TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■၁၈၀၀ ခုနှစ်တွေမှာ နာမ်မည်ကြီးခဲ့တဲ့ အပျိုစင်မယ်ရီ၏ လည်ဆွဲ

ဂျီးဆပ်ရဲ့ အမေ အပျိုစင်မယ်ရီဟာ ခရစ်ယာန်ဘာသာရေးမှာတော့ အလွန်အရေးပါပါတယ်။

၁၈၀၀ ခုနှစ်တွေမှာတော့ ပြင်သစ်က စိန့်ကတ်သရင်းလာဘူရီဆိုတဲ့ သီလရှင်တစ်ယောက်ဟာ စိတ်စွမ်းအင်နဲ့ မယ်တော်မာရီနဲ့တွေ့ဆုံခဲ့ပါတယ်။မယ်တော်မာရီက သူမရဲ့အထိမ်းအမှတ်ပုံနဲ့ လည်ဆွဲပြုလုပ်ပြီး လူအများကိုပေးကာ ဝတ်ဆင်စေခဲ့တာပါ။

ဝတ်ဆင်သူတွေက ကျက်သရေရှိခြင်းအဖြာဖြာရရှိမှာဖြစ်ပြီး နောက်နှစ်အနည်းငယ်အကြာမှာတော့ စိန့်ကတ်သရင်းက သူမရဲ့အမြင်ဟာ ရူးနှမ်းပြီးတွေ့မြင်တာမဟုတ်ကြောင်း ကို သက်သေပြခဲ့ပါတယ်။ဒီလည်ဆွဲပြားတွေကိုလည်း ပြင်သစ်လူမျိုးတွေကြားမှာ ၁၈၃၂ခုနှစ်မှာ ဖြန့်ဖြူးရောင်းချခဲကြ့ပါတယ်။

လည်ဆွဲဝတ်ဆင်သူ အများစုဆီလည်း ဆုတောင်းခြင်းတွေက အလျင်အမြန်ပဲရောက်ရှိလာတာပါ။ပြင်သစ်ကလူတွေကလည်း လည်ဆွဲကို ဝတ်ဆင်ခဲ့ကြပြီး အဆုံးသတ်မှာတော့ လည်ဆွဲရဲ့ဂုဏ်သတင်းကကြီးလာပြီး ကမ္ဘာ့လူအများစုဆီကို ရောက်လာပါတော့တယ်။

ပြင်သစ်မှ ဝေးကွာတဲ့ နိုင်ငံတွေအထိရောက်ရှိလာကာ လူအများဟာ ဝတ်ဆင်ခဲ့ကြပြီးလည်ဆွဲမှတဆင့် ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ref:youtube
trans:thegeektext
zawgyi
ref:youtube
trans:thegeektext