်ကြမ်းကြုတ်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext