■နှစ်ပေါင်း ၂၀ ကျော်တိုင်အောင် ရေတွင်းအိမ်လေးထဲ နေထိုင်နေတဲ့ သနားစရာကိုလမ်ဘီယမ် လင်မယားနှစ်ယောက်

Article Social News

■နှစ်ပေါင်း ၂၀ ကျော်တိုင်အောင် ရေတွင်းအိမ်လေးထဲ နေထိုင်နေတဲ့ သနားစရာကိုလမ်ဘီယမ် လင်မယားနှစ်ယောက်

ရေတွင်းအိမ်
သင်ဟာ တစ်ပြားတစ်ချပ်မှ မကုန်စေဖို့အတွက် ဂူထဲမှာပဲ နေစရာမလိုပါဘူး
ကိုလမ်ဘီယမ် လင်မယားနှစ်ယောက်ဆိုရင် ရေတွင်းထဲမှာ နေထိုင်တာပါ။

နှစ်ပေါင်း ၂၀ ကျော်တိုင်အောင် ၆၂ နှစ်အရွယ် ရက်စ်စတရီပို ဟာ မိန်းမဖြစ်သူ မာရီယာ ဂါဆီယာနှင့် ခွေးတစ်ကောင်နှင့်အတူ မယ်ဒယ်လင်မြို့ရဲ့ မြေအောက်ရေတွင်းတွေမှာ နေထိုင်ပါတယ်။

ဒီ စွန့်ပစ်ထားတဲ့ ရေတွင်းဟောင်းဟာ ၃ မီတာသာ ကျယ်ဝန်းပြီး ၂ မီတာသာနက်ပါတယ်။ လင်မယားနှစ်ယောက်ဟာ နေရာကျဥ်းကျဥ်းလေးမှာ မီးတပ်ထားတဲ့ ပန်ကာ၊ TV ၊ မီးဖို၊ နှင့် ပေါင်းအိုးတို့ကို တပ်ဆင် အသုံးပြုကာ။

သူတို့ဆီမှာ ထိုင်ခုံတွေ၊ ကုတင်တွေ၊ နှင့်မွေ့ယာတွေရှိပြီး ဟင်းချက်စရာ ပစ္စည်းတွေလည်း အစုံအလင်ရှိပါတယ်။
ဒီလင်မယားနှစ်ယောက်ဟာ သူတို့ရဲ့နေရာလေးကို နေထိုင်ဖို့နွေးထွေးခြောက်သွေ့ပြီး တိတ်ဆိတ်တဲ့နေရာလေးအဖြစ်ဖော်ပြကာ နေလို့ထိုင်လို့ကောင်းတဲ့နေရာလည်းဖြစ်တယ်လို့ဆိုပါတယ်။

သူတို့ဟာ ပျော်ရွှင်ပြီးဆိတ်ငြိမ်တဲ့ဘဝကိုပိုင်ဆိုင်ထားရပြီး ဒီလင်မယားဟာ အစပိုင်းမှာတော့အိမ်ခြေမဲ့တွေပါ။ နောက်ပိုင်းမှာ ရေတွင်းထဲကိုရွေ့ပြောင်းခဲ့ပြီး သူတို့ဟာနယ်မြေအာဏာပိုင်တွေရဲ့ ပြောဆိုခြင်းကိုလဲ မခံခဲ့ရပါဘူး။ အိမ်ဆိုတာဟာရေတွင်းဖြစ်နေရင်တောင်မှ နှလုံးသားရှိရာအရပ်ဟာ နွေးထွေးပါတယ်။

ref:youtube
trans:thegeektext

zawgyi


ရေတွင်းအိမ်





ref:youtube
trans:thegeektext

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။