၂၇ နှစ်ကြာပြည်ပမှာ အလုပ်လုပ်ပြီးနောက်မှသာ မိသားစုတွေနဲ့ ပြန်လည်စုံတွေ့ခဲ့ရတဲ့ သန့်ရှင်းရေးအလုပ်သမားအဘိုးရဲ့ဘဝ

News

အရှေ့တောင်အာရှမလေးရှားနိုင်ငံဟာ ထောင်နဲ့ချီတဲ့နိုင်ငံခြားအလုပ်သမားများ နေထိုင်ရာဒေသဖြစ်ပါတယ် ။ Abu Bakar အမည်ရှိတဲ့ အလုပ်သမားတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းဟာ ကျွန်တော်တို့အနေဖြင့် မိသားစုတွေနဲ့အချိန်တိုင်းရှိနေရတာဟာ အလွန်ကိုကံကောင်းလွန်းလှပါတယ် ။ အသက် ၇၀ အရွယ်ရှိပြီးဖြစ်တဲ့ Abu Bakar ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုခန့်က မလေးရှားနိုင်ငံမှာ ပြောင်းရွှေ့အခြေချခဲ့ပြီး မြို့တော်တည်ရှိတဲ့ ကုန်တိုက်မှာ သန့်ရှင်းရေးအလုပ် လုပ်နေခဲ့ပါတယ် ။ Abu Bakar က “ ကျွန်တော့်ကလေးတွေ ၆ လသားအရွယ်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာခဲ့တယ် ။ အဲဒီအချိန်ကစပြီး ကျွန်တော်ဇာတိကိုပြန်မလာခဲ့ရဘူး။ ငါ့မိသားစုတွေကို လွမ်းတယ်၊ သူတို့လည်း ငါ့ကိုလွမ်းနေတယ်။ ဒါပေမဲ့ ဒါတွေအားလုံးပါပဲ။ ထိုအရာအားလုံးက သူတို့ရဲ့အနာဂတ်အတွက် ဖြစ်လာစေခဲ့တယ် ” လို့ ဆိုပါတယ် ။

အဘိုးက သူနေမကောင်းဖြစ်သော်လည်း နားချိန်တစ်ရက်မှ မယူရဘဲ အိမ်မှာ ဝင်ငွေအများစုကို အမြဲပို့ဆောင်ခဲ့ပါတယ် ။ သူ့ သားသမီးတွေရဲ့ ရှေ့အနာဂတ်မျှော်လင့်ချက်ရှိတာကြောင့် သူရဲ့ကြိုးစားအားထုတ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက အကျိုးဖြစ်ထွန်းလာခဲ့ပါတယ် ။ အဘိုးက “ ကျွန်တော့်သမီးတစ်ယောက်က အခုတရားသူကြီးလုပ်နေတယ်၊ နောက်တစ်ယောက်က ဆရာဝန်ပါ။ ကျွန်တော့်သားက အင်ဂျင်နီယာတစ်ယောက်ပါပဲ ” ဆိုပြီး ပြောလာခဲ့ပါတယ် ။ သူလုပ်ခဲ့တာတွေကို သူအရမ်းဂုဏ်ယူခဲ့ပြီး မလေးရှားမှာ ၂၇ နှစ်နေထိုင်ပြီး အလုပ်လုပ်ပြီးနောက် သူဟာ အိမ်ပြန်ပြိး သူ့မိသားစုတွေနဲ့ အနားယူဖို့ အချိန်ရောက်ပြီလို့ သူထင်ခဲ့ပါတယ် ။

Abu Bakar က “ ဒီနှစ်ဒီဇင်ဘာလမှာ ငါအိမ်ပြန်ပြီး ငါ့မိသားစုတွေနဲ့ အတူနေတော့မယ်။ ကျွန်တော့်မြေးနှစ်ယောက်ကိုလည်း ပထမဦးဆုံးအကြိမ်တွေ့ရတော့မယ် ” လို့ထပ်မံပြောဆိုခဲ့ပါတယ် ။

JRose (KB Chimmy One)

Reference : gtgoodtimes

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

Senior adult Janitor keeps the floors cleaned and sanitized due to the virus.

အဘိုးက သူနေမကောင်းဖြစ်သော်လည်း နားချိန်တစ်ရက်မှ မယူရဘဲ အိမ်မှာ ဝင်ငွေအများစုကို အမြဲပို့ဆောင်ခဲ့ပါတယ် ။ သူ့ သားသမီးတွေရဲ့ ရှေ့အနာဂတ်မျှော်လင့်ချက်ရှိတာကြောင့် သူရဲ့ကြိုးစားအားထုတ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက အကျိုးဖြစ်ထွန်းလာခဲ့ပါတယ် ။ အဘိုးက “ ကျွန်တော့်သမီးတစ်ယောက်က အခုတရားသူကြီးလုပ်နေတယ်၊ နောက်တစ်ယောက်က ဆရာဝန်ပါ။ ကျွန်တော့်သားက အင်ဂျင်နီယာတစ်ယောက်ပါပဲ ” ဆိုပြီး ပြောလာခဲ့ပါတယ် ။ သူလုပ်ခဲ့တာတွေကို သူအရမ်းဂုဏ်ယူခဲ့ပြီး မလေးရှားမှာ ၂၇ နှစ်နေထိုင်ပြီး အလုပ်လုပ်ပြီးနောက် သူဟာ အိမ်ပြန်ပြိး သူ့မိသားစုတွေနဲ့ အနားယူဖို့ အချိန်ရောက်ပြီလို့ သူထင်ခဲ့ပါတယ် ။

Caution sign with mop and bucket on office floor

Leave a Reply