■အင်အားကြီးမားလာတဲ့ တရုတ်နဲ့ ပြောင်းလဲလာတဲ့ ဖိလစ်ပိုင်တို့‌ကြောင့် မတရားသိမ်းယူထား‌သော Spartly ကျွန်း နယ်မြေဒေသများကို ပြန်ပေးအပ်ဖို့လိုအပ်လာတဲ့ တရုတ်

News Militarily

■အင်အားကြီးမားလာတဲ့ တရုတ်နဲ့ ပြောင်းလဲလာတဲ့ ဖိလစ်ပိုင်တို့‌ကြောင့် မတရားသိမ်းယူထား‌သော Spartly ကျွန်း နယ်မြေဒေသများကို ပြန်ပေးအပ်ဖို့လိုအပ်လာတဲ့ တရုတ်

တရုတ်ဟာ လောဘကြီးအတောမသတ်နိုင်တဲ့ အနိုင်ကျင့်သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ သို့ပေမယ့် အရှေ့တောင်အာရှနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်‌အတွင်း ၎င်းရဲ့ အနိုင်ကျင့်မှုတွေကိုဆက်လက်သည်းခံကြတော့မှာမဟုတ်ပါဘူး၊တဂယ်တော့ ရဲရင့်တဲ့ ဗီယက်နမ်နဲ့ ပြောင်းလဲလာတဲ့ ဖိလစ်ပိုင်တို့‌ကြောင့် တရုတ်ဟာ တရားမဝင်သိမ်းပိုက်ထားတဲ့ Spratly ကျွန်း အစိတ်အပိုင်းများကို ပြန်လည်ပေးအပ်ဖို့ လိုအပ်လာတဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်၊

Spratly ကျွန်းနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ အခြေအနေတွေက ဘာဖြစ်မလဲ

Spratly ကျွန်းစုများဟာတောင်တရုတ်ပင်လယ်တွင်တည်ရှိသောကျွန်းစုများဖြစ်ပါတယ်၊ ၎င်းဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်တောင်ပိုင်းနှင့်မလေးရှားကမ်းလွန်တွင်တည်ရှိ ပြီး ငါးဖမ်းခြင်းကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များပေါများတယ် လို့ယုံကြည်ကြပါတယ်၊ဒါ့အပြင် စစ်ဗျူဟာ မြောက် သင်္ဘောလမ်းကြောင်းပေါ်မှာတည်ရှိနေတာကြောင့် စစ်ရေးအရလည်း အသုံးဝင်လျက်ရှိပါတယ်၊

၁၉၈၈ ခုနှစ်မတိုင်မီအထိ ကျွန်းစုရှိအဓိကသဘာဝကျွန်းများဟာ ဗီယက်နမ်ရဲ့ လက်အောက်တွင်ရှိခဲ့ပါတယ်၊ သို့သော် ၁၉၈၈ ခုနှစ်တွင်တရုတ်ဟာ Spratly ကျွန်းစုတိုက်ပွဲတွင်ဗီယက်နမ်သင်္ဘောသား ၇၄ ဦး ကိုသတ်ခဲ့ပြီး Spratly ကျွန်းစု ရဲ့ နယ်ပယ် အစိတ်အပိုင်းအများစုကို သိမ်းပိုက်ခဲ့ပါတယ်၊

ယခု အချိန်မှာတော့ မလေးရှား၊ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ရဲ့ စစ်အင်အားစုများဟာ Spratly ကျွန်းရဲ့ ဒေသ အသီးသီးကို ထိန်းချုပ်ထားလျက်ရှိပါတယ်၊ သို့သော် ကျွန်းစုမှာရှိတဲ့ တချို့ကျွန်းတွေဟာ နိုင်ငံတကာဥပဒေတွေ အခြေခံမျှတောင်မပါဝင်တာကြောင့် တရုတ်ရဲ့ အပြုအမူတွေဟာ ပိုမိုပြီး ရဲတင်းလာခဲ့ပါတယ်၊ ၎င်းဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ချုပ်ကိုင်နိုင်ဖို့အတွက် စိတ်ကူးယဉ် “ ရှေးဟောင်းပင်လယ်ရေကြောင်း မူဝါဒ “ ကို အသုံးပြုကာ Spratly ကျွန်းစုကို ချုပ်ကိုင်နိုင်တဲ့ အချုပ်အခြာအာဏာကိုတောင်းဆိုခဲ့ပါတယ်၊

ဖိလစ်ပိုင်ရဲ့ ပြောင်းလဲလာတဲ့ စိတ်နေစိတ်ထား

၁၉၈၈ခုန‌စ်လောက်ကတည်း က တရုတ်ဟာ Spratly ကျွန်းကို တရားဝင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ထောက်ထားခြင်းမရှိဘဲ ထိန်းချုပ်လျက်ရှိပါတယ်၊ ဖိလစ်ပိုင်၊မလေးရှားနဲ့ ဗီယက်နမ်တို့ဟာ တရုတ်ရဲ့ တရားမဝင်အပြုအမူတွေကို ဆန့်ကျင်ခဲ့ကြပါတယ်၊ သို့ပေမယ့် အာဆီယံနိုင်ငံတွေဟာ တရုတ်ရဲ့ အာဏာစက်ကို တွန်းလှန်ဖို့အတွက်အင်အား အလုံအလောက်မရှိခဲ့ပါဘူး၊ နှစ်တွေ ကြာပြီးတဲ့အခါမှာတော့ အခြေအနေအားလုံးဟာ ပြောင်းလဲလာခဲ့ပါပြီ၊ ဥပမာအနေနဲ့ ဖိလစ်ပိုင်ရဲ့ အခြေအနေကိုကြည့်ရအောင်

ဖိလစ်ပိုင်ဟာ တရုတ်ကို ယခင်ကထပ် ပိုမိုဆန့်ကျင်လာခဲ့ပါတယ်၊ ပြီးခဲ့တဲ့ နှစ်တွေမှာ တရုတ်ထောက်ခံသူ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte အပေါ်ထောက်ခံမှု နှုန်းဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်၊ခုဆိုရင် ဖိလစ်ပိုင်တွင် နောက်နှစ်မှာ မဲပေးရမှာဖြစ်ပြီး တရုတ်ကိုဆန့်ကျင်ကာ အမေရိကန်ကိုအားပေးထောက်ခံမည့် သမ္မတကို ရွေးကောက်တင်မြှောက်ရန် မျှော်လင့်နေကြပါတယ်၊တရုတ်ရဲ့ အင်အားဟာ ကြီးမားလာတာကြောင့် ဖိလစ်ပိုင်ဟာ တရုတ်ရဲ့ ကျူးကျော်မှုကို ပြန်လည်တွန်းလှန်ဖို့လိုအပ်ပါတယ်၊

ယခုအချိန်မှာ‌တောင် စစ်တပ်နှင့်လုံခြုံရေးထိပ်တန်းအရာရှိများပါဝင်သောဖိလစ်ပိုင်ကာကွယ်ရေးအဖွဲ့အစည်းဟာ ၎င်းတို့နိုင်ငံရဲ့လိုလားသောသမ္မတနှင့်ပတ်သက်ပြီး အငြင်းပွားနေကြပါတယ်၊ ဖိလစ်ပိုင် စစ်တပ်ခေါင်းဆောင်များ ပင် တရုတ်ကိုတွန်းလှန်မည့် တရုတ်ဆန့်ကျင်ရေးသမ္မတအသစ်အားတာဝန်ယူ‌ စေရန် မျှော်လင့်နေကြပါတယ်၊

ယခုနှစ်မတ်လတွင်ဖိလစ်ပိုင်ဟာ အသံထက်မြန်သည့် BrahMos ဒုံးကျည်ကို တင်သွင်းရန် အိန္ဒိယနှင့်သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်၊

အားကောင်းလာတဲ့ဗီယက်နမ်

ဖိလစ်ပိုင်က တရုတ်ကို ဆန့်ကျင်နေချိန်မှာ ဟနွိုင်းကလည်း ဘေကျင်းအပေါ် မလိုမကျဖြစ်နေပါတယ်၊ ၁၉၇၉ ခုနှစ်မှာဆိုရင် ဗီယက်နမ်ဟာ တရုတ်ရဲ့ ကျူးကျော်ရန်ကြိုးပမ်းမှုကိုတောင် တွန်းလှန်နိုင်ခဲ့ပါတယ်၊

ပြီးခဲ့တဲ့ နှစ်တွေက ဗီယက်နမ်ဟာ တရုတ်စိတ်ကူးထားတာထပ်ကို ပိုတဲ့ ခြိမ်းခြောက်မှုမျိုး ပြုလုပ်ရန် စီစဉ်ခဲ့ပါတယ်၊ တရုတ်ရဲ့ လက်အောက်မှ ရုန်းထွက်နေကြသော နိုင်ငံတကာ ကုမ္ပဏီများကြားတွင် ဟနွိုင်း ကမမျှော်လင့်ပဲအောင်မြင်ခဲ့ပါတယ်၊ ၂၀၁၈ ဧပြီနဲ့ ၂၀၁၉ ဩဂုတ်လကြားတွင် ဘေဂျင်းနှင့်ဝါရှင်တန်အကြားကုန်သွယ်ရေးစစ်ပွဲကြောင့်ကုမ္ပဏီ ၅၆ ခုဟာ ၎င်းတို့ရဲ့ ထုတ်လုပ်မှုများကိုတရုတ်မှ ရုန်းထွက်ခဲ့ပြီး ဗီယက်နမ်ဟာ ထိုကုမ္ပဏီ ၂၆ ခုကိုဆွဲဆောင်နိုင်ခဲ့ပါတယ်၊

စစ်ရေးအင်အားအရ ဗီယက်နမ်ဟာ တရုတ်ရဲ့ ရန်ပြုမှုကို တုန့်ပြန်နိုင်ပါတယ်၊ဟနွိုင်းကလည်း တောင်တရုတ်ပင်လယ်တွင်၎င်းရဲ့ကိုယ်ပိုင်ရေကြောင်းပြည်သူ့စစ်တပ်ကိုတည်ဆောက်နေတယ်လို့ သတင်းများကဖော်ပြကြပါတယ်၊ ဗီယက်နမ်ပြည်သူ့စစ်တပ်ဖွဲ့တွင် ငါးဖမ်းလှေ ၈၀၀၀ နှင့်ငါးဖမ်းသမား ၄၆၀၀၀ ပါဝင်သည်ဟု ဥရောပသမဂ္ဂကခန့်မှန်းပေမယ့်တရုတ်စစ်တပ်မဂ္ဂဇင်းက ငါးဖမ်းလုပ်သားဦးရေကို ၇၀၀၀၀ ကျော်ဟု သတ်မှတ်ထားပါတယ်၊

တောင်တရုတ်ပင်လယ်အတွင်း အခြား‌နိုင်ငံများရဲ့အကျိုးစီးပွားကိုနှောင့်ယှက်တဲ့တရုတ် ရေလုပ်သားပြည်သူ့စစ်သားတွေကိုတန်ပြန်ဖို့အတွက်ဗီယက်နမ်ဟာခိုင်မာတဲ့ရေကြောင်းပြည်သူ့စစ်တပ်တစ်ခုကိုတည်ဆောက်နေပါတယ်၊

တစ်ချိန်တည်းမှာပင်ဟနွိုင်းဟာ မော်စကိုနှင့်တိုကျိုနှစ်ခုစလုံးရဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုလည်းအာမခံခဲ့သလို ဂျပန်နိုင်ငံကလည်း တိုကျိုအား ကာကွယ်ရေးနည်းပညာကိုအရှေ့တောင်အာရှနိုင်ငံသို့ လွှဲပြောင်း ခွင့်ပြုသည့် ဗီယက်နမ်နှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်၊

ရုရှား ဟာ တရုတ်အတွက်ဘေးအန္တရာယ်ဖြစ်စေနိုင်သော နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများ ဖြင့်ဗီယက်နမ်ကို လက်နက်တပ်ဆင် ရန်ကြိုးစားနေပြီးဗီယက်နမ်ကလည်း Spratly ကျွန်းစုများနှင့်ဝေးရာသို့ တရုတ်အားမောင်းထုတ်ရန်ပြင်ဆင်နေသည်မှာ အတိအကျပင်ဖြစ်ပါတယ်၊

ပိုမိုအားကောင်းလာသည့်ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့‌ ကြောင့် တရုတ်ဟာ Spratly ကျွန်းများအားတရားမဝင်သိမ်းပိုက်ထားသောနယ်‌ မြေ များကိုနောက်ဆုံးတွင်စွန့်လွှတ်တော့မည်ဖြစ်ပါတယ်၊ဖိလစ်ပိုင်နှင့်ဗီယက်နမ်တို့ပိုမိုအားကောင်းလာလျှင်တရုတ်ဟာ နောက်ဆုံး မြေကိုစွန့်လွှတ်ပြီး၎င်းရဲ့ တရားမဝင်တောင်းဆိုမှုများကိုလက်လျှော့သွားလိမ့်မည်ဖြစ်ပါတယ်၊

Ref : TFIGlobal
Trans : Evelyn