■Bill Clintonရဲ့ စတုရန်းပေပေါင်း ၅၂၃၂ ပေကျယ်တဲ့နေအိမ်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■Bill Clintonရဲ့ စတုရန်းပေပေါင်း ၅၂၃၂ ပေကျယ်တဲ့နေအိမ်

Bill Clinton ကတော့ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၁ ထိတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ တစ်ဦးပါ။ အဲ့အချိန်ကာလအတွင်းမှာ ပြသနာလေးတွေ ရှိခဲ့တာမို့ သူက အစိုးရကစီစဉ်ပေးထားတဲ့ အိမ်ရာမှာ ၁၈ နှစ်လောက်နေခဲ့ရပါတယ်။ သူသမ္မတရုံးကနေထွက်ပြီး သာမန်ဘဝအနေနဲ့ ပြန်လည်နေထိုင်တဲ့ အချိန်မှာ သူ့အတွက်တော့ ပြောင်းလဲမှုအကြီးကြီးတစ်ခုဖြစ်သွားတာပါ။ ကံအားလျော်စွာနဲ့ပဲ နယူးရော့မြို့ မှာရှိတဲ့ ရှေးအိမ်ဟောင်း ၁၅ လမ်းမှာ တော်တော်လေးကောင်းတဲ့နေစရာအိမ်လေးရှိနေပါသေးတယ်။ ကလင်တန်ရဲ့ အိမ်ဟာ စတုရန်းပေပေါင်း ၅၂၃၂ ပေကျယ်ပြီး ၁.၇ သန်းတောင်တန်ပါတယ်။

အဲ့တာကလည်း ခန့်မှန်းချေတန်ဖိုးဖြစ်ပြီး အခုခေတ်နဲ့ဆို အဲ့ထက်မက တန်နေပါပြီ။ ကိုလိုနီခေတ် ပုံစံဆောက်လုပ်ထားတဲ့ အခန်း ၁၁ ခန်းပါတဲ့ အိမ်ကြီးဟာ ၁.၁ ဧက ကျယ်တဲ့မြေပေါ်မှာရှိပြီး ခြံဝင်ပေါက်သေးသေးပဲထါးထါးပြီး အဖြူရောင် ခြံစည်းရိုး ပတ်ပတ်လည်ကာထားပါတယ်။ အိမ်ရှေ့ခြံကလည်း စိမ်းစိမ်းဆိုဆိုလေးနဲ့ဆိုတော့ ဂန္တဝင် ဆန်ပြီး အင်္ဂလန်နိုင်ငံရဲ့ ပုံစံအတိုင်း ဆောက်လုပ်ထားတဲ့ အိမ်လေးပါပဲ။ အိမ်အနောက်ဘက်ခြံမှာတော့ အနီရောင်ဆေးသုတ်ထားတဲ့ ပစ္စည်းတွေ သိမ်းထားတဲ့ ရုံလေးတစ်ခုနဲ့ ကားဂိုဒေါင် လေးတစ်ခုရှိပါတယ်။ ကလင်တန်တို့မိသားစုက သူတို့အိမ်နဲ့ပတ်သတ်ပြီး သိုသိုသိပ်သိပ်နဲ့ပဲ နေတတ်ကြပါတယ်။ အဲ့တာကြောင့် ပြည်သူတွေ သူ့အိမ်ကို နောက်ဆုံးတွေ့ခဲ့ရတာက ၁၉၉၀ နှစ်ပိုင်းလောက်က ဒီဇိုင်းအပြင်အဆင်တွေနဲ့တုန်းကပါပဲ။

၁၉၉၀ နှစ်ပိုင်းလောက်က အကောင်းဆုံးအချိန်တွေရှိခဲ့ပေမယ့် ကျွန်မအိမ်မှာတော့ ခုခေတ်အချိန်ထိ အဲ့လို ဒီဇိုင်းပုံစံမျိုး ချည်းပဲအမြဲမထားနိုင်ပါဘူး။ ထမင်းစားခန်းကလည်း အရမ်းကိုခမ်းနားပြီး စာကြည့်တိုက်အကြီးကြီးအဖြစ်လုပ်ထားတဲ့ စာဖတ်ခန်းမှာလည်း အေးအေးလူလူ စာဖတ်လို့ရပါတယ်။ သူ့အိမ်မှာတော့ သူသမ္မတလုပ်ခဲ့တုန်းက ပစ္စည်းလေးတွေ၊ သူခရီးသွားတုန်းက စုဆောင်းထားတဲ့ ပစ္စည်းလေးတွေနဲ့ အလှဆင်ထားပါတယ်။ အာဖရိက၊ အာရှ နဲ့ ပစိဖိတ်ကျွန်းက ပစ္စည်းလေးတွေတောင်ပါပါသေးတယ်။ နိုင်ငံရေးလုပ်နေတဲ့သူနှစ်ယောက်ဖြစ်တဲ့အတွက် အိမ်တစ်အိမ်တည်းနဲ့တော့ ဘယ်လုံလောက်ကြမလဲနော်။ အဲ့တာကြောင့် Bill ကဝါရှင်တန်ဒီစီမှာရှိတဲ့ သံရုံးနဲ့ တစ်ဆက်တည်းနေရာလို့ သိကြတဲ့ နေရာမှာ အိမ်တစ်လုံး ဝယ်ခဲ့ပါသေးတယ်။၂၀၀၂ ခုနှစ်တုန်းက ဟီလာရီက ဥပဒေပြုအထက် လွှတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်နေတုန်းကပေါ့။

ဂျော့ချ် ဘုရင်ခေတ်က ပုံစံမျိုးဆောက်ထားတဲ့ အိမ်ဟာ စတုရန်းပေပေါင်း ၅၅၀၀ စတုန်းပေ ကျယ်ပြီး ဧကတစ်ဝက်လောက်နေရာယူထားတဲ့ သစ်ပင်တွေတန်းစီစိုက်ထားတဲ့နေရာ အပေါ်မှာရှိတာပါ။ အိမ်တွင်းမှာတော့ အိပ်ခန်း ၇ခန်း၊ ရေချိုးခန်း၅ခန်း၊ အပြင် ဧည့်ခန်းလိုအေးဆေးစကားပြောလို့ရတဲ့ နေရာလည်း အများကြီးရှိပါတယ်။ အိမ်ပြင်ခြံဝန်းကတော့ ဒီအိမ်ရဲ့ အရမ်းကောင်းလွန်းတဲ့ နေရာလို့ပြောလို့ရပါတယ်။ ခြံနောက်ဘက်မှာလည်း ရေကူးကန်ကြီးတစ်ကန်ရှိပြီး ဘေးမှာလည်း ပန်းလေးတွေ သစ်ပင်လေးတွေ ပတ်ပတ်လည်ရံထားတဲ့ နေပူစာလှုံတဲ့နေရာလေးလည်း ရှိပါတယ်။

အဲ့လို သစ်ပင်လေးတွေ ရံထားတဲ့ကြားမှာဆိုတော့ တစ်သီးတစ်သန့်နဲ့ လူသူလည်း မမြင်ရတော့ဘူးပေါ့။ အိမ်ကိုဝယ်ပြီးတာနဲ့ ကလင်တန်က နေရောင်ခြည်ခံဖို့ အခန်းတစ်ခန်းပြင်ဆင်ခဲ့ပါတယ်။အဲ့အခန်းထဲမှာနေပြီး နေရောင်အောက်မှာ အပန်းလေးဖြေကြတာပေါ့။ အိမ်ရဲ့အပြင်အဆန်ကိုလည်း အနားသတ်ကို အကွေးသဏ္ဌာန်ဆောက်ထားတဲ့ တံခါးပေါက်ပုံစံမျိုးလေးတွေဖန်တီးထားပြီး အိမ်နံရံဆေးအရောင်ကလည်း တောက်တောက်လေးပဲ သုံးထားတာ ဆိုတော့ နယူးရော့ ကသူတို့အိမ်နဲ့ ပုံစံလုံးဝကွဲနေတာပေါ့။ ထမင်းစားခန်းကလည်း ထင်ရှားပေါ်လွင်တဲ့ နံရံဆေးအရောင်တွေ၊ ပရိဘောဂတွေနဲ့ တခမ်းတနားပါပဲ။

စာအုပ်စင် အကြီးကြီးတစ်ခုပါတဲ့ မိသားစုအခန်းလေးအပြင် သိပ်အကြီးအကျယ်မဟုတ်တဲ့ အစည်းအဝေးလေးတွေ လုပ်လို့ရတဲ့ အခန်းလေး တစ်ခန်းလည်းပါရှိပါသေးတယ်နော်။
Ref:youtube
Trans:thegeektext