TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■၁၉၉၅မှာပထမဆုံးအကြိမ်အဖြစ် အခြားနိုင်ငံကို tomahawk missile ရောင်းချခဲ့

၁၉၉၂ ကနေ ၁၉၉၄ မှာတော့ မက်ဒေါ်နယ်ဒေါက်ကလပ်စ် ကော်ပိုရေးရှင်းက Tomahak missileတွေအတွက် အဓိကပေးသွင်းသူ ဖြစ်လာခဲ့တာပါ။block 2 နဲ့ block 3 Tomahawk missile တွေကို ထုတ်လုပ်ခဲ့ပြီးတော့ မီနီ Tomahawk တွေကို block 3 သတ်မှတ်ချက်အတိုင်း ပြန်လည် ထုတ်လုပ်ခဲ့ပါတယ်။

၁၉၉၄ မှာတော့ Hughes(ဟူးခ်ျ) က tomahawk missile ရဲ့ အဓိက ပေးသွင်းသူဖြစ်လာဖို့ မက်ဒေါ်နယ် ဒေါက်ကလပ်စ် အဲ့ရိုစပေ့ထက် ဈေးပိုပေးခဲ့တာကြောင့် လေလံအောင်ခဲ့ပါတယ်ရှင်။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ရေသီယွန်မှ ထုတ်လုပ်နေတာပါ။ ပထမဆုံးအသုံးပြုခဲ့တဲ့ စစ်ဆင်ရေးကတော့ ၁၉၉၁ ခုနှစ် operation desert storm (အော်ပရေးရှင်း ဒတ်ဇက် စထရောင်း) မှာဖြစ်ပြီးတော့ တော်တော်လေးအောင်မြင်ခဲ့တာပါ။

အဲ့ဒီအချိန်ကစလို့ ဒုံးကျည်ကို တခြားပဋိပက္ခတွေမှာလည်း အောင်အောင်မြင်မြင် အသုံးပြုနိုင်ခဲ့ပါတယ်။ ၁၉၉၅ မှာ အမေရိကန်ပြည်ထောင်စုနဲ့ ယူနိုက်တက် ကင်းဒန်း အစိုးရတို့ဟာ ဒုံးကျည် ၆၅ စီး ဝယ်ယူဖို့ ပြင်ပစစ်လက်နက်ရောင်းချရေးသဘောတူညီချက်မှာ လက်မှတ်ထိုးခဲ့ပါတယ်။ဒါက အခြားနိုင်ငံတစ်ခုကို tomahawk missile ပထမဆုံးအကြိမ် ရောင်းချတာပါ။

၂၀၁၆ မှာ အမေရိကန်ကာကွယ်ရေးဌာနမှ ဒေါ်လာ ၂၀၀.၃ မီလီယမ် တန်ဖိုးရှိ Tomahawk block 4 missile ၁၄၉ စင်း ကို ဝယ်ယူခဲ့ပါတယ်။ Tomahawk missile ကို အမေရိကန်ရေတပ်က ဆီးရီးယားရဲ့ ဓာတုလက်နက်တွေကို တိုက်ခိုက်ရာမှာ အများဆုံးအသုံးပြုတာဖြစ်ပြီး ၂၀၁၈ ဆီးရီးယားနဲ့ ဒုံးကျည်တိုက်ပွဲမှာ ဒုံးကျည် ၆၆စင်း ကို ပစ်လွှတ်ခဲ့တာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext