F-35B တိုက္ေလယာဥ္မ်ားတြင္ အသုံးျပဳရန္ SPEAR-3 မစ္ဇိုင္းဒုံးလက္နက္မ်ားကို ဝယ္ယူသြားမည့္ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာန…..

News Social News

ၿဗိတိသွ်ေတာ္ဝင္ေရတပ္ဟာ သူတို႔ရဲ႕ ေလယာဥ္တင္သေဘၤာႀကီး Queen Elizabethအေပၚမွာ တင္ေဆာင္မယ့္ F-35Bတိုက္ေလယာဥ္ေတြမွာ တပ္ဆင္မယ့္ Missile အသစ္ေတြအတြက္ ေပါင္သန္း ၅၀၀ခန႔္ကို အသုံးျပဳသြားမယ္လို႔ Bulgarian Military.Comသတင္းဌာနက ဒီကေနန႔စြဲနဲ႔ သတင္းေရးသားလိုက္ပါတယ္။

ၿဗိတိသွ်စစ္ေရးကြၽမ္းက်င္သူေတြရဲ႕ အဆိုအရ SPEAR-3ဒုံးက်ည္ေတံဟာဆိုရင္ ၿဗိတိန္က အသုံးျပဳမယ့္ ပၪၥမမ်ိဳးဆက္တိုက္ေလယာဥ္ေတြရဲ႕ အဓိကMissileလက္နက္ေတြျဖစ္လာလိမ့္မယ္လို႔ဆိုပါတယ္။ ၿဗိတိသွ်ေတာ္ဝင္ေလတပ္ဟာ SPEAR-3မစ္ဇိုင္းဒုံးက်ည္ေတြကို လြန္ခဲ့တဲ့၄ႏွစ္က ေဝးျပည္နယ္ Typhoonတိုက္ေလယာဥ္ေတြမွာ စမ္းသပ္ခဲ့တာျဖစ္ပါတယ္။

Polish Media Defense24သတင္းဌာနရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ ကီလိုမီတာ၁၃၀အကြာအေဝးေရာက္ေအာင္ ပစ္ခတ္ႏိုင္တဲ့ SPEAR-3ေတြဟာ အီလက္ထေရာနစ္စစ္ဆင္ေရးအတြက္ အထူးဒီဇိုင္းျပဳလုပ္ထားၿပီး ပစ္မွန္ေတြကို တိက်စြာထိမွန္ႏိုင္မွာျဖစ္ပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ MBDAအၾကား ခ်ဳပ္ဆိုခဲ့တဲ့ အခုလက္နက္ဝယ္ယူေရးစာခ်ဳပ္က အလုပ္အကိုင္သစ္၁၅၀၀ခန႔္ကိုလည္း ဖန္တီးေပးႏိုင္မွာျဖစ္ပါတယ္။ ဂရိတ္ၿဗိတိန္ဟာ လက္ရွိအခ်ိန္ထိ F-35Bတိုက္ေလယာဥ္ ၂၁စင္း အသုံးျပဳေနတယ္လို႔ သိရပါတယ္။

ခရက္ဒစ္..ေမာင္ဉာဏ္မင္း(ဆားလင္းႀကီး)

ယူနီကုဒ္

F-35B တိုက်လေယာဉ်များတွင် အသုံးပြုရန် SPEAR-3 မစ်ဇိုင်းဒုံးလက်နက်များကို ဝယ်ယူသွားမည့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန…..

ဗြိတိသျှတော်ဝင်ရေတပ်ဟာ သူတို့ရဲ့ လေယာဉ်တင်သင်္ဘောကြီး Queen Elizabethအပေါ်မှာ တင်ဆောင်မယ့် F-35Bတိုက်လေယာဉ်တွေမှာ တပ်ဆင်မယ့် Missile အသစ်တွေအတွက် ပေါင်သန်း ၅၀၀ခန့်ကို အသုံးပြုသွားမယ်လို့ Bulgarian Military.Comသတင်းဌာနက ဒီကနေန့စွဲနဲ့ သတင်းရေးသားလိုက်ပါတယ်။

ဗြိတိသျှစစ်ရေးကျွမ်းကျင်သူတွေရဲ့ အဆိုအရ SPEAR-3ဒုံးကျည်တေံဟာဆိုရင် ဗြိတိန်က အသုံးပြုမယ့် ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေရဲ့ အဓိကMissileလက်နက်တွေဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။ ဗြိတိသျှတော်ဝင်လေတပ်ဟာ SPEAR-3မစ်ဇိုင်းဒုံးကျည်တွေကို လွန်ခဲ့တဲ့၄နှစ်က ဝေးပြည်နယ် Typhoonတိုက်လေယာဉ်တွေမှာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

Polish Media Defense24သတင်းဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ ကီလိုမီတာ၁၃၀အကွာအဝေးရောက်အောင် ပစ်ခတ်နိုင်တဲ့ SPEAR-3တွေဟာ အီလက်ထရောနစ်စစ်ဆင်ရေးအတွက် အထူးဒီဇိုင်းပြုလုပ်ထားပြီး ပစ်မှန်တွေကို တိကျစွာထိမှန်နိုင်မှာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနနဲ့ MBDAအကြား ချုပ်ဆိုခဲ့တဲ့ အခုလက်နက်ဝယ်ယူရေးစာချုပ်က အလုပ်အကိုင်သစ်၁၅၀၀ခန့်ကိုလည်း ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဂရိတ်ဗြိတိန်ဟာ လက်ရှိအချိန်ထိ F-35Bတိုက်လေယာဉ် ၂၁စင်း အသုံးပြုနေတယ်လို့ သိရပါတယ်။
ခရက်ဒစ်..မောင်ဉာဏ်မင်း(ဆားလင်းကြီး)

Crd