F-111 Aardvark တိုက်လေယာဉ်အကြောင်း သိသမျှ

News

F-111 Aardvark တိုက်လေယာဉ် အကြောင်း သိသမျှ

အမေရိကန်နိုင်ငံဟာ စစ်ရေးမှာ တခြားနိုင်ငံတွေထက် အမြဲသာလွန်နေအောင် ကြိုးပမ်းနေစမြဲပါ။

အခုလည်း အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့ တိုက်လေယာဉ်အသစ်တစ်စီးကို ထုတ်လုပ်နေပါတယ်။

အဲဒါကတော့ F-111 Aardvark ပါတဲ့။ သူ့အကြောင်း သိသမျှ တင်ပြလိုက်ပါတယ်။

ဒီလေယာဉ်ဟာ ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ General Dynamic ဖြစ်ပါတယ်။

သူ့ကို ယူအက်စ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ အနာဂတ်စစ်ပွဲမျာအတွက် လိုအပ်မယ့် အချက်အလက်များအားလုံး ထည့်သွင်းတည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

ဒီလေယာဉ်ထုတ်လုပ်မှုအစဟာ ခက်ခဲပေမယ့် ကြီးမားတဲ့အောင်မြင်မှုနဲ့ ဆက်လက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

မျိုးကွဲတွေ ထုတ်လုပ်ခဲ့ရာမှာ ဝေဟင်မှ မြေပြင်တိုက်ခိုက်ခြင်း၊ ရန်သူ့လမ်းကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခြင်း၊ နျူလက်နက်နဲ့ ဗျူဟာမြောက် ဗုံးကြဲခြင်း၊ ကင်းထောက်ခြင်းနဲ့ အီလက်ထရောနစ် စစ်ဆင်ရေးများကိုပါ ဆင်နွဲနိုင်စွမ်း ရှိပါတယ်။

ခရီးဝေးပျံနိုင်ပြီး ရာသီမရွေး တိုက်ပွဲဝင်နိုင်ပါတယ်။ ရန်သူ့ အဓိက စစ်ရေးပစ်မှတ်တွေကကိုလည်း အနိမ့်ပျံသန်း ပစ်ခတ်ချေမှုန်းနိုင်ပါတယ်တဲ့။

လေယာဉ်ဟာ အနားစွန်တွေတိကျစွာဖြတ်ထားတဲ့ ပုံသဏ္ဌာန်ရှိပြီး အတောင်ကလည်း ဆန့်နိုင်၊ ကွေးနိုင်ပါတယ်။

လေယာဉ်မှာတပ်ဆင်တဲ့ ရေဒါက လေပွေလှိုင်းများကို ထောက်လှမ်းနိုင်လို့ အနိမ်ပျံချိန်မှာတောင် အမြန်နှုန်းနဲ့ပျံသန်းတိုက်ခိုက်နိုင်ပါတယ်။

အင်ဂျင်ကတော့ After burning turbofan အင်ဂျင်နှစ်လုံး တပ်ဆင်ထားပါတယ်။ ဒီလိုလေယာဉ်တည်ဆောက်ဖို့ စိတ်ကူးခဲ့တာ ၁၉၆၀ ခုနှစ်လောက်က ဖြစ်ပါတယ်။

ယူအက်စ် navy အတွက် ရည်ရွယ်ခဲ့ပေမဲ့ ပယ်ဖျက်ခဲ့ပါတယ်။ နောက်မှ လေတပ်အတွက် ဆက်လက်ထုတ်လုပ်ခဲ့တာပါ။

ဒီလေယာဉ်ဟာ မိုင် ၁၅၀၀ အကွာက ပစ်မှတ်ပေါ်ကို ဆီထပ်ဖြည့်စရာမလိုဘဲ ပေါင် ၈၀၀၀ အလေးချိန်ရှိတဲ့ ဗုံးတွေ ကြဲချနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ဥရောပအထိ ဆီမဖြည့်ဘဲ ပျံသန်းတိုက်ခိုက်နိုင်တဲ့ သဘောပါ။

After burning turbofan Engine ကိုသုံးတဲ့ ပထမဆုံးလေယာဉ်လဲ ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့မှာ ပေ ၁၀၀၀ အောက်မှာ ၁၇၂ မိုင်အကွာအဝေးအထိကို အသံထက် အမြန်နှုန်းနဲ့ ပျံသန်းပြခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ ဗုံးကြဲလေယာဉ်အဖြစ် စတင် တာဝန်ထမ်းခဲ့ပါတယ်။ ဗုံးကြဲလေယာဉ်‌ခေတ်ထဲမှာ သူဟာ ထိပ်တန်းပါ။ အတောင်က Swept Wing အမျိုးအစားဖြစ်ပြီး လေထဲမှာ ၁၆ ကနေ ၇၂ ဒီဂရီအထိ ကွေးဆန့်နိုင်ပါတယ်။

အတောင်ကို ဆန့်ထားချိန်မှာ တက်တာ ၊ဆင်းတာနဲ့ အနှေးပျံတာတွေ လုပ်နိုင်ပြီး ကွေးလျက် ပျံသန်းချိန်မှာ အသံထက် ၂ ဆ မြန်ပါတယ်။

ခုအသစ်တပ်ဆင်တဲ့ Avionics ကရိယာနဲ့ ရေဒါတွေကြောင့် မြေပြင်ပစ်မှတ်များကို တိကျစွာ ချိန်ရွယ်ပစ်ခတ်နိုင်ပါတယ်။

Terrain ခေါ် လေပွေလှိုင်းများကို အလိုအလျောက် အာရုံခံနိုင်ပြီး အမြင့်ပေကိုလဲ အလိုအလျောက် ထိန်းပေးပါတယ်။ ဗုံးကို ညအချိန် မှာတောင် ကြဲချနိုင်ပါတယ်။

ဗဟုသုတအနေနဲ့ အောက်အချက်အလက်လေးတွေကိုပါ တင်ပြလိုက်ပါတယ်။

1. AN/AVQ-26 Pave Track infrared targeting designator/reader
2.EF-111A Raven Electronic wafare system. တို့ဖြစ်ပါတယ်။

အဝေးဆုံး ပျံသန်းမှုအနေနဲ့ မိုင် ၆၄၀၀ အကွာအဝေးထိ တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ ပါဝင်ခဲ့တဲ့ တိုက်ပွဲတွေကတော့ ဗီယက်နမ်စစ်ပွဲ၊ ကန္တာရမုန်တိုင်းစစ်ဆင်ရေးနဲ့ အခြားစစ်ဆင်ရေးများစွာ ဖြစ်ပါတယ်။

ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Knight News Team

Crd