၁၀၀ ရာခိုင်နှုန်း ဟိုက်ဒြိုဂျင်နဲ့မောင်းနှင်မယ့် ရထား

News Social News

၁၀၀ ရာခိုင်နှုန်း ဟိုက်ဒြိုဂျင်နဲ့ မောင်းနှင်မယ့် ရထား

ကမ္ဘာ့ ပထမဆုံး ဟိုက်ဒြိုဂျင်နဲ့မောင်းနှင်မယ့် ရထား ပေါ်ထွက်လာပါပြီ။ ပြင်သစ်အခြေစိုက် ကုမ္ပဏီ Alstom ဟာ ခရီးသည် ပို့‌ဆောင်မှု ရာဇဝင်ကို ပြောင်းလည်း ပစ်လိုက်ပါပြီ။

သူတို့က ကမ္ဘာ့ ပထမဆုံး ဟိုက်ဒြိုဂျင် ရထားကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။ Coradia iLint အမည်ရ ဒီရထားဟာ ဂျာမနီနိုင်ငံ၊ အောက်ဆက်ဆွန်ပြည်နယ်ရဲ့ Brebervorde အထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ရထားဟာ ခုတ်မောင်းနေစဉ်မှာ ရေနွေးငွေ့နဲ့ ရေအေးအနဲငယ်သာ ဘေးကို ဖြာထွက်ပြီး အသံနှုန်းကလည်း နိမ့်ပါတယ်တဲ့။

ဒါဟာ ရထားလမ်းတလျောက်က သဘာဝအခြေအနေ ပျက်ဆီးမှုကိုလည်း သက်သာစေပါတယ်လို့ Alstom တာဝန်ရှိသူတွေက ဆိုပါတယ်။

အနာဂတ် သဘာဝ ပါတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ စွမ်းအင်ဖြာထွက်မှု အနည်းဆုံးဖြစ်ဖို့က အရေးကြီးပါတယ်။ ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

နောင်မှာ ရထားခရီးတွေအတွက် ကွဲပြားတဲ့ အင်ဂျင်ခုတ်မောင်းမှုတွေနဲ့အတူ ကျနော်တို့ ဦးဆောင်နေရာ ရဖို့ကြိုးစားသွားမှာပါလို့လည်း ဆက်ပြောပါသေးတယ်။ Alstom ရဲ့ CEO ဖြစ်သူက Henri Poupart Lafarge ပါ။

သူက “ကျနော်တို့ရဲ့ ပထမဆုံး ဟိုက်ဒြိုဂျင်ရထား Coradia iLint ဟာ အစိမ်းရောင် ကမ္ဘာကြီးဖြစ်‌စေဖို့အတွက် ကတိကဝတ်တစ်ခုပါဘဲ။

ဒီအတွက် ကျနော်တို့ ဂုဏ်ယူပါတယ်။ ကျနော်တို့ မိတ်ဆွေများနဲ့ လက်တွဲပြီး ကမ္ဘာကြီးအတွက် ကြိုးစားသွားမှာ ဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။

ဟိုက်ဒြိုဂျင်လောင်စာ ၁ ကီလိုဂရမ်ဟာ ဒီဇယ် ၄.၅ ကီလိုဂရမ်နဲ့ ညီမျှတဲ့စွမ်းအင်ကို ထုတ်လုပ်ပေးပါတယ်။

CNN သတင်းဌာနရဲ့ တင်ပြချက်အရ ရထား ၁၄ စီးမှာ ဟိုက်ဒြိုဂျင်နဲ့မောင်းနှင်တဲ့ အင်ဂျင်တပ်ဆင်ပြီးပြီလို့ သိရပါတယ်။

ဒေါ်လာ ၉၃ သန်းတန်ဖိုးရှိတဲ့ စာချုပ်ကို Alstom နဲ့ Landesnahverkehrsgesellschaft Niedersachsen (LNVG) ကုမ္ပဏီတို့ သဘောတူ လက်မှတ်ထိုးပြီးပါပြီ။

ပရောဂျက် တစ်စိတ်တစ်ပိုင်းကို Elbe-Weser railway and transport ကုမ္ပဏီက ပါဝင်ပါတယ်။

ရထားဟာ မိုင် ၆၂၁ မိုင်အကွာကို သွားနိုင်ပြီး တစ်နေ့လုံးကို တိုင်ကီ တစ်လုံးရဲ့လောင်စာနဲ့ မောင်းနှင်နိုင်ပါတယ်။ အမြန်နှုန်းက တစ်နာရီကို ၁၄၀ ကီလိုမီတာ (၈၇ မိုင်)နှုန်း မောင်းနိုင်ပါတယ်။

ရထားဟာ အသံဆူညံမှု နဲပါးပြီး ဖြာထွက်မှုလုံးဝ မရှိတဲ့အတွက် အနာဂါတ် ကမ္ဘာကြီးအတွက် တစ်ချိန်မှာ အပြည့်အဝ နေရာယူလာလိမ့်မယ်လို့ ယုံကြည်ရပါတယ်လို့ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Crd