■ဖန်တီးခဲ့သမျှထဲတန်ဖိုးအကြီးဆုံး စစ်လက်နက်များ နံပတ်စဥ် 5 (Boeing F/A-18E/F Super hornet)

Article Knowledge Militarily

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဖန်တီးခဲ့သမျှထဲတန်ဖိုးအကြီးဆုံး စစ်လက်နက်များ နံပတ်စဥ် 5 Boeing F/A-18E/F Super hornet(စူပါ ဟောနက်)

■Boeing F/A-18E/F Super hornet(စူပါ ဟောနက်)
ဒေါ်လာ ၉၀.၈ မီလီယမ်
Super Hornet ဟာ အဆင့်မြင့်လေယာဥ်တစ်စင်း၊ ထိပ်တန်းလက်နက်တစ်ခုဖြစ်ပြီး စျေးနှုန်းလည်းမြင့်မားပါတယ်ရှင်။

လေယာဥ်တစ်စီးတည်းနဲ့ ၉၀.၈ မီလီယမ်ဒေါ်လာ ကုန်ကျတဲ့ဒီငွေပမာဏဟာ ဆနဖရန်စစ်စကိုမှာရှိတဲ့ လူတစ်ယောက်ချင်းစီတိုင်းကို အမေရိကန်ဒေါ်လာ ၉၀ ပေးနိုင်တဲ့အပြင် သင်သုံးစွဲဖို့ နှစ်သန်းလောက်ကျန်နေအုံးမှာပါ။လေယာဥ်ဟာ တန်ချိန် ၄၇၀၀၀ ပေါင်လေးပြီး တစ်နာရီကို ၁၉၀၀ မိုင်နှုန်းသွားနိုင်ပါတယ်။ဘယ်လို ကာကွယ်ရေးနည်းပညာတွေနဲ့ လက်နက်တွေက ၉၀.၈ မီလီယမ်ဒေါ်လာ တန်ကြေးရှိတာပါလိမ့်။

ဒီတိုက်ခိုက်ရေးလေယာဥ်မှာ လေယာဥ်တင်လေယာဥ်ခွင်း ဒုံးကျည်များ၊ လေပေါ်မှမြေပြင်သို့ပစ်နိုင်သော ဒုံးကျည်များနဲ့ ဗုံးများကို ပစ်လွှတ်နိုင်သော အတောင်ပံနှစ်ဖက်ရှိလက်နက်ထားရာနေရာအပါအဝင် လက်နက်သိုလှောင်စရာ ၁၁ နေရာပါရှိတာပါ။တိုက်လေယာဥ်မှာ တစ်မိနစ်ကို အချက်ပေါင်း ၆၀၀၀ ပစ်ခတ်နိုင်တဲ့ ၂၀ မီလီမီတာ စက်သေနတ်လည်း တပ်ဆင်ထားပါတယ်။

ဒီဂျက်လေယာဥ်ဟာ ပျက်စီးမှုအမြောက်အများ ဖြစ်စေမယ်ဆိုတာ ပြောစရာတောင်မလိုတော့ပါဘူး။လေကြောင်းပြပွဲတစ်ခုမှာ အနည်းငယ်မတော်တဆ ထိခိုက်မိတာလွဲလို့ super hornet ဟာ အက်စီးဒန့်နဲ့ ရန်သူ့လေယာဥ်တွေရဲ့ ပစ်ချခြင်း မခံခဲ့ရဖူးပါဘူး။၈၂ မီလီယမ် ဒေါ်လာ စာချုပ်ရဲ့တစိတ်တပိုင်းအဖြစ် ရေတပ်ဟာ ဘိုးအင်းကို ဆုချီးမြင့်တဲ့အနေနဲ့ တိုက်လေယာဥ်အတွက် အနီအောက်ရောင်ခြည်ရှာဖွေမှုနဲ့ ခြေရာခံစနစ် တိုးမြင့်ဖို့လုပ်ဆောင်ခဲ့ပါတယ်။

သုတေသနလုပ်ငန်း တိုးမြင့်ဆောင်ရွက်တာတွေ၊ ဒီဂျက်လေယာဥ်တွေ လက်နက်ပစ္စည်း ၊ကာကွယ်ရေးစနစ် စတာတွေကို တည်ဆောက်ခြင်းတွေဟာ ခန့်မှန်းခြေ ၅၇.၈ ဘီလီလျံ ဒေါ်လာ ကုန်ကျတာဖြစ်ပါတယ်ရှင်။

ref:youtube
trans:thegeektext

zawgyi


ဒေါ်လာ ၉၀.၈ မီလီယမ်
Super Hornet ဟာ အဆင့်မြင့်လေယာဉ်တစ်စင်း၊ ထိပ်တန်းလက်နက်တစ်ခုဖြစ်ပြီး ဈေးနှုန်းလည်းမြင့်မားပါတယ်ရှင်။





ref:youtube
trans:thegeektext

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။