Unicode
ရုတ်တရက်ကြည့်လိုက်လျှင် ကြမ်းတိုက်ဝတ် ရေထဲမျှောနေသည်ဟု ထင်ရသော ရှားပါးမျိုးစိတ်ဖြစ်သည့် ချစ်စဖွယ် အိမ်မွေးခွေးငယ်လေး
လောကကြီးတွင် လူတို့သည် အဖော်မွန်ကောင်းအဖြစ် အိမ်မွေးတိရစ္ဆာန်လေးများ မွေးကြသည် ။
ယခုအခါတွင်လည်း လစ်သူနေးနိုင်ငံတွင်သာ တွေ့ရသော ရှားပါးခွေးမျိုးစိတ်ဖြစ်သော komon ခွေးလေးကို kaunas မြို့တွင် နေထိုင်သော Gintare အမည်ရ အမျိုးသမီးမှ အိမ်တွင် ထိုခွေးလေးကို မွေးစားထားခဲ့သည်။
ထိုခွေးလေး၏ ကိုယ်ပေါ်က အမွှေးလေးများသည် အခြားခွေးတွေလိုမဟုတ်ပဲ ချည်ကိုကျစ်ထားသည့်ပုံမျိုးဖြစ်နေပြီး တစ်နည်းအားဖြင့် လူတို့သန့်ရှင်းရေးတွင် အသုံးပြုသော အဝတ်စုတ်သဖွယ် ဖြစ်နေသည်။
အမျိုးသမီးသည် သူမငယ်စဉ်ကတည်းက komonခွေးလေးကို လိုချင်ခဲ့ပြီး မွေးစားခဲ့ကာ နေ့စဉ် အပြင်ထွက်ပြီး
လမ်းလျှောက် ထွက်လေ့ရှိသည်။တစ်နေ့တွင် သူမ၏ ခွေးလေးသည် ရေကန်ထဲသို့ ဆင်းသွားပြီး ရေကူးနေသော ချစ်စဖွယ်မြင်ကွင်းလေးကို လိုင်းပေါ်တွင် တင်ခဲ့သည်။
ထူးခြားသည်မှာ ခွေးလေးသည် ရေကူးနေစဉ် ကြည့်မိသူတိုင်း ကြမ်းတိုက်အဝတ်က ရေထဲမျှောနေသည်ဟုသာ ထင်ခဲ့ကြပြီး ခွေးလေးဖြစ်သည်ဆိုသည်မှာ မယုံနိုင်အောင် ဖြစ်နေကြရသည်။
Crd
Zawgyi
Crd
Crd