(၂) ဘီလီယံ ဖြစ်သွားပြီဆိုပြီး နာမည်ကြီးနေတဲ့ US ထီကို ‌‌မြန်မာတွေ ထိုးဖို့ ဖြစ်နိုင်သလား

“(၂) ဘီလီယံ ဖြစ်သွားပြီဆိုပြီး နာမည်ကြီးနေတဲ့ US ထီကို ‌‌မြန်မာတွေ ထိုးဖို့ ဖြစ်နိုင်သလား”

Just My Reporting ပါ။ ဘယ်သူ့ကိုမှ ထိခိုက်စေရန် မရည်ရွယ်ပါနော်။ (ပန်ဆယ်လို)

ပြီးခဲ့တဲ့တစ်ပတ်က US ထီက ၂ ဘီလီယံဖြစ်သွားတော့ စိတ်ကူးတွေယဉ်ပြီး ပေါက်လို့က တော်လှန်ရေးကို လှူမယ်ဘာညာ ရေးမိတာ။ ချက်ဘောက်မှာ အခုထိ US ထီရောင်းပေးပါ လာပြောနေတာ မရပ်နိုင်သေးဘူး။

သိသမျှလေး Share ပါရစေ။ US ထီဟာ US နိုင်ငံတွင်း ပြည်နယ်ငါးဆယ်ကျော်ကိုသာ တရားဝင်ပါတယ်။ ပြည်ပကို ရောင်းနေတာဟာ တရားဝင် မဟုတ်ပါ။ ထီလက်မှတ် လက်ဝယ်ရှိသူကပဲ ပေါက်မဲကံထူးရှင်ဖြစ်ပါတယ်။ ထီပေါက်ခဲ့ရင် ပြည်ပကနေ တရားဝင် ထုတ်ယူလို့မရပါ။

နောက်တစ်ခု ထီထိုးမယ့်သူတွေ သိဖို့က US ထီဟာ တစ်ခါတည်း အလုံးအရင်းယူမယ်ဆိုရင် အခွန်က ထက်ဝက်ခန့် နှုတ်ပါတယ်။ US ထီရောင်းသူတွေအနေနဲ့ ဒါကို ရှင်းလင်းအောင် ပြောပြထားဖို့ လိုပါတယ်။ အဲ့လောက်ငွေအလုံးအရင်းဟာ ပြည်ပကို တရားဝင်မှမဟုတ်ရင် တဆင့်လက်ခံပြီး ထုတ်ပေးမယ်ဆိုရင်တောင် ထုတ်ဖို့ အင်မတန်ခက်ပါတယ်။ ရရင်တောင် အချိန်တွေအများကြီး ပေးရနိုင်ပါတယ်။ US ဟာ ငွေနဲ့ ပတ်သက်ရင် အင်မတန် တင်းကြပ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ ထီပေါက်သွားခဲ့ရင် ပြည်ပကလူက ဒီထီလက်မှတ် ငါဝယ်ထားတာဆိုပြီး Screenshot လေးပြပြီး ပိုင်ရှင်လုပ်လို့ မရပါဘူး။ ထီလက်မှတ် လက်ဝယ်ရှိသူကပဲ ထီပေါက်သူဖြစ်တာမို့ ပြည်ပက ထီဝယ်သူတွေအတွက် အာမခံချက်မရှိပါဘူး။ ဒါ့အပြင် US ထီဟာ ဒေါ်လာသန်းချီတွေဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို ကိုင်လှုပ်နိုင်တဲ့ အနေအထားဖြစ်တာကြောင့် ကျွန်မကို ယုံလို့ ထိုးပေးပါဆိုရင်တောင် မယုံဖို့ ပြောပါရစေ။ ကိုယ့်ကံနဲ့ကိုယ် စိတ်ပင်ပန်းမခံကြပါနဲ့လို့။

US ထီရောင်းသူတွေ မယုံရဘူး၊ လိမ်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါ။ ရောင်းသူ ဝယ်သူ ကြည်ဖြူကြရင် အဆင်ပြေပါတယ်။ သိထားသင့်တာလေး ပြောပြတာပါ။


1

Crd