၇၃ နှစ်မြောက်တပ်မတော်ရေနှစ်ပတ်လည်မှာရေငုပ်သင်္ဘောမင်းရဲသိင်္ခသူတပ်တော်ဝင်

Local Militarily News

တပ်မတော် (ရေ) ထူထောင်တဲ့ (၇၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့က သန်လျင်မြို့၊ သီလဝါဆိပ်ကမ်း အနီး ရန်ကုန်မြစ်ထဲမှာ ကျင်းပနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံကပထမဆုံးပိုင်ဆိုင်ခဲ့တဲ့ ရေငုပ်သင်္ဘောမင်းရဲသိင်္ခသူကို ၇၃ နှစ်မြောက်တပ်မတော်ရေ နှစ်ပတ်လည်အခမ်းအနားဖြစ်တဲ့ ဒီကနေ့ဒီဇင်ဘာ ၂၄ ရက်မှာ တပ်တော်ဝင်ခဲ့ပါတယ်။

မင်းရဲသိင်္ခသူ အပါအဝင် စစ်ရေယာဉ် ၇ စီးတပ်တော်ဝင်ခဲ့တာဖြစ်ပြီး ကျန်တဲ့ ၆ စီးက မြန်မာနိုင်ငံမှာပဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မင်းရဲသိင်္ခသူနဲ့အတူရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၊ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်(ဒုံးပျံ)တစ်စီး၊ တင့်ကားတင်ကမ်းထိုးရေယာဉ်တစ်စီး၊ ပင်လယ်သွားတွဲဆွဲရေယာဉ် ၂ စီးတို့ တပ်တော်ဝင်ခဲ့တာပါ။

စစ်ရေယာဉ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က စစ်ဆေးခဲ့ပါတယ်။

၁၉၈၀ ကျော်က ရုရှားထုတ် ရေငုပ်သင်္ဘော ကို အိန္ဒိယနိုင်ငံကနေမြန်မာကဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်ဒီအခမ်းအနားကို ရုရှားသံအမတ်ကြီးလည်းတက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ-ဖြိုးဟိန်းကျော်၊ နန္ဒ

Credit – ဘီဘီစီမြန်မာပိုင်း

Leave a Reply