■ဟီရိုရှီးမားပေါ်ကြဲချခဲ့တဲ့ဗုံးထက် အဆ ၃၀၀၀ လောက်အင်အားကြီးမားတဲ့ satan 2 bomb စေတန် ၂

Article Knowledge Militarily

■ဟီရိုရှီးမားပေါ်ကြဲချခဲ့တဲ့ဗုံးထက် အဆ ၃၀၀၀ လောက်အင်အားကြီးမားတဲ့ satan 2 bomb စေတန် ၂

၂၀၁၉ ခုနှစ် ဗလက်မယ်ပူတင်ကတော့ စေတန် ၂ နျူကလီယားဗုံးကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ ရုရှားခေါင်းဆောင်ဟာ သူ့ရဲ့ အင်အားကြီးတဲ့ သတင်းကိုကြေညာခဲ့ပြီး ဘယ်လိုမျိုးခံတပ်စနစ်ကိုမဆို ဖျက်ဆီးနိုင်တယ်လို့ အထပ်ထပ်အခါခါ စမ်းသပ်ပြီးတဲ့အခါမှာ ကြေညာခဲ့တာပါ။ ဒီဗုံးဟာ ဟီရိုရှီးမားပေါ်ကြဲချခဲ့တဲ့ဗုံးထက် အဆ ၃၀၀၀ လောက်အင်အားကြီးပါတယ်။ ဒါကြောင့် သူ့ရဲ့ပြင်းအားကို ခန့်မှန်းတွက်ချက်လို့မရပါဘူး။

ဒီစမ်းသပ်ချက်ကတော့ ပူတင်ဟာ ကမ္ဘာတစ်ခုလုံးကို စစ်ဖြစ်ရင် အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုကြေညာလိုက်သလိုပါပဲ။ အထူးသဖြင့် ဗြိတိန်နိုင်ငံပဲဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း သရီဇာမေက ၂၃ ယောက်သော ရုရှားပညာတတ်တွေက ဆာလ်ဘယ်ရီမှာ သူတို့ရဲ့ အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ဆာဂေးစခရသ်ပါလ်နှင့် သူ့ရဲ့သမီးကို အဆိပ်ခတ်သတ်လိုက်လို့ နှင်ထုတ်ပစ်ခဲ့တာပါ။

ဗုံးဟာ အင်္ဂလန်နိုင်ငံနှင့် ဝေးလ်စ် ကို ဖျက်ဆီးနိုင်ပြီး သူ့မှာ အံအားသင့်စရာကောင်းတဲ့ လွှင့်တင်ချိန်မှာပေါက်ကွဲတဲ့ အဆင့်တစ်ခုရှိပါတယ်။ဒါ့ကြောင့်အမေရိကန် ဂြိုဟ်တုတွေက လွယ်လွယ်ကူကူ သတင်းထောက်လှမ်းနိုင်ခဲ့ကာ။ ဒါပေမယ့်လည်း ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ သွားတဲ့လမ်းကြောင်းကိုပိုတိုးထားတာနှင့်အမျှ တိုတဲ့ မြောက်ဝင်ရိုးစွန်းလမ်းကြောင်းထက်စာရင်တောင်ဝင်ရိုးစွန်းလမ်းကြောင်းကနေ အနာက်ပိုင်းမှာရှိတဲ့ ပစ်မှတ်ကိုထိအောင် သွားလို့ရတာပါ။

ဆိုလိုတာကတော့ ဒါဟာ အမေရိကန် ထောက်လှမ်းရေး ဂြိုဟ်တုတွေဟာ ထောက်လှမ်းလို့မရဘူးလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ မြောက်ကိုးရီးယားရဲ့ဒုံးကျည်တွေနှင့်စစ်ဆင်ရေးနည်းပညာတွေကို စိတ်ဝင်စားလာတာနှင့်အမျှ ပြုံးယန်းဒေသမှာက ၁၉၅၀ ခုနှစ်နှင့် ၁၉၆၀ ပြည်နှစ်တွေကပင်လိုအပ်တဲ့ နျူကလီးယားနည်းပညာတွေကို အစစ်အမှန်တီထွင်နေကြပါပြီ။

ရုရှားနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကလဲ စစ်ရေးလက်နက်တွေနှင့်ပတ်သက်ပြီး တော့ စာချုပ်ချုပ်ဆိုထားပြီးတိုးတက်အောင်ပြုလုပ်နေပါတယ်။နိုင်ငံနှစ်နိုင်ငံလုံးက ကျူးကျော်သူတွေကို ချေမှုန်းဖို့အတွက်ကုန်းမြေကော ပင်လယ်ပါမကျန် ဖျက်ဆီးလို့ရမယ့် နျူကလီးယားလက်နက်ကိုတီထွင်နေကြတာပါ။

ref:youtube
trans:thegeektext

zawgyi






ref:youtube
trans:thegeektext