■ သမိုင်းမှာ နျူကလီယား မတော်တဆပေါက်ကွဲခဲ့တဲ့ Castle Bravo ဗုံးနျူကလီးယားစမ်းသပ်မှုကြီး

Article Knowledge World

■ သမိုင်းမှာ နျူကလီယား မတော်တဆပေါက်ကွဲခဲ့တဲ့ Castle Bravo ဗုံးနျူကလီးယားစမ်းသပ်မှုကြီး

၁၉၅၄ ခုနှစ်မတ်လ ၁ ရက်နေ့ကတော့ သမိုင်းမှာ နျူကလီယား မတော်တဆပေါက်ကွဲခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ထိုနေ့မှာ တော့ အမေရိကန်ပြည်ထောင်စုဟာ သူတို့ရဲ့အကြီးဆုံး နျူကလီးယားစမ်းသပ်မှုကြီးကိုလုပ်ဆောင်ခဲ့ကာ။ Castle Bravo လို့အမည်ပေးခဲ့ပြီး မာရှယ်ကျွန်းရဲ့ ဘီကီနီ အတိုးလ်မှာ ပြုလုပ်ခဲ့တာပါ။ ဘရာဗို ဟာ Castle အော်ပရေရှင်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။

ဒါဟာ လေယာဥ်ပျံကနေသယ်လို့ရတဲ့နျူကလီးယားလက်နက်တွေကို စမ်းသပ်တဲ့ အော်ပရေးရှင်းပဲဖြစ်ပါတယ်။ ဒီဇိုင်းအမှားကြောင့် ဒီပေါက်ကွဲမှုဟာ ၁၅ မက်ဂါတန်ပေါက်ကွဲခဲ့ပြီး ခန့်မှန်းထားတာထက် ပိုပြင်းကာ ဟီရိုရှီးမားဗုံးထက်အဆ ၁၀၀၀ ပိုအားကြီးနေခဲ့တာပါ။ ပေါက်ကွဲရာကနေထွက်ပေါ်လာတဲ့ ရေဒီယိုသတ္တုကြွတွေဟာ စတုရန်း ကီလိုမီတာ ၁၁,၀၀၀ အထိ ပျံ့ကုန်တာပါ။

ရေဒီယိုသတ္တုကြွတွေရဲ့ လမ်းကြောင်းကိုရှာဖွေတဲ့အခါမှာတော့ သြစတြေးလျ၊အိန္ဒိယ ဂျပန် အမေရိကန်နှင့် ဥရောပဒေသတွေမှာတွေ့ခဲ့ပါတယ်။ ဘီကီနီမှာနေကြတဲ့လူအများဟာလည်း အခြားသောကမ်းရိုးတန်းကိုရွေ့ပြောင်းနေထိုင်ခဲ့ရပြီး ပစိဖိတ်ဒေသမှာ နျူကလီယား စမ်းသပ်တဲ့လုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီ စမ်းသပ်ချက်ကတော့၁၉၄၆ ခုနှစ်မှာစဖြစ်ခဲ့တာပါ။ ရာသီဥတုအခြေအနေတွေကြောင့် ဘရာဗိုစမ်းသပ်မှုတွေဟာ ပယ်ဖျက်ခံခဲ့ရပြီး ရေဒီယိုသတ္တုကြွတွေကြောင့် ရန်ဂါလပ်၊ ယူထရစ်နှင့် အခြားသောကမ်းရိုးတန်းဒေသတွေ အထိနာခဲ့ပါတယ်။ နှစ်ပေါင်းများစွာတိုင်အောင် ဘီကီနီကမ်းရိုးတန်းမှာ နေထိုင်ခဲ့တဲ့လူတွေကို ကျတော့ သူတို့ရဲ့အိမ်ဟာ နေလို့မရတဲ့အထိ ဖြစ်ခဲ့ပြီး အနီးအနားမှာ ရေလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ဂျပန် ငါးဖမ်းသမားတွေကိုအမေရိကန်အစိုးရက တာဝန်ယူခဲ့ရပါတယ်။

ဒါ့ကြောင့် သူတို့ဟာ ဂျပန်နှင့်အတူ ပဋိပက္ခတွေဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ လုပ်ဆောင်ချက်ကြောင့်နျူကလီးယားစစ်ပွဲကို ဦးတည်ခဲ့တာပါ။ ဒီဗုံးဟာ ယေဘုယျအားဖြင့် ၂၃,၅၀၀ ပေါင်အလေးချိန်ရှိပြီး တယ်လာအူလမ် သာမိုအဏုမြူဒီဇိုင်းကို အခြေခံထားတာကာ။ ဒီပေါက်ကွဲမှုဟာ မနက် ၆:၄၅ မှာ ဖြစ်ခဲ့ပါတယ်။ ထိုဗုံးဟာ လေယာဥ်နှင့်သယ်ဖို့ လုံးဝဆင်ပြေခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ ပထမဆုံး ဟိုက်ဒရိုဂျင်အခြေခံ ဗုံးတစ်လုံးဖြစ်ခဲ့ပါတယ်။

လွှတ်ချပြီးတဲ့အခါမှာတော့ စက္ကန့်အနည်းငယ်အကြာလောက်မှာ ၄ မိုင်ခွဲကြီးမားတဲ့ မှိုပုံစံတိမ် ဖြစ်ပေါ်လာပြီး အမြင့်ပေ ၁၃၀၀၀၀ ခန့်မြင့်ပါတယ်။ ဒီပေါက်ကွဲမှုဟာ ရေအောက်ကြမ်းပြင်မှာ အကျယ် အချင်းပေ၆၅၀၀ နှင့် ပေ၂၅၀ ခန့်နက်တဲ့ ကျွန်းစွယ်ကိုဖြစ်ပေါ်စေခဲ့တာပါ။

ref:youtube
trans:thegeektext

zawgyi

■ဟီရိုရွီးမားဗုံးထက္အဆ ၁၀၀၀ ပိုအားႀကီးေနခဲ့ေသာ Castle Bravo

၁၉၅၄ ခုႏွစ္မတ္လ ၁ ရက္ေန႔ကေတာ့ သမိုင္းမွာ န်ဴကလီယား မေတာ္တဆေပါက္ကြဲခဲ့တဲ့ေန႔တစ္ေန႔ျဖစ္ပါတယ္။ထိုေန႔မွာ ေတာ့ အေမရိကန္ျပည္ေထာင္စုဟာ သူတို႔ရဲ့အႀကီးဆုံး န်ဴကလီးယားစမ္းသပ္မႈႀကီးကိုလုပ္ေဆာင္ခဲ့ကာ။ Castle Bravo လို႔အမည္ေပးခဲ့ၿပီး မာရွယ္ကၽြန္းရဲ့ ဘီကီနီ အတိုးလ္မွာ ျပဳလုပ္ခဲ့တာပါ။ ဘရာဗို ဟာ Castle ေအာ္ပေရရွင္းရဲ့ တစ္စိတ္တစ္ေဒသျဖစ္ပါတယ္။

ဒါဟာ ေလယာဥ္ပ်ံကေနသယ္လို႔ရတဲ့န်ဴကလီးယားလက္နက္ေတြကို စမ္းသပ္တဲ့ ေအာ္ပေရးရွင္းပဲျဖစ္ပါတယ္။ ဒီဇိုင္းအမွားေၾကာင့္ ဒီေပါက္ကြဲမႈဟာ ၁၅ မက္ဂါတန္ေပါက္ကြဲခဲ့ၿပီး ခန႔္မွန္းထားတာထက္ ပိုျပင္းကာ ဟီရိုရွီးမားဗုံးထက္အဆ ၁၀၀၀ ပိုအားႀကီးေနခဲ့တာပါ။ ေပါက္ကြဲရာကေနထြက္ေပၚလာတဲ့ ေရဒီယိုသတၱဳႂကြေတြဟာ စတုရန္း ကီလိုမီတာ ၁၁,၀၀၀ အထိ ပ်ံ႕ကုန္တာပါ။

ေရဒီယိုသတၱဳႂကြေတြရဲ့ လမ္းေၾကာင္းကိုရွာေဖြတဲ့အခါမွာေတာ့ ၾသစေၾတးလ်၊အိႏၵိယ ဂ်ပန္ အေမရိကန္ႏွင့္ ဥေရာပေဒသေတြမွာေတြ႕ခဲ့ပါတယ္။ ဘီကီနီမွာေနၾကတဲ့လူအမ်ားဟာလည္း အျခားေသာကမ္းရိုးတန္းကိုေရြ႕ေျပာင္းေနထိုင္ခဲ့ရၿပီး ပစိဖိတ္ေဒသမွာ န်ဴကလီယား စမ္းသပ္တဲ့လုပ္ငန္းေတြကို စတင္လုပ္ေဆာင္ခဲ့ပါတယ္။ ဒီ စမ္းသပ္ခ်က္ကေတာ့၁၉၄၆ ခုႏွစ္မွာစျဖစ္ခဲ့တာပါ။ ရာသီဥတုအေျခအေနေတြေၾကာင့္ ဘရာဗိုစမ္းသပ္မႈေတြဟာ ပယ္ဖ်က္ခံခဲ့ရၿပီး ေရဒီယိုသတၱဳႂကြေတြေၾကာင့္ ရန္ဂါလပ္၊ ယူထရစ္ႏွင့္ အျခားေသာကမ္းရိုးတန္းေဒသေတြ အထိနာခဲ့ပါတယ္။ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ဘီကီနီကမ္းရိုးတန္းမွာ ေနထိုင္ခဲ့တဲ့လူေတြကို က်ေတာ့ သူတို႔ရဲ့အိမ္ဟာ ေနလို႔မရတဲ့အထိ ျဖစ္ခဲ့ၿပီး အနီးအနားမွာ ေရလုပ္ငန္းလုပ္ကိုင္ခဲ့တဲ့ ဂ်ပန္ ငါးဖမ္းသမားေတြကိုအေမရိကန္အစိုးရက တာဝန္ယူခဲ့ရပါတယ္။

ဒါ့ေၾကာင့္ သူတို႔ဟာ ဂ်ပန္ႏွင့္အတူ ပဋိပကၡေတြျဖစ္ခဲ့ၿပီး အေမရိကန္ရဲ့ လုပ္ေဆာင္ခ်က္ေၾကာင့္န်ဴကလီးယားစစ္ပြဲကို ဦးတည္ခဲ့တာပါ။ ဒီဗုံးဟာ ေယဘုယ်အားျဖင့္ ၂၃,၅၀၀ ေပါင္အေလးခ်ိန္ရွိၿပီး တယ္လာအူလမ္ သာမိုအဏုျမဴဒီဇိုင္းကို အေျခခံထားတာကာ။ ဒီေပါက္ကြဲမႈဟာ မနက္ ၆:၄၅ မွာ ျဖစ္ခဲ့ပါတယ္။ ထိုဗုံးဟာ ေလယာဥ္ႏွင့္သယ္ဖို႔ လုံးဝဆင္ေျပခဲ့ၿပီး ဒါဟာ အေမရိကန္ရဲ့ ပထမဆုံး ဟိုက္ဒရိုဂ်င္အေျခခံ ဗုံးတစ္လုံးျဖစ္ခဲ့ပါတယ္။

လႊတ္ခ်ၿပီးတဲ့အခါမွာေတာ့ စကၠန႔္အနည္းငယ္အၾကာေလာက္မွာ ၄ မိုင္ခြဲႀကီးမားတဲ့ မွိုပုံစံတိမ္ ျဖစ္ေပၚလာၿပီး အျမင့္ေပ ၁၃၀၀၀၀ ခန႔္ျမင့္ပါတယ္။ ဒီေပါက္ကြဲမႈဟာ ေရေအာက္ၾကမ္းျပင္မွာ အက်ယ္ အခ်င္းေပ၆၅၀၀ ႏွင့္ ေပ၂၅၀ ခန႔္နက္တဲ့ ကၽြန္းစြယ္ကိုျဖစ္ေပၚေစခဲ့တာပါ။

ref:youtube
trans:thegeektext