႐ုရွားတို႔ရန္မွကာကြယ္နိင္ေရး ေတာင္ကိုရီးယားထုတ္ စစ္ဖက္အထူးျပဳတင့္ကားႏွင့္ ေဟာင္းဝစ္ဇာအေျမာက္ကို ပိုလန္တို႔ ေတာင္ကိုရီးယားႏွင့္သေဘာတူညီမႈ႕ရ

News Social News

႐ုရွားတို႔ရန္မွကာကြယ္နိင္ေရး ေတာင္ကိုရီးယားထုတ္ စစ္ဖက္အထူးျပဳတင့္ကားႏွင့္ ေဟာင္းဝစ္ဇာအေျမာက္ကို ပိုလန္တို႔ ေတာင္ကိုရီးယားႏွင့္သေဘာတူညီမႈ႕ရ

ေတာင္ကိုရီးယားထုတ္ တင့္ကားနဲ႔ ေဟာင္ဝစ္ဇာအေျမာက္ ေဒၚလာ ၅.၈ ဘီလ်ံဘိုး ပိုလန္ႏိုင္ငံ ဝယ္ယူဖို႔ သေဘာတူ

႐ုရွားနဲ႔ တင္းမာမႈေတြ ရွိေနတဲ့ ပိုလန္ဟာ ေတာင္ကိုရီးယား ကုမၸဏီ ၂ ခု က ထုတ္တဲ့ တင့္ကားနဲ႔ ေဟာင္ဝစ္ဇာ အေျမာက္ေတြ ေဒၚလာ ၅.၈ ဘီလ်ံ ဘိုး ဝယ္ယူဖို႔ သေဘာတူ လိုက္ၿပီ ျဖစ္ပါတယ္။

ေတာင္ကိုရီးယား Hyundai Rotem ကုမၸဏီထုတ္ K2 Black Panther တင့္ကား အစီး ၁၈၀ နဲ႔ Hanwha Corp ကုမၸဏီထုတ္ K9 ေဟာင္ဝစ္ဇာ ေတြကို ဝယ္ယူမွာ ျဖစ္ၿပီး 48 FA-50 ဂ်က္တိုက္ယာဥ္ေတြလည္း ပါဝင္ ပါတယ္။

K9 ေဟာင္ဝစ္ဇာ တင့္ကားေတြ မွာ ၁၅၅ မမ အျမာက္ အဓိက တပ္ဆင္ ထားၿပီး ပြိဳင့္၅ ေလယာဥ္ပစ္ ေသနတ္လည္း ပါရွိပါတယ္။

K2 တင့္ကားေတြ ကေတာ့ ၁၂၀ မမ အေျမာက္ တပ္ဆင္ထားၿပီး စက္လက္ ၂ လက္ ပါရွိပါတယ္။
ဒါဟာ ေတာင္ကိုရီးယားရဲ႕ ပထမဆုံး အႀကိမ္ စစ္လက္နက္ အမ်ားဆုံး ေရာင္းရ တဲ့ သေဘာတူခ်က္လည္းျဖစ္ပါတယ္။

႐ုရွားရဲ႕ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ေနမႈေၾကာင့္ အေရွ႕ဥေရာပ ႏိုင္ငံေတြ အၾကား လုံၿခဳံေရးအရ စိုးရိမ္မႈေတြ ျမင့္တက္လာေနတာ ျဖစ္ပါတယ္။

ေျမာက္အတၱလန္တိတ္ စစ္ေရး မဟာမိတ္အဖြဲ႕ NATO ေနတိုး အဖြဲ႕ဝင္ ႏိုင္ငံ ျဖစ္တဲ့ ပိုလန္ဟာ ဒီအတြက္ စစ္ေရးအသုံးစရိတ္ တိုးျမႇင့္ဖို႔ ဆုံးျဖတ္ထားတာ လည္း ျဖစ္ပါတယ္။

Crd…THN freelance journalist
Unicode
ရုရှားတို့ရန်မှကာကွယ်နိင်ရေး တောင်ကိုရီးယားထုတ် စစ်ဖက်အထူးပြုတင့်ကားနှင့် ဟောင်းဝစ်ဇာအမြောက်ကို ပိုလန်တို့ တောင်ကိုရီးယားနှင့်သဘောတူညီမှု့ရ

တောင်ကိုရီးယားထုတ် တင့်ကားနဲ့ ဟောင်ဝစ်ဇာအမြောက် ဒေါ်လာ ၅.၈ ဘီလျံဘိုး ပိုလန်နိုင်ငံ ဝယ်ယူဖို့ သဘောတူ

ရုရှားနဲ့ တင်းမာမှုတွေ ရှိနေတဲ့ ပိုလန်ဟာ တောင်ကိုရီးယား ကုမ္ပဏီ ၂ ခု က ထုတ်တဲ့ တင့်ကားနဲ့ ဟောင်ဝစ်ဇာ အမြောက်တွေ ဒေါ်လာ ၅.၈ ဘီလျံ ဘိုး ဝယ်ယူဖို့ သဘောတူ လိုက်ပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယား Hyundai Rotem ကုမ္ပဏီထုတ် K2 Black Panther တင့်ကား အစီး ၁၈၀ နဲ့ Hanwha Corp ကုမ္ပဏီထုတ် K9 ဟောင်ဝစ်ဇာ တွေကို ဝယ်ယူမှာ ဖြစ်ပြီး 48 FA-50 ဂျက်တိုက်ယာဉ်တွေလည်း ပါဝင် ပါတယ်။

K9 ဟောင်ဝစ်ဇာ တင့်ကားတွေ မှာ ၁၅၅ မမ အမြာက် အဓိက တပ်ဆင် ထားပြီး ပွိုင့်၅ လေယာဉ်ပစ် သေနတ်လည်း ပါရှိပါတယ်။

K2 တင့်ကားတွေ ကတော့ ၁၂၀ မမ အမြောက် တပ်ဆင်ထားပြီး စက်လက် ၂ လက် ပါရှိပါတယ်။
ဒါဟာ တောင်ကိုရီးယားရဲ့ ပထမဆုံး အကြိမ် စစ်လက်နက် အများဆုံး ရောင်းရ တဲ့ သဘောတူချက်လည်းဖြစ်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေမှုကြောင့် အရှေ့ဥရောပ နိုင်ငံတွေ အကြား လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ်အဖွဲ့ NATO နေတိုး အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ ပိုလန်ဟာ ဒီအတွက် စစ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ ဆုံးဖြတ်ထားတာ လည်း ဖြစ်ပါတယ်။

Crd…THN freelance journalist

Crd