“Ex တွေစုပြီးလက်စားချေခြင်း”
======================
တရုတ်ပြည် မင်္ဂလာဆောင်တစ်ခုမှာ သတို့သားရဲ့ ex တွေစာတန်းကိုင်ပြီး လာရောက်နှောင့်ယှက်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်နေ့က တရုတ်ပြည်၊ ယူနန်ပြည်နယ်ရှိ Hengdi ရွာမှာ Chen Song ဆိုသူသတို့သားဟာ မင်္ဂလာပွဲကျင်းပနေတယ်လို့ဆိုပါတယ်။
အစကမင်္ဂလာပွဲဟာ ချောချောမွေ့မွေ့ရှိနေခဲ့ပြီး သတို့သမီးနဲ့သတို့သားဟာ ပြုံးပြုံးရွှင်ရွှင်ဖြစ်နေခဲ့တယ်လို့ Guizhou TV သတင်းကဆိုပါတယ်။
သတို့သားနဲ့သတိုးသမီး ကော်ဇောနီပေါ်မှာ စတင်လမ်းလျှောက်တော့မယ့်အချိန်မှာပဲ အမျိုးသမီးတစ်ဒါဇင်လောက် စာတန်းကိုင်ပြီးထွက်လာခဲ့ကြပါတယ်။
သူတို့ဟာ Chen Song ရဲ့ ရည်းစားဟောင်း ex တွေဖြစ်ကြောင်းနဲ့ ဒီပွဲကိုဖျက်ပစ်မယ်လို့ စာတန်းကိုင်ကာအော်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီအချိန်မှာ ရယ်ပြုံးနေတဲ့သတို့သမီးမျက်နှာဟာချက်ချင်းလငပုပ်ဖမ်းသလို စူပုပ်သွားခဲ့ပါတယ်။
သတို့သား Chen Song လည်း သတို့သမီးဘက်ကဆွေမျိုးတွေရှေ့မှာ အတော်မျက်နှာပျက်သွားခဲ့တယ်လို့ဆိုပါတယ်။
စာတန်းကိုင်ထားတဲ့အမျိုးသမီးအားလုံးတော့ Chen Song ရဲ့ ရည်းစားဟောင်းတွေမဟုတ်ပေမဲ့ ၈ ယောက် ၉ ယောက်လောက်က သူ့ရည်းစားဟောင်းတွေလို့ဆိုပါတယ်။
ဒီကိစ္စအတွက် သတို့သမီးဟာ တနေ့လုံးစိတ်မကြည်မသာဖြစ်နေပြီး သတို့သမီးရဲ့ဆွေမျိုးတွေကလည်း သတို့သားကို ဒီကိစ္စရှင်းပြခိုင်းတယ်လို့ ဆိုပါကြောင်း။
#RichardMyoThant
24-February -2023
crd