ဆိုဗီယက် ရုရှားတို့ အစ္စရေးကို အရှက်ရခဲ့တဲ့ အီဂျစ်ပြည်က လေကြောင်းတိုက်ပွဲ

Article World

အစ္စရေးကတစ်ဖက် အီဂျစ်၊ဂျော်ဒန်နဲ့ ပါလက်စတိုင်းတို့ကတစ်ဖက်ချခဲ့ကြတဲ့ War of Attrition အတွင်း အီဂျစ်လေတပ်ဟာ ဆိုဗီယက်လုပ် Mig-21 တွေသုံးပြီး အစ္စရေးလေတပ်ကိုရင်ဆိုင်ရာမှာအမြဲရှုံးနိမ့်နေတဲ့အတွက် သူ့လေယာဉ်တွေဂုဏ်သိိက္ခာပြန်ဆယ်နိုင်ရေး ဆိုဗီယက်ဟာ၄င်းတို့ရဲ့ Pilot တွေကိုယ်တိုင် အီဂျစ်ကိုလွှတ်ပြီး အစ္စရေးလေတပ်နဲ့ရင်ဆိုင်စေခဲ့ပါတယ်။


လွန်ခဲ့တဲ့ (52)နှစ်ကဒီလိုအချိန် 1970 ဇူလိုင်လ (30) ရက်နေ့ နေ့လည်ပိုင်းလောက်မှာ အစ္စရေးရဲ့ Mirage III တိုက်လေယာဉ် (4)စီးဟာ အီဂျစ်တပ်တွေရဲ့ရေဒါမှာတစ်စီးထဲလို့ထင်အောင် နီးနီးကပ်ကပ်ပျံသန်းကာ အီဂျစ်လေပိုင်နက်ထဲဝင်ရောက်လာပြီး ဆိုဗီယက်တိုက်လေယာဉ်မှူးတွေကို မျှားခေါ်ခဲ့ပါတယ်။အစ္စရေးတွေထင်တဲ့အတိုင်းပဲ ဆိုဗီယက်တိုက်လေယာဉ်မှူးတွေဟာ အစ္စရေးရဲ့ Mirage III တွေကို ထောက်လှမ်းရေးလေယာဉ်တစ်စီးထဲဝင်လာတယ်ထင်သွားပြီး ကြားဖြတ်တိုက်ခိုက်ဖို့ Mig-21 (4)စီးအရင်တက်သွားခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ ဆိုဗီယက်တိုက်လေယာဉ်မှူးတွေပဲမောင်းတဲ့ Mig-21 (8)စီးထပ်တက်လာပြီး ပထမတက်သွားတဲ့လေယာဉ်အုပ်ကိုအားဖြည့်ခဲ့ပါတယ်။


ဆိုဗီယက်တိုက်လေယာဉ်မှူးတွေမောင်းတဲ့ Mig-21 တွေ အစ္စရေး Mirage တွေနားမရောက်ခင်မှာပဲ အီဂျစ်ရေဒါတွေမှာမပေါ်အောင် Low Altitude ပျံနေတဲ့ အစ္စရေးရဲ့ F-4 Phantom (4)စီးနဲ့ Mirage III (8)စီးဟာ ရုတ်တရက်ဆိုဗီယက်တိုက်လေယာဉ်မှူးတွေရဲ့ Mig-21 တွေကို အလစ်အငိုက်ဝင်တိုက်ခဲ့အတွက် ဆိုဗီယက်တွေဘက်ကစစ်ကူဖို့ ဆိုဗီယက်တွေပဲမောင်းတဲ့ နောက်ထပ် Mig-21 (12)စီးရောက်လာခဲ့ပေမယ့် အစ္စရေးတိုက်လေယာဉ်တွေကိုမယှဉ်နိုင်ခဲ့ပဲ Mig-21 (5)စီးပျက်ကျခဲ့ပြီး ဆိုဗီယက်လေယာဉ်မှူး (4)ဦးကျဆုံးခဲ့ကာ အစ္စရေးဘက်မှာတော့ လေယာဉ်ရောလူရောဆုံးရှုံးမှုမရှိခဲ့ပါဘူး။အရင်က အီဂျစ်တွေအစ္စရေးကိုလေကြောင်းတိုက်ပွဲတွေမှာရှုံးနေတာ အီဂျစ်လေယာဉ်မှူးတွေ အရည်အချင်းမပြည့်ဝလို့သာဖြစ်ပြီး ၄င်းတို့လေယာဉ်တွေနဲ့မဆိုင်ကြောင်း ဆိုဗီယက်ဘက်ကပြောထားတဲ့အတွက် အီဂျစ်စစ်တပ်အကြီးအကဲကတော့ ဒီတိုက်ပွဲရလဒ်ကို ကျေနပ်ခဲ့ပြီးဒီလေကြောင်းတိုက်ပွဲအပြီးအရှက်ရသွားတဲ့ ဆိုဗီယက်တွေဟာ ဝင်ရောက်စွက်ဖက်ခြင်းမပြုတော့ပဲလက်ရှောင်သွားခဲ့ရပါတယ်။

Crd Daniel Halsey