■ပင်လယ်သမုဒ္ဒရာ နှစ်ခုကြားက စည်း

Knowledge Article

■ပင်လယ်သမုဒ္ဒရာ နှစ်ခုကြားက စည်း

ပင်လယ်သမုဒ္ဒရာတွေက တစ်ခုနှင့်တစ်ခုသီးသန့်မဖြစ်နေဘူးဆိုတာ ပရိသတ်ကြီးသိပါသလား။ အများစုကတော့ တစ်နေရာရာမှာတွေ့ဆုံကြပါတယ်။ ဥပမာ အတ္တလန်တိတ်သမုဒ္ဒရာနှင့်ပစိဖိတ်သမုဒ္ဒရာတို့ဟာ ဒရိတ်ကြားနယ်မြေမှာ ၈၀၀ ကီလိုမီတာထိအောင် ပေါင်းစပ်နေကြတာပါ။

တကယ်လို့ပရိသတ်ကြီးထင်တဲ့အတိုင်း ဒီသမုဒ္ဒရာနှစ်ခုရဲ့ရေတွေက ရိုးရှင်းစွာပေါင်းစပ်နေရင် သူတို့ကြားက နယ်နိမိတ်ကို မြေပုံတွေ ကိုသြဒီနိတ်တွေသုံးပြီးတော့သာ သတ်မှတ်နိုင်ပါတယ်။ တကယ်တမ်းဆိုရင် မတူညီတဲ့သမုဒ္ဒရာကရေတွေနှင့် မတူညီတဲ့မြစ်ထဲကရေတွေဟာ ဘယ်တော့မှ မရောယှက်ပါဘူး။ ဒါဟာ အကြောင်းအရာပေါင်းများစွာကြောင့်ဖြစ်တာပါ။

ဒါပေမယ့် ပထမဦးဆုံးအနေနဲ့ ဒါဟာ သူတို့ရဲ့ဆားပါဝင်မှုနှင့် သိပ်သည်းမှုပေါ်မှာမူတည်ပါတယ်။ ဒီလို မျက်နှာပြင်သိပ်သည်းမှုတွေဟာ ရေနှစ်မျိုးကြားထဲမှာ စည်းမျဥ်းသဖွယ်ဖြစ်ပေါ်စေပြီး ရေတွေရောနှောခြင်းမှ ကာကွယ်ပေးပါတယ်။ ပုံမှန်အားဖြင့် သမုဒ္ဒရာ ၂ ခုကြားကနယ်နိမိတ်လိုင်းဟာ သာမန်မျက်စိဖြင့်ကြည့်ရင်မြင်ရပီး။ ဘာလို့လဲဆိုတော့ သူတို့ဟာ အရောင်အားဖြင့်မတူညီကြလို့ပါ။

စကားမစပ် ဒီအဖြစ်အပျက်ကို သိပ္ပံနည်းအရ ဟေလိုကလိုင်းဖြစ်ရပ်လို့ခေါ်ပါတယ်။ ဒါကို ဦးစွာ ယက်ယီဗ် ကူစတို့ဗ် က ဂီဘရာလ်တာကို သွားရောက်နေစဥ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကို ဖန်ခွက်ထဲမှာ အတ္တလန်တိတ်သမုဒ္ဒရာကရေနှင့် ပစိဖိတ်သမုဒ္ဒရာကရေ ကိုရောနှောစမ်းသပ်ကြည့်ရင်တော့ အကျိုးသက်ရောက်မှုဟာအတူတူပဲဖြစ်မှာပါ။ သို့ပေမယ့်လည်း ဒီပြဿနာမှာတော့ အလျားလိုက်ထက် ဒေါင်လိုက်ဟေလိုကလိုင်းဖြစ်ရပ်ဖြစ်ပေါ်မှာပါ။

ref:youtube
trans:thegeektext

zawgyi

■ပင္လယ္သမုဒၵရာ ႏွစ္ခုၾကားက စည္း

ပင္လယ္သမုဒၵရာေတြက တစ္ခုႏွင့္တစ္ခုသီးသန႔္မျဖစ္ေနဘူးဆိုတာ ပရိသတ္ႀကီးသိပါသလား။ အမ်ားစုကေတာ့ တစ္ေနရာရာမွာေတြ႕ဆုံၾကပါတယ္။ ဥပမာ အတၱလန္တိတ္သမုဒၵရာႏွင့္ပစိဖိတ္သမုဒၵရာတို႔ဟာ ဒရိတ္ၾကားနယ္ေျမမွာ ၈၀၀ ကီလိုမီတာထိေအာင္ ေပါင္းစပ္ေနၾကတာပါ။

တကယ္လို႔ပရိသတ္ႀကီးထင္တဲ့အတိုင္း ဒီသမုဒၵရာႏွစ္ခုရဲ့ေရေတြက ရိုးရွင္းစြာေပါင္းစပ္ေနရင္ သူတို႔ၾကားက နယ္နိမိတ္ကို ေျမပုံေတြ ကိုၾသဒီနိတ္ေတြသုံးၿပီးေတာ့သာ သတ္မွတ္နိုင္ပါတယ္။ တကယ္တမ္းဆိုရင္ မတူညီတဲ့သမုဒၵရာကေရေတြႏွင့္ မတူညီတဲ့ျမစ္ထဲကေရေတြဟာ ဘယ္ေတာ့မွ မေရာယွက္ပါဘူး။ ဒါဟာ အေၾကာင္းအရာေပါင္းမ်ားစြာေၾကာင့္ျဖစ္တာပါ။

ဒါေပမယ့္ ပထမဦးဆုံးအေနနဲ႔ ဒါဟာ သူတို႔ရဲ့ဆားပါဝင္မႈႏွင့္ သိပ္သည္းမႈေပၚမွာမူတည္ပါတယ္။ ဒီလို မ်က္ႏွာျပင္သိပ္သည္းမႈေတြဟာ ေရႏွစ္မ်ိဳးၾကားထဲမွာ စည္းမ်ဥ္းသဖြယ္ျဖစ္ေပၚေစၿပီး ေရေတြေရာေႏွာျခင္းမွ ကာကြယ္ေပးပါတယ္။ ပုံမွန္အားျဖင့္ သမုဒၵရာ ၂ ခုၾကားကနယ္နိမိတ္လိုင္းဟာ သာမန္မ်က္စိျဖင့္ၾကည့္ရင္ျမင္ရပီး။ ဘာလို႔လဲဆိုေတာ့ သူတို႔ဟာ အေရာင္အားျဖင့္မတူညီၾကလို႔ပါ။

စကားမစပ္ ဒီအျဖစ္အပ်က္ကို သိပၸံနည္းအရ ေဟလိုကလိုင္းျဖစ္ရပ္လို႔ေခၚပါတယ္။ ဒါကို ဦးစြာ ယက္ယီဗ္ ကူစတို႔ဗ္ က ဂီဘရာလ္တာကို သြားေရာက္ေနစဥ္မွာ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ဒါကို ဖန္ခြက္ထဲမွာ အတၱလန္တိတ္သမုဒၵရာကေရႏွင့္ ပစိဖိတ္သမုဒၵရာကေရ ကိုေရာေႏွာစမ္းသပ္ၾကည့္ရင္ေတာ့ အက်ိဳးသက္ေရာက္မႈဟာအတူတူပဲျဖစ္မွာပါ။ သို႔ေပမယ့္လည္း ဒီျပႆနာမွာေတာ့ အလ်ားလိုက္ထက္ ေဒါင္လိုက္ေဟလိုကလိုင္းျဖစ္ရပ္ျဖစ္ေပၚမွာပါ။

ref:youtube
trans:thegeektext