
News Social News

“ရုရှားမှာ တပ်ပြေးများနေလို့ ပြင်းထန်တဲ့ စစ်မှုထမ်းဥပဒေ ပြင်ဆင်ပြဌာန်း” “ဒေသတချို့မှာ မာရှယ်လော ထုတ်မည်”

၂၁/၉/၂၀၂၂
ရုရှားမှာ တပ်တွင်းစည်းကမ်း မလိုက်နာမှုနဲ့ တပ်ပြေးတွေ များနေတဲ့အတွက် ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူနိုင်မဲ့ စစ်ဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းကို စက်တင်ဘာ ၂၀ ရက်မှာ အတည်ပြုလိုက်ပြီလို့ ရုရှားအစိုးရ သတင်းတွေက ဖော်ပြပါတယ်။

ပြင်ဆင်ချက်အရ စစ်မှုထမ်းဖို့ ငြင်းဆိုသူ၊ ရှောင်တိမ်းသူနဲ့ တပ်က ထွက်ပြေးသူတွေကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်မှာ ဖြစ်ပြီး လက်နက်ပျောက်ဆုံးမှုတွေရှိရင် ပျောက်ဆုံးလက်နက်အလိုက် အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်မှာဖြစ်ပါတယ်။

ယူကရိန်း ကျူးကျော်စစ်မှာ ရုရှားစစ်သား ထောင်ချီ ထွက်ပြေး လက်နက်ချခဲ့သလို
စစ်မှုမထမ်းဘဲ ထွက်ပြေးနေသူတွေ သောင်းချီရှိနေတယ်ဆိုပါတယ်။

ခါကိဗ် စစ်မြေပြင်နဲ့ ကိယက်ဗ်မြို့တော် တိုက်ပွဲတွေမှာ ရုရှားရဲ့ လက်နက်အင်အား ၄၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရပြီးနောက် အခုလို စစ်ဥပဒေပြင်ချက် ရေးဆွဲ တာလို့ သိရပြီး စက်တင်ဘာ ၂၁ ရက် မနက်ဖြန်မှာ သမ္မတပူတင်က လက်မှတ်ထိုး အတည်ပြုမယ်လို့ယူဆရကြောင်း ရုရှားလွှတ်တော် ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် အန်ဒရီ ကာတပိုလော့ဗ်က ပြောပါတယ်။

လက်ရှိအခြေအနေအရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်သား စုဆောင်းဖို့ အစီအစဉ် အတိအကျ မပြောနိုင်သေးပေမဲ့ ပြည်နယ်တချို့မှာ မာရှယ်လော (စစ်အုပ်ချုပ်ရေးဥပဒေ) ထုတ်ကောင်း ထုတ်မယ်လို့လည်း ဗိုလ်ချုပ် အန်ဒရီ ကာတပိုလော့ဗ်က ပြောကြောင်းလည်း ရုရှားသတင်းတွေမှာ ဖေါ်ပြပါတယ်။

crd
#BNN #russiainvasion #belarus #Russia
#BurmaNewsNetwork
#တပ်ပြေး

Unicode






crd
#BNN #russiainvasion #belarus #Russia
#BurmaNewsNetwork

Crd