
News Social News






Crd..digitaltimes

Unicode

၂၀၂၂-မကုန်ခင် ထွက်ရှိတော့မည့် ဘီး ၃ ဘီးတပ် ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး ကား…

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား အခြေစိုက် Aptera က ဘီး ၃ ဘီးတပ် နေရောင်ခြည် စွမ်းအင်သုံးကားကို ဖန်တီးထားပါတယ်။ မိုင်အနည်းဆုံး မောင်းနှင်နိုင်တဲ့ ကားမော်ဒယ်ဟာ ၂၅၀ မိုင် မောင်းနှင်နိုင်ပြီး ဒေါ်လာ ၂၅,၉၀၀ သတ်မှတ်ထားကာ မြန်မာငွေ သိန်း ၅၀၀ ကျော် ကျသင့်မှာပါ။

နေသာတဲ့ နေ့တွေမှာ ကားကို ကြိုးနဲ့ အားသွင်းစရာ မလိုဘဲ မောင်းနှင်နိုင်ပါတယ်။ အခုတော့ Aptera က အဲဒီကားကို ထုတ်လုပ်ဖို့ စက်ရုံ ၁ ခုကို ဝယ်ယူလိုက်ပါတယ်။

အဲဒီကားဟာ ပေါ့ပါးပြီး ဘီး ၃ ဘီးပဲ တပ်ဆင်ထားပါတယ်။ အဲဒီ ဒီဇိုင်းကြောင့် စွမ်းအင် စားသုံးမှု နည်းပါးတဲ့အတွက် မကြာခဏ အားသွင်းဖို့ မလိုတော့ပါဘူး။ ကားခေါင်မိုးပေါ်မှာ Solar Panel တွေ တပ်ဆင်ထားပြီး နေသာရင် ကြိုးနဲ့အားသွင်းဖို့ မလိုပါဘူး။

နေပူထဲ ကားရပ်ထားရင် ၁ ရက်ကို မိုင် ၄၀ မောင်းနှင်နိုင်တဲ့အတွက် လူအများစုအတွက် လုံလောက်ပါတယ်။လက်ရှိမှာ Aptera ဟာ နေရောင်ခြည် စွမ်းအင်သုံး ကားအတွက် အမှာစာ ၂၅,၀၀၀ ရရှိထားပြီး မှာယူထားသူတွေဟာ

စရန်ငွေ ဒေါ်လာ ၁၀၀ သွင်းထားရမှာ ဖြစ်ပါတယ်။၂၀၂၂ ခုနှစ် မကုန်ခင်မှာ ပထမဆုံး ထုတ်လုပ်ထားတဲ့ ကားတွေကို ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။
Crd..digitaltimes

Crd