■၁၉၁၂ခုနှစ်မှာတည်ထောင်ခဲ့ပြီးနှစ်တစ်ရာကျော်အတွင်းမှာသူ့ရဲ့လိုဂိုကိုအကြိမ်ပေါင်းများစွာပြောင်းခဲ့သည့် paramount pictures

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■၁၉၁၂ခုနှစ်မှာတည်ထောင်ခဲ့ပြီးနှစ်တစ်ရာကျော်အတွင်းမှာသူ့ရဲ့လိုဂိုကိုအကြိမ်ပေါင်းများစွာပြောင်းခဲ့သည့် paramount pictures

ပယ်ရာမောင့်ပစ်ချားစ်ကလည်းသူ့လိုဂိုနဲ့ပတ်သက်ပြီးထင်ကြေးတွေအမျိုးမျိုးရှိနေတဲ့ကုမ္ပဏ္ဏီတစ်ခုပါ။ဒီကုမ္ပဏီကို၁၉၁၂ခုနှစ်မှာတည်ထောင်ခဲ့ပြီးနှစ်တစ်ရာကျော်အတွင်းမှာသူ့ရဲ့လိုဂိုကိုအကြိမ်ပေါင်းများစွာပြောင်းခဲ့တာပါ။စတိုင်တွေအရောင်တွေအမျိုးမျိုးပြောင်းခဲ့ပေမယ့်မပြောင်းလဲတဲ့အရာနှစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့တောင်နဲ့ကြယ်တွေပါပဲ။

ဒီတောင်ကယူတာ့ရှ်မှာရှိတဲ့ဘန့်လမွန်တောင်ကိုအခြေခံပြီးဆွဲထားတာတို့၊ပီရူးမှာရှိတဲ့အာတေ့ဆန်ရာဂျီယိုတောင်၊အီတလီမှာရှိတဲ့ဗစ်ဆိုတောင်ကိုအခြေခံပြီးဆွဲထားတာတို့စတဲ့ထင်မြင်ချက်တွေအမျိုးမျိုးပေးကြတာပါ။တကယ်တော့တစ်ခုမှမဟုတ်ပါဘူး။ပယ်ယာမောင့်ပစ်ချားစ်ကိုလူသုံးယောက်ကတည်ထောင်ခဲ့တာပါ။

သူတို့အစည်းအဝေးထိုင်နေတုန်းတစ်ယောက်ကလေးလေးနက်နက်စဉ်းစားနေတုန်းမှာဒီတောင်ပုံကိုဆွဲမိခဲ့တာပါ။သူငယ်ငယ်ကမိသားစုနဲ့အတူယူတာ့ရှ်ကိုသွားလည်တုန်းကဒီလိုတောင်ပုံကိုတွေ့ဖူးတယ်လို့လည်းပြောခဲ့ပါတယ်။သူတို့သုံးယောက်လုံးကဒီပုံကိုအရမ်းကြိုက်ကြတဲ့အတွက်သူတို့ကုမ္ပဏီရဲ့လိုဂိုအဖြစ်ဆွဲဖို့ဆုံးဖြတ်ခဲ့ကြတာပါ။

ဒီလိုဂိုမှာဆိုရင်တော့ကြယ်၂၂ပွင့်ပါပါတယ်။ဒီကြယ်ပွင့်တွေကသူတို့နဲ့အစောပိုင်းမှာစာချုပ်ချုပ်ခဲ့တဲ့သရုပ်ဆောင်တွေကိုရည်ရွယ်တာပါ။

အစတုန်းကတော့သူတို့နဲ့လက်တွဲလာမယ့်သရုပ်ဆောင်အသစ်တွေအတွက်ကြယ်ပွင့်တွေထပ်ထပ်တိုးဖို့စဉ်းစားထားခဲ့ပေမယ့်သူတို့ဟာမြန်မြန်ဆန်ဆန်ပဲအောင်မြင်လာတာကြောင့်အဲ့ဒီအကြံကိုတော့အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■၁၉၁၂ခုႏွစ္မွာတည္ေထာင္ခဲ့ၿပီးႏွစ္တစ္ရာေက်ာ္အတြင္းမွာသူ႔ရဲ့လိုဂိုကိုအႀကိမ္ေပါင္းမ်ားစြာေျပာင္းခဲ့သည့္ paramount pictures

ပယ္ရာေမာင့္ပစ္ခ်ားစ္ကလည္းသူ႔လိုဂိုနဲ႔ပတ္သက္ၿပီးထင္ေၾကးေတြအမ်ိဳးမ်ိဳးရွိေနတဲ့ကုမၸဏၰီတစ္ခုပါ။ဒီကုမၸဏီကို၁၉၁၂ခုႏွစ္မွာတည္ေထာင္ခဲ့ၿပီးႏွစ္တစ္ရာေက်ာ္အတြင္းမွာသူ႔ရဲ့လိုဂိုကိုအႀကိမ္ေပါင္းမ်ားစြာေျပာင္းခဲ့တာပါ။စတိုင္ေတြအေရာင္ေတြအမ်ိဳးမ်ိဳးေျပာင္းခဲ့ေပမယ့္မေျပာင္းလဲတဲ့အရာႏွစ္ခုေတာ့ရွိပါတယ္။အဲ့ဒါကေတာ့ေတာင္နဲ႔ၾကယ္ေတြပါပဲ။

ဒီေတာင္ကယူတာ့ရွ္မွာရွိတဲ့ဘန္႔လမြန္ေတာင္ကိုအေျခခံၿပီးဆြဲထားတာတို႔၊ပီ႐ူးမွာရွိတဲ့အာေတ့ဆန္ရာဂ်ီယိုေတာင္၊အီတလီမွာရွိတဲ့ဗစ္ဆိုေတာင္ကိုအေျခခံၿပီးဆြဲထားတာတို႔စတဲ့ထင္ျမင္ခ်က္ေတြအမ်ိဳးမ်ိဳးေပးၾကတာပါ။တကယ္ေတာ့တစ္ခုမွမဟုတ္ပါဘူး။ပယ္ယာေမာင့္ပစ္ခ်ားစ္ကိုလူသုံးေယာက္ကတည္ေထာင္ခဲ့တာပါ။

သူတို႔အစည္းအေဝးထိုင္ေနတုန္းတစ္ေယာက္ကေလးေလးနက္နက္စဥ္းစားေနတုန္းမွာဒီေတာင္ပုံကိုဆြဲမိခဲ့တာပါ။သူငယ္ငယ္ကမိသားစုနဲ႔အတူယူတာ့ရွ္ကိုသြားလည္တုန္းကဒီလိုေတာင္ပုံကိုေတြ႕ဖူးတယ္လို႔လည္းေျပာခဲ့ပါတယ္။သူတို႔သုံးေယာက္လုံးကဒီပုံကိုအရမ္းႀကိဳက္ၾကတဲ့အတြက္သူတို႔ကုမၸဏီရဲ့လိုဂိုအျဖစ္ဆြဲဖို႔ဆုံးျဖတ္ခဲ့ၾကတာပါ။

ဒီလိုဂိုမွာဆိုရင္ေတာ့ၾကယ္၂၂ပြင့္ပါပါတယ္။ဒီၾကယ္ပြင့္ေတြကသူတို႔နဲ႔အေစာပိုင္းမွာစာခ်ဳပ္ခ်ဳပ္ခဲ့တဲ့သ႐ုပ္ေဆာင္ေတြကိုရည္ရြယ္တာပါ။

အစတုန္းကေတာ့သူတို႔နဲ႔လက္တြဲလာမယ့္သ႐ုပ္ေဆာင္အသစ္ေတြအတြက္ၾကယ္ပြင့္ေတြထပ္ထပ္တိုးဖို႔စဥ္းစားထားခဲ့ေပမယ့္သူတို႔ဟာျမန္ျမန္ဆန္ဆန္ပဲေအာင္ျမင္လာတာေၾကာင့္အဲ့ဒီအႀကံကိုေတာ့အေကာင္အထည္မေဖာ္နိုင္ခဲ့ပါဘူး။
Ref:youtube
Trans:thegeektext