၁ နာရီကို ၁၅၅ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ကားပျံ

News Social News

Franky Zapata က JetRacer အမည်ရ ကားပျံကို ဖန်တီးလိုက်ပါတယ်။ မြေပြင်ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်ပြီး Micro-turbojet အင်ဂျင် ၁၀ လုံး တပ်ဆင်ထားပါတယ်။ Zapata က အမြင့် မီတာ ၃,၀၀၀ ( ၉,၈၄၂ ပေ) အထိ ပျံသန်းနိုင်ပြီး အမြန်နှုန်းက ၁ နာရီကို ၂၅၀ ကီလိုမီတာ (၁၅၅.၃ မိုင်) ရှိတယ်လို့ ပြောပါတယ်။

After the Flyboard, Franky Zapata returns with a flying car - GAMINGDEPUTY

JetRacer ကို အရပ်ဖက်နဲ့ စစ်ဖက် အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားပြီး အရပ်ဖက် သုံးမယ်ဆိုရင် အပျော်တမ်း မောင်းနှင်နိုင်မှာပါ။ စစ်ဖက်အတွက် အထူးစစ်ဆင်ရေးတွေမှာ သုံးနိုင်သလို စုံစမ်းထောက်လှမ်းရေးအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ဘောတွေအပေါ်ကို လျှင်မြန်စွာ ဆင်းသက်နိုင်ပါတယ်။

After the Flyboard, Franky Zapata returns with a flying car - GAMINGDEPUTY

Zapata က စမ်းသပ်မောင်းနှင်နိုင်မယ့် လူ အယောက် ၁၀၀ အတွက် လျှောက်လွှာတွေကို ဝက်ဘ်ဆိုက်ကနေ ခေါ်ယူနေပါတယ်။ အဲဒီ အယောက် ၁၀၀ ထဲက ၂၅ ယောက်ကို အမေရိကန်မှာ စမ်းသပ် ပျံသန်းဖို့အတွက် ရွေးချယ်မှာ ဖြစ်ပါတယ်။

Ref : tweaktown

Crd