နာမည်ကြီးနေတဲ့ သုံးခွမြို့နယ်က ကိုဗစ်ပျောက်ကင်းတဲ့ ကန်ရေ
ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့အတူ အောက်ဆီဂျင် လုံးဝ မရတော့မယ့်အချိန်မှာ တမာ၊ ဂွေးတောက်နဲ့ ပင်စိမ်းဟာ လူနာနဲ့ လူနာရှင်တွေအတွက် ကောက်ရိုးတမျှင် ဖြစ်လာသလိုပါပဲ။ ကိုဗစ်တတိယလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ အင်္ဂလိပ်ဆေးဝါးတွေအပြင် ကောင်းနိုးရာရာ နည်းလမ်းတွေကိုလည်း အချင်းချင်း လက်ဆင့်ကမ်းမျှဝေရင်း ကပ်ရောဂါကို အန်တုနေကြရပါတယ်။ ဘယ်သူက အစပြုလိုက်တယ် မသိပေမယ့် လွန်ခဲ့တဲ့ ၁၅ ရက်ခန့်ကစလို့ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကျေးရွာ တခုက ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကန်ရေကို သောက်ရင် ကိုဗစ်ရောဂါ ပျောက်ကင်းတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီသတင်းကြောင့်ပဲ သန်လျင်ကနေ ခရမ်း-သုံးခွကို သွားတဲ့ ကားလမ်းမကြီးကနေ ခွဲထွက်ကာ လမ်းသွယ်လေးအတိုင်း ၁၀ မိနစ်ခန့် ကားမောင်းသွားရတဲ့ အဲဒီနေရာကို အနယ်နယ်အရပ်ရပ်က လူတွေ ရေပုံး ကြီးငယ် […]
Continue Reading