■တရုတ်လူမျိုးများတောင် Boycott လုပ်ခံနေရပြီဖြစ်တဲ့ Huawei ရဲ့လုပ်ရပ်များ

News

■တရုတ်လူမျိုးများတောင် Boycott လုပ်ခံနေရပြီဖြစ်တဲ့ Huawei ရဲ့လုပ်ရပ်များ

Huawei ဟာဆိုရင် သူတို့ကိုယ်တိုင် လုပ်ဆောင်မှုတွေကြောင့် ဒီကနေ့မှာ Pig Farming လို့တောင် အမည်တွင်နေပါပြီ နောက်ပြီးတော့ အဲဒီ Huawei ရဲ့စီးပွားရေး စနစ်ဟာဆိုရင် အရမ်းကျယ်ပြန့်လာပြီး တရုတ်ပြည်တစ်ခုလုံးမှာ အထိအခိုက် မခံဖြစ်လာတာကတော့ အသေအချာပါပဲ။ နောက်ပြီး Huawei ဟာဆိုရင် CCP(China Communication Party) မှာဆိုရင်လဲ ထောက်တိုင်အဖြစ်ရှိနေသေးတယ်ဆိုတာ မေ့ထားလို့မရတဲ့ အရာပါ။ China Communication Party ဟာဆိုရင် Huawei ကိုထောက်လှမ်းရေး ကိရိယာအဖြစ်အသုံးချဖို့ ပြုလုပ်ထားတယ်လို့ ပြောနေကြပါတယ်။ ဒီဖြစ်စဉ်မှာ နစ်နာခဲ့ရတဲ့သူတွေကို ဆက်လက် ထောက်လှမ်း စောင့်ကြည့်နေတာကတော့ တရုတ်ပြည်ကလူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ကိုယ်ပိုင် လူနေမှုဘဝတွေဟာ ဝင်ရောက်စွက်ဖက်ခံနေရပြီး သူတို့ရဲ့သဘောထားတွေကို လွတ်လွတ်လပ်လပ် ချပြလို့မရပဲဖြစ်နေပါတယ်။

အချက်အလက်တွေအရ Huawei ဟာဆိုရင် သူတို့ရဲ့ 5G expansion plan ကြောင့် ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိလာတာပါပဲ။ ဒါပေမယ့် Trump ရဲ့အုပ်ချုပ်ခွင့်ရအချိန်တုန်းကတော့ တရုတ်ရဲ့ ကြီးမားတဲ့ Telecommunication အစီအစဉ်တွေကို Democratic နည်းကျကျနဲ့ပဲ ဖျက်ဆီးပစ်ဖိို့ သဘောတူခဲ့ပါတယ်။ မကြာသေးခင်ကပဲ Apple ကနေ သူတိို့ရဲ့ iPhone 13 ဟန်းဆက်အသစ်ကို ထုတ်ခဲ့ပါသေးတယ်။ အဲဒီသတင်းဟာအတော်လေးကို ပြန့်နှံ့သွားပါတယ်

တရုတ်ပြည်မှာ Apple ရဲ့သတင်းဟာဆိုရင် ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဒီသတင်းဟာ တရုတ်ပြည်မှာရှိတဲ့လူတွေ သိရှိသွားတဲ့ ပမဏကတော့ မနည်းမနောပါပဲ Apple ဟာဆိုရင် CCP ကနေစောင့်ကြည့်နေတဲ့ စွမ်းဆောင်ရည်မြင့် Brand အနည်းစုထဲက တစ်ခုဖြစ်ပါတယ်။ Apple products တွေဟာဆိုရင် CCP ကနေ ပြည်သူတွေအပေါ် spying လုပ်ပြီးစောင့်ကြည့်လို့မရတဲ့ Products တွေပါ.တရုတ်ကုမ္ပဏီတွေဟာ ဆိုရင်ဖြင့် အဆိုပါအလုပ်အတွက် အတော်လေးအသားကျနေပါပြီ ။ဒါကတော့ တရုတ်ပြည်ရဲ့ Public မှာမသိကြသေးတဲ့ အရာပါ အဲဒါကြောင့် တရုတ်ပြည်ရဲ့ Apple တင်သွင်းခွင့်ရကုမ္ပဏီတွေဟာဆိုရင် နောက်ဆုံးပေါ် Products ကို သူတို့လက်ထဲအမြန်ဆုံး ရောက်လာရေးအတွက် အပြိုင်အားထုတ်မှုတွေ စုပြုံနေပါတယ်

တရုတ်နိုင်ငံသားတွေကိုယ်တိုင် Huawei ကိုငြင်းပယ်နေကြ
စက်တင်ဘာ ၂၄ရက် သောကြာနေ့, တရုတ်ပြည်ကသုံးစွဲသူတွေဟာဆိုရင်ဖြင့် တိုင်းတစ်ပါးကို ကူးသန်းပြီးတော့တောင် Apple Stole တွေမှာစုပြုံနေဖို့ ဆန္ဒရှိနေကြပါတယ်။ ဒါပေမယ့်လဲ စနေနေ့မှာ ဆိုရင်ဖြင့် တရုတ်ပြည်ရဲ့ Weibo ကနေဗီဒီယိုဖိုင်တစ်ခု ပြန့်နှံ့လာပါတယ် အဲဒါကတော့ Zhejiang ပြည်နယ် Hangzhou မြို့မှာရှိတဲ့

Apple Store တစ်ခုရဲ့အပြင်ဘက်မှာ ယောကျ်ားတစ်ယောက် ဆန့်ကျင်ကြောင်း ဆန္ဒပြနေတဲ့ ဗီဒီယိုဖိုင်ပါ။ အဲဒီလူဟာအစက်အပြောက်လေးတွေပါတဲ့ အဖြူရောင်ရှပ်အကျႌနဲ့ အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားတာပါ ထိုသူက Apple တံဆိပ်ဆိုင်းဘုတ်တင်ထားပြီးတော့ အနောက်တိုင်းကထုတ်ကုန်တွေ အဓိက ရောင်းတဲ့ စတိုးဆိုင်ရှေ့မှာ ရပ်ပြီးဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ထိုင်ဝမ်သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ဒီဗီဒီယိုထဲမှာ အဆိုပါလူက စပီကာကိုကိုင်ထားပြီးတော့ “Support made in China, Support Huawei( တရုတ်ပြည်ထုတ်ပစ္စည်းတွေကို အားပေးပါ Huawei ကိုအားပေးပါ)” လို့ထပ်တလဲလဲအော်နေခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်ဝမ်လူမျိုး တွစ်တာအသုံးပြုသူ Otto Huang ကတော့

“Apple Phoneတွေကိုဝယ်ဖို့ လူတွေ ကျိတ်ကျိတ်တိုးနေတာကိုက ခြားနားမှုပါပဲ လူတွေ Apple Proucts တွေကိုဝယ်ယူတာ အဆုံးမသတ်နိုင်သလို သူတိုရဲ့စိတ်အားထက်သန်မှုကလဲ လျော့သွားမှာမဟုတ်ပါဘူး ” လို့ထောက်ပြထားပါတယ်။ CCP ရဲ့လက်ကိုင်တုတ် တစ်စုကတော့ တရုတ်လူထုကို Apple Products တွေဝယ်ယူခြင်းအတွက် တားမြစ်ဖို့အစွမ်းကုန်ကြိုးစားနေပါတယ်။ သာမန်ပြည်သူတွေကတော့ သူတို့ကိို အာရုံထဲမှာတောင် မထည့်ထားပါဘူး ။အဒီအစား သူတို့က ထွက်ပေါက်ပိတ်နေတဲ့ လူတစ်ယောက်လိုမျိုး သရုပ်ဆောင်ပြနေပါတယ် သူ့ရဲ့အသက်ဝိဉာဉ်ထွက်မတက်ကို စပီကာကနေ အောဟစ်နေတာပါ။

ဗီဒီယိုအပြီးမှာတော့ အဲဒီဗီဒီယိုရိုက်ထားတဲ့ အမျိုးသားဟာ စတိုးဆိုင်ရှေ့မှာတန်းစီရပ်နေတဲ့ လူတန်းကြားထဲဝင်ရပ်လိုက်ပြီး အဲဒီကလူတွေကတော့ သူ့ရဲ့အော်ဟစ်ပြောဆိုမှုတွေကို လစ်လျှူရှုထားကြပါတယ်။ တရုတ်ပြည်မှာဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ထောက်ပြမှုတွေက အရမ်းပြင်းထန်လွန်းပါတယ် ဒီCCP လက်ကိုင်တုတ်တွေတင်လိုက်တဲ့ ဗီဒီယိုကို လူတွေတော်တော်များများ ဒေါသတကြီးတဲ့ တုန့်ပြန်ကြပါတယ်။ အချို့မှတ်ချက်တွေကတော့

“ငါဘယ်တုန်းကမှ iPhone ကိုမသုံးခဲ့ပေမယ့် ဒါကဆိုးဝါးတဲ့ အပြုအမူပါ ငါ့အထင်ဒီလူ့ဦးနှောက်မှာ အပေါက်ဖြစ်နေပြီထင်တယ်” နောက်တစ်ယောက်ရဲ့ မှတ်ချက်ကတော့ “ဒါကိုကြည့်ရမှာ ရွံစရာကောင်းလိုက်တာ ” နောက်ထပ်တစ်ယောက်ကတော့ “ ဆိုရှယ်လစ် တိုင်းပြည်မှာ အကျင့်သိက္ခာပြန်ပေးဆွဲခံရတာပဲ” နောက်ထပ်တစ်ယောက်ကလဲ “Ren Zhengfei(Huawei ရဲ့ CEO) ကိုယ်တိုင်တောင် Apple Products တွေသုံးနေတာ” ဆိုပြီး မှတ်ချက်တွေတွေ့ရပါတယ်။

ဒီတော့ တရုတ်လူမျိုးတွေဟာ Huawei ကိုမုန်းတီးနေကြောင်း ပိုပြီးသိသာထင်ရှားလာပါတယ်။ Huawei ဟာဆိုရင် တရုတ်လူမျိုးတွေအပေါ် အတားအဆီးမရှိ စောင့်ကြည့်ရေးနဲ့ ဆင်ဆာတွေအတွက် အစိုးရကိုအထောက်အပံ ပေးနေတာပဲဖြစ်တယ် Xi Jimping ကတော့ သူ့ရဲ့အမြင်ကနေ နိုင်ငံတွင်းကလူတွေကို အိမ်တွင်းသုံးကုန်ပစ္စည်းတွေအတွက် တရုတ်နိုင်ငံက ကိုယ်တိုင်ထုတ်ထားတဲ့ ကုန်ပစ္စည်းတွေကိုသာ ပိုမိုရွေးချယ်ပြီး သုံးစွဲ စားသုံးကြဖို့တိုက်တွန်းထားပါတယ်။ ဒါပေမယ့် တရုတ်လူမျိုးတွေကတော့ Huawei ရဲ့မသေချာတဲ့အာမခံချက်တွေကြောင့် အခုကစပြီး သူတို့ကိုယ်တိုင် ငြင်းဆန်နေကြပါပြီ။

Huawei ရဲ့လောဘကြီးလွန်းတဲ့ စီးပွားရေးစျေးကွက်
မရှိမဖြစ်လိုအပ်နေတဲ့ ပစ္စည်းတွေနဲ့ စမတ်ဖုန်းအရောင်းလုပ်ငန်းတွေမှာ Huawei ဟာဆိုရင် နောက်မျိုးဆက်တွေအထိကိုပါ အကျိုးအမြတ်ယူဖို့တွေးပြီး အားသွန်ခွန်စိုက်ကျိုးပမ်းနေတာပါ။ ဒီအကြောင်းအရာကြောင့်ပဲ Huawei ရဲ့ Business ဟာ Pig Farming အသွင်ကိုကူးပြောင်းသွားရခြင်းဖြစ်ပါတယ်။ အဲလိုကြမ်းတမ်းရမ်းကားမှုတွေက Huawei မှာတစ်စတစ်စ ကျယ်ပြန့်လာပါတယ် ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတွေက “Pig Farming ဆိုတာဟာ အချို့ရိုးရာမှုပြုတဲ့ စက်မှုလုပ်ငန်းတွေ ICT (Information and Communication Technology) လိုမျိုးအရာတွေမှာ ဘယ်လိုကျိုးစားထိုးဖောက်ရမလဲဆိုတာ ဥပမာပြုတဲ့ လုပ်ငန်းစဉ်လိုပါပဲ 5G era (5th generation ခေတ်)မှာ လုပ်ငန်းတွေအတွက် ပိုမိုပြီးတန်ဖိုးရှိတဲ့ နည်းပညာတွေကို ဖန်တီးရမှာဖြစ်ပါတယ်” လို့တောင်ပြောဆိုထားပါတယ်။

5G နဲ့ Pig Farming ဟာဆိုရင် အချို့အချက်အလက်တွေက လူအများအတွက် နားလည်နိုင်စွမ်းတွေကနေ ကျော်လွန်နေတာ ကိုတွေ့ရပါတယ်။ Huawei Smartphone ရောင်းချရနှုန်းဟာ အချိန်နဲ့အမျှလျော့နည်းလာပြီး microchip(semiconductor chip) အတွက်လဲ အတော်လေးအကျပ်ရိုက်နေတာဖြစ်ပါတယ် ။ဒါကြောင့်ပဲ Trump Administration ကခွင့်ပြုချက်တောင်းဆိုခြင်းကို ပယ်ချခဲ့တာပါ။
Huawei အတွက်အရာအားလုံးကတော့ ရေဆုံမျှောသွားပါပြီ။ လူအများစုရဲ့အချက်ကျကျထောက်ပြမှုတွေကြောင့် တရုတ်ပြည် Telecomရဲ့ ဘီလူးတစ်ကာင်လို့ သတ်မှတ်ခံထားရပေမယ့် အခုတော့ အနာဂတ်ပျောက်နေပါပြီ။ တရုတ်လူမျိုးတွေရဲ့ စိတ်အမျိုးမျိုးကွဲလွဲမှုတွေနဲ့ စိတ်ဝင်စားမှုအားနည်းပြီး အမျိုးချစ်တတ်ခြင်းတွေက Huawei အတွက်အကျိုးအမြတ်တွေ ဖြစ်သွားရတာပါ။ အဆုံးမှာတော့ Huawei ဟာတကယ်ပဲ သူကိုယ်တိုင်ကြောင့် နွံ့အတွင်းမှာနှစ်မြုပ်သွားရတော့မှာပဲဖြစ်ပါတယ်။

Ref : TFIGlobal
Trans : thegeektext