
News Social News

Zawgyi




Crd..Team ( ရိုးရာလေး )

Unicode

၁၄ နှစ်ကြာ မွမ်းမံပြင်ဆင်ခဲ့တဲ့ ကားပျံကို နောက်ဆုံးစမ်းသပ်မှု့ ပြုလုပ်တော့မည်..

၁၄ နှစ်ကြာ မွမ်းမံပြင်ဆင်ခဲ့တဲ့ ကားပျံကို နောက်ဆုံးစမ်းသပ်မှု့ ပြုလုပ်ပြီးဈေးကွက်အတွင်း သိပ်မကြာခင် ရောင်းချသွားနိုင်ဖို့အတွက်စီစဉ်နေခြင်းဖြစ်ပါတယ်။လမ်းတွေပေါ်မှာ တရားဝင်မောင်းနှင်ခွင့်ရှိတဲ့ Samson Switchblade ၃ ဘီးကားဟာ တစ်နာရီ မိုင် ၂၀၀ နှုန်း ပျံသန်းနိုင်တဲ့ လေယာဉ်အဖြစ်လည်း ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

အမေရိကန်လေကြောင်းပျံသန်းမှုအာဏာပိုင်အဖွဲ့ထံကနေ ပျံသန်းခွင့်လိုင်စင် ရရှိထားတဲ့ Switchblade ကားပျံဟာ ဆီအပြည့်ထည့်ထားရင် မိုင် ၄၅၀ အကွာအဝေးအထိ ပျံသန်းနိုင်ပါတယ်။ တောင်ပံနဲ့ အမြီးကို ခေါက်သိမ်းလိုက်ရင်တော့ ဆီဒန်ကားတစ်စီးစာ အရွယ်အစားပဲ ရှိမှာပါ။

Switchblade ကားပျံ ပျံတက်နိုင်ဖို့အတွက်တော့ ပေ ၁၁၀၀ ရှည်လျားတဲ့ ပြေးလမ်းလိုအပ်ပြီး ဆင်းသက်ဖို့အတွက် ပေ ၇၀၀ အရှည် ပြေးလမ်း လိုအပ်ပါတယ်။ Switchblade ကားပျံတစ်စီးကို အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ ကျသင့်မှာဖြစ်ပြီး လက်ရှိအချိန်မှာ အစီးရေ ၁၆၀၀ မှာယူမှု့ ရရှိထားပြီးဖြစ်ပါတယ်။
Crd..Team ( ရိုးရာလေး )

Crd