ရုရှားတင့်များအား ထိုးနှက်နေသော ATGM များ၏ အန္တာရာယ်

News Social News

ရုရှားတပ်မတော်၏ ပင်မတိုက်ပွဲဝင်တင့်များသည် Man-portable fire-and-forget anti tank missiles ဟုခေါ်သော တင့်ဖျက်ဒုံးများ အထူးသဖြင့် Javelin ကဲ့သို့ တင့်ဖျက်ဒုံးများ၏ အန္တာရာယ်နှင့် ရင်ဆိုင်နေရကြောင်း ရုရှား Defence Reporter နှင့် စစ်လက်နက်ကျွမ်းကျင်သူတစ်ဦးဖြစ်သူ Alexey Khlopotov ကပြောကြားခဲ့လေသည်။

ရုရှားတပ်မတော်လက်ရှိအသုံးပြုလျှက်ရှိသောတင့်အမျိုးအစားများသည် အမေရိကန်မှထုတ်လုပ်သည့် Javelin အမျိုးအစား ATGM(Anti-tank Guided Missile) လက်နက်များ၏ ချိန်းချောက်ဖျက်စီးနိုင်မှုကို မကာကွယ်နိုင်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

Javelin တင့်ဖျက်လက်နက်သည် ပစ်ခတ်လိုက်သည်နှင့် ဒုံးကျည်မှာအပေါ်သို့ထောင်တက်သွားကာ သူ၏ပစ်မှတ်ဖြစ်သော တင့်များ၏ သံချပ်ကာအကာအကွယ်အနည်းဆုံးဖြစ်သည့် အပေါ်ပိုင်းမှနေ၍ ထိုးဆိုက်ဆင်းပြီး ထိမှန်ပေါက်ကွဲလေသည်။ပစ်ခတ်သူမှာလည်း Fire and Forget ဆိုသည်အတိုင်း တိကျသောလေဆာလမ်းညွန်စနစ်ကြောင့် ပစ်ပြီးသည်နှင့် အမြန်ဆုံးနေရာရွှေ့ပြောင်းကာ အကာအကွယ် ယူနိုင်သည်။

လက်နက်တွင် အသုံးပြုထားသော Long-wave Infrared Seeker (LWIR) ကြောင့် တင့်ကားများအပြင် ဘန်ကာများ၊အဆောက်အဦးများ၊သင်္ဘောငယ်များနှင့် ရဟတ်ယာဉ်များကိုပါ ပစ်ခတ်ဖျက်စီးနိုင်၏ (Modern Warfare-3 Game တွင်လက်တွေ့ပစ်ဖူးသည် )လက်နက်၏ ထိရောက်မှုအကွာအဝေးမှာ ၂၅၀၀ မီတာ (၁ မိုင်ခွဲ) ဖြစ်လေသည်။

Anti-tank လက်နက်များ၏ ထိရောက်ဖျက်စီးနိုင်မှုကို လျှော့ချနိုင်မည့် ဆောင်ရွက်ချက်များကို တီထွင်ရန် အပူတပြင်းလိုအပ်လျက်ရှိကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။တင့်များအား အပူငွေ့လျှော့ချသောနည်းလမ်းများ (Thermal Visibility) ကိုရှာဖွေနိုင်ရန် လိုအပ်ပြီး တင့်၏ အပေါ်ပိုင်းကိုလည်း ခိုင်ခန့်သောအကာအကွယ်များ၊ERA စနစ်နှင့် Optical-electronic protection systems များ တပ်ဆင် ပြင်ဆင်ပြောင်းလဲရန်လိုကြောင်းပြောဆိုခဲ့လေသည်။

Alexey Khlopotov ၏ပြောကြားချက်အရ တင့်ဖျက်ဒုံးများ၏ ခြိမ်းခြောက်မှုကိုသိသိသာသာလျှော့ချစေနိုင်ရန်မှာအဆိုပါနည်းလမ်းများအား ပေါင်းစပ်လိုက်လျောညီထွေအဆင့်မြှင့်နိုင်မှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း သိရလေသည်။
Crd..Myanmar Weapons Observers

Unicode

ရုရှားတငျ့မြားအား ထိုးနှကျနသေော ATGM မြား၏ အန်တာရာယျ…???






Crd..Myanmar Weapons Observers

Crd