TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ရှောင်လင်သိုင်းဘုန်းကြီးမျိုးဆက်ရဲ့ ၃၄ဆက်မြောက်မျိုးဆက်ဖြစ်တဲ့ ရှီယန်မင်

ပထမဆုံးတစ်ယောက်ကတော့ သေစေနိုင်လောက်တဲ့ လှုပ်ရှားမှုတွေနဲ့ တရုတ်နိုင်ငံ ယူမဒီယမ် က အသက်ငါးဆယ့်ခြောက်နှစ်ရှိပြီဖြစ်တဲ့ရှောင်လင်ဘုန်းကြီး ရှီဖူရှီ ယန်မင်ဖြစ်ပါတယ်။အပြင်ပန်းမှာတော့ သူက အပြစ်ကင်းတယ် အေးချမ်းတယ် အန္တရာယ် ကင်းတဲ့ပုံပါပဲ။

ဒါပေမဲ့ သူကို သွားပြီး ဒုက္ခပေးလို့မဖြစ်ပါဘူး။ရှောင်လင်သိုင်းဘုန်းကြီး မျိုးဆက်ရဲ့ ၃၄ဆက်မြောက်မျိုးဆက်ဖြစ်တဲ့ ရှီယန်မင်ဟာ ရှောင်လင်ကိုယ်ခံပညာကို အမှန်တကယ်တတ်ကျွမ်းပြီး ခန္ဓာကိုယ်တောင့်တင်းသန်မာတဲ့လူတွေကိုတောင် အနိုင်တိုက်နိုင်တဲ့စွမ်းရည်ရှိပါတယ်။

သင်မြင်တဲ့အတိုင်းပါပဲ သူရဲ့လှုပ်ရှားမှုတွေက တိကျပြီးပြတ်သားတယ်လေ။ဒါကြောင့်ပဲ ၁၉၉၂ မှာ ပထမဆုံးသောရှောင်လင်ဘုန်းတော်ကြီးလှည့်လည်ပွဲမှာ ပါဝင်ဖို့ အမေရိကန်နိုင်ငံကနေဖိတ်ကြားခြင်းခံရပါတယ်။

၁၉၉၄ ဒီဇင်ဘာလမှာတော့ နယူးယောက်မြို့မှာ USA ရှောင်လင်ဘုန်းတော်ကြီးကျောင်းကိုတည်ထောင်ခဲ့ပြီး လက်ရှိမှာ ရှောင်လင်ကိုယ်ခံပညာရပ်ကိုသင်ကြားပေးနေပါတယ်။နာမည်ကြီးအနုပညာရှင်တွေအပါအဝင် သင်တန်းသားရာပေါင်းများစွာကို ကွန်ဖူးလို ကိုယ်ခံပညာတွေသင်ကြားပေးနေတာပါ။

အခုလို ထူးခြားတဲ့ကျွမ်းကျင်မှုကြောင့် မီဒီယာက သူ့ကို မျက်စိကျခဲ့ပြီး MTV ၊ BBC ၊ History channel ၊ National Geographic (နရှင်နယ် ဂျီအိုဂရပ်ဖစ်)နဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ခု စတာတွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ေရွာင္လင္သိုင္းဘုန္းႀကီးမ်ိဳးဆက္ရဲ့ ၃၄ဆက္ေျမာက္မ်ိဳးဆက္ျဖစ္တဲ့ ရွီယန္မင္
ပထမဆုံးတစ္ေယာက္ကေတာ့ ေသေစနိုင္ေလာက္တဲ့ လႈပ္ရွားမႈေတြနဲ႔ တ႐ုတ္နိုင္ငံ ယူမဒီယမ္ က အသက္ငါးဆယ့္ေျခာက္ႏွစ္ရွိၿပီျဖစ္တဲ့ေရွာင္လင္ဘုန္းႀကီး ရွီဖူရွီ ယန္မင္ျဖစ္ပါတယ္။အျပင္ပန္းမွာေတာ့ သူက အျပစ္ကင္းတယ္ ေအးခ်မ္းတယ္ အႏၲရာယ္ ကင္းတဲ့ပုံပါပဲ။
ဒါေပမဲ့ သူကို သြားၿပီး ဒုကၡေပးလို႔မျဖစ္ပါဘူး။ေရွာင္လင္သိုင္းဘုန္းႀကီး မ်ိဳးဆက္ရဲ့ ၃၄ဆက္ေျမာက္မ်ိဳးဆက္ျဖစ္တဲ့ ရွီယန္မင္ဟာ ေရွာင္လင္ကိုယ္ခံပညာကို အမွန္တကယ္တတ္ကၽြမ္းၿပီး ခႏၶာကိုယ္ေတာင့္တင္းသန္မာတဲ့လူေတြကိုေတာင္ အနိုင္တိုက္နိုင္တဲ့စြမ္းရည္ရွိပါတယ္။
သင္ျမင္တဲ့အတိုင္းပါပဲ သူရဲ့လႈပ္ရွားမႈေတြက တိက်ၿပီးျပတ္သားတယ္ေလ။ဒါေၾကာင့္ပဲ ၁၉၉၂ မွာ ပထမဆုံးေသာေရွာင္လင္ဘုန္းေတာ္ႀကီးလွည့္လည္ပြဲမွာ ပါဝင္ဖို႔ အေမရိကန္နိုင္ငံကေနဖိတ္ၾကားျခင္းခံရပါတယ္။
၁၉၉၄ ဒီဇင္ဘာလမွာေတာ့ နယူးေယာက္ၿမိဳ႕မွာ USA ေရွာင္လင္ဘုန္းေတာ္ႀကီးေက်ာင္းကိုတည္ေထာင္ခဲ့ၿပီး လက္ရွိမွာ ေရွာင္လင္ကိုယ္ခံပညာရပ္ကိုသင္ၾကားေပးေနပါတယ္။နာမည္ႀကီးအႏုပညာရွင္ေတြအပါအဝင္ သင္တန္းသားရာေပါင္းမ်ားစြာကို ကြန္ဖူးလို ကိုယ္ခံပညာေတြသင္ၾကားေပးေနတာပါ။
အခုလို ထူးျခားတဲ့ကၽြမ္းက်င္မႈေၾကာင့္ မီဒီယာက သူ႔ကို မ်က္စိက်ခဲ့ၿပီး MTV ၊ BBC ၊ History channel ၊ National Geographic (နရွင္နယ္ ဂ်ီအိုဂရပ္ဖစ္)နဲ႔ ႐ုပ္ရွင္ဇာတ္ကားႏွစ္ခု စတာေတြမွာ ပါဝင္ခြင့္ရခဲ့ပါတယ္။
Ref:youtube
Trans:thegeektext