ျမန္မာ့သမိုင္းမွာ တင္က်န္ရစ္ခဲ့မယ့္ အာဏာရွင္ကို အံတုခဲ့တဲ့ သီေပါေစာ္ဘြား စပ္ၾကာဆိုင္ရဲ႕ ၾကင္ယာေတာ္ မဟာေဒဝီစပ္သုစႏၵီရဲ႕ စကားတစ္ခြန္း

ျမန္မာ့သမိုင္းမွာ တင္က်န္ရစ္ခဲ့မယ့္ အာဏာရွင္ကို အံတုခဲ့တဲ့ သီေပါေစာ္ဘြား စပ္ၾကာဆိုင္ရဲ႕ ၾကင္ယာေတာ္ မဟာေဒဝီစပ္သုစႏၵီရဲ႕ စကားတစ္ခြန္း

” ရွင္ႏႈတ္ပိတ္ေနသမွ်ကြၽန္မတို႔ႏိုင္တယ္ ”
ေဖဖဝါရီ ၆ ရက္ေန႔က ရွမ္းျပည္ ေစာ္ဘြားမ်ိဳးဆက္ရဲ႕ေနာက္ဆုံး
သီေပါေစာ္ဘြား စပ္ၾကာဆိုင္ရဲ႕ ၾကင္ယာေတာ္ မဟာေဒဝီစပ္သု
စႏၵီ ( ၾသစေတးလ်ႏိုင္ငံသူ Inge Sargent) သက္ေတာ္ ၉၁ မွာကံ
ေတာ္ကုန္သြားပါတယ္။

လူမႈမီဒီယာမွာ အခ်ိနိနဲ႔တေျပး​ေဖာ္​ျပၿပီးသြားလို႔အားလုံးလည္းသိၿပီး
ျဖစ္မွာပါ။အက်ယ္တဝံ့ေရးမေနေတာ့ပါဘူး။Message ေပးခ်င္
တာတစ္ခုေၾကာင့္ ဒီ ပိုစ္ကိုေနာက္က်စြာနဲ႔တင္လိုက္ပါတယ္။( အမ်ား
တကာထက္ ဦးဦးဖ်ားဖ်ားတင္ႏိုင္မွလူႀကိဳက္မ်ားၿပီး Like ေတြ Share ေတြ တပုံႀကီးရတာေပကိုး။ ဒါေတြကို ထည့္မထြက္တတ္ေတာ့ပါ ဘူး)

ေျပာခ်င္တာက မဟာေဒဝီနဲ႔ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းတို႔ရဲ႕ အခိုက္အတန္႔
ကာလ တစ္ခုက ေတြ႕ဆုံမႉပါ။ဒါကိုေတာ့ လူသိနည္းပါတယ္။
၁၉၆၂ ေတာ္လွန္ေရးေကာင္စီတက္လာၿပီးေနာက္ စစ္အာဏာရွင္ဗိုလ္
ခ်ဳပ္ႀကီးေနဝင္းက ႏိုင္ငံေရးသမားေတြနဲ႔ ေစာ္ဘြားေတြကို ဖမ္းဆီးၿပီး နာမည္ဆိုးနဲ႔ ေက်ာ္ၾကားလွတဲ့ ေရၾကည္အိုင္ စခန္းမွာထိန္းသိမ္းလိုက္
တယ္။

ေရၾကည္အိုင္ ‘ ေရၾကည္အိုင္ ‘ နဲ႔ နာမည္ေလးက အေတာိခ်စ္
စရာေကာင္းေပမယ့္ တကယ္ေတာ့ ေျခရာလည္းေပ်ာက္ေရလည္း
ေနာက္ ဆိုတဲ့ ေနရာပါပဲ။ တခ်ိဳ႕ေတြ ေရၾကည္အိုင္ေရာက္ၿပီးျပန္
လမ္းမရွိခဲ့ပါဘူး။.ဒီထဲမွာ ေစာ္ဘြားေလး စပ္ၾကာဆိုင္ပါသြားပါတယ္။
မဟာဒဝီက စပ္ၾကာဆိုင္ကို ဘယ္မွာထားတယ္ ဆိုတာမသိရွာပါဘူး။

ေစာ္ဘြားေလးထံက စာတိုေလးတစ္ေစာင္သာေရာက္လာၿပီးျမဴႏွင္း
ေတြေဝတဲ့နံက္ခင္းတစ္ခုမွာ ေစာ္ဘြားလာရာလမ္းကိုေမွ်ာ္တလင့္လင့္
ေစာင့္စားေနတဲ့ မဟာေဒဝီဟာ သမီးေလးႏွစ္ေယာက္ကို လက္ဆြဲၿပီး
ရန္ကုန္ကတစ္ဆင့္ ႏိုင္ငံျခားကိုထြက္သြားတာ ကံေတာ္ကုန္တဲ့အထိပါပဲ။႐ုပ္ရွင္ထဲမွာဆိုရင္ေတာ့ ဒီ​ျမင္ကြင္းနဲ႔ ဒီဇာတ္ဝင္ခန္းဟာ စာနာေၾက
ကြဲစရာ ရင္နာစရာ ပဲေနမွာပါ။

ျမန္မာျပည္ကိုလည္းသူ ျပန္မေရာက္ေတာ့ဘူး။အင္မတန္ဆြတ္ပ်ံ႕လြမ္း
ေမာဖြယ္ပါပဲ။
၁၉၆၆ ခုႏွစ္မွာ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ေနဝင္း စိတ္ေရာ
ဂါကုသဖို႔ ၾသစေတးလ် ဗီယင္နာၿမိဳ႕ကိုေရာက္သြားပါတယ္။အာဏာ
တေစၦေျခာက္လွန္႔ခံေနရတဲ့ ဗိုလ္ေနဝင္းဟာအာဏာသိမ္းၿပီးေနာက္
ေစာ္ဘြားေလး အပါအဝင္ အသက္ေပါင္းမ်ားစြာကို သုတ္သင္ရွင္းလင္း
ပစ္ခဲ့လို႔ထငိပါရဲ႕။

စိုးရိမ္ေသာက ဗ်ာပါဒေတြကိုအေျခခံတဲ့ သံသယစိတ္နဲ႔ သူ႔ကိုဘယ္သူလုပ္​ႀကံမွာလဲ ​ၾကမၼာရဟတ္ တစ္ပတ္လည္ၿပီးဝဋ္လည္
ေတာ့မွာလားဆိုၿပီးတထိတ္ထိတိ တလန္႔လန္႔ျဖစ္ခဲ့ပုံရပါတယ္။
ဒီစိတ္နဲ႔ပဲစိတ္ေရာဂါ စြဲကပ္ခဲ့ပုံရပါတယ္။ဒါ့​ေၾကာင့္ပဲေရာဂါကုသဖို႔ၾသစေတးလ်ားကို​ေရာက္သြားတာပါ။

ဗိယင္နာမွာ ဦးေနဝင္းေရာက္တဲ့သတင္းၾကားထားတဲ့ မဟာေဒဝီဟာ
သူတဲခိုတဲ့ဟိုတယ္ကိုအ​ေရာက္သြားၿပီးဦးေနဝင္းကိုရင္ဆိုင္ခဲ့တယ္။
သူ႔မွာ ဦးေနဝင္းကို ေမးဖို႔ေမးခြန္းေတြ ရင္ႏွင့္အမွ် ရွိေနမွာပါပဲ။
မဟာေဒဝီ ဟာ ဦးေနဝင္းမ်က္ႏွာကို တည့္တည့္စိုက္ၾကည့္လိုက္တာ
ျမင္လိုက္တာနဲ႔တၿပိဳင္နက္ထဲ ဦးေနဝင္းဟာ တုန္တုန္ရီရီျဖစ္ၿပီးဟို တယ္အေပၚထပ္ကို အေျပးတက္သြားတယ္။ တကယ္ေတာ့မဟာေဒဝီကိုရင္မဆိုင္ရဲခဲ့တာပါ။

မဟာေဒဝီသုစႏၵီက ဟိုတယ္ေအာက္ထပ္ကေန အ​ေပၚကိုေအာ္ေျပာလိုက္တာ အားလုံးၾကားလိုက္ ရတယ္လို႔ဆိုတယ္။
” ရွင္ ႏႈတ္ ပိတ္ ေန သမွ် ကြၽန္ မတို႔ ႏိုင္တယ္ ”
” ရွင္ ႏႈတ္ပိတ္သမွ် ကြၽန္မ တို႔ ႏိုင္တယ္ ” တဲ့
ဦး​ေနဝင္းရွိရာ ဟိုတယ္အေပၚထပ္ကို မီးဝင္းဝင္းေတာက္ေနတဲ့ မ်က္လုံးေတြနဲ႔စိုက္ၾကည့္ၿပီး နာက်င္စူးရွ စြာေအာ္ဟစ္လိုက္ပုံပါပဲ။

ခင္ပြန္းျဖစ္သူ စပ္ၾကာဆိုင္ကို ဘယ္မွာထားတယ္ ဘယ္ပုံဘယ္နည္း
နဲ႔ ဘယ္ေန႔ဘယ္ရက္က ဘယ္လို ကြယ္လြန္သြားတာကို ေသသည္အထိသိမသြားခဲ့ရွာတဲ့သုစႏၵီ…
ရွမ္းျပည္နယ္ဖြံၿဖိဳးတိုးတက္​ေရးနဲ႔သီေပါၿမိဳ႕ ဖြံၿဖိဳးေရးကိုေစာ္ဘြားေလးနဲ႔လက္တြဲႀကိဳးပမ္းခဲ့တဲ့သုစႏၵီ…
သီေပါနယ္မွာ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအဖြဲ႕ဖြဲ႕စည္းၿပီးေတာ
ႀကိဳအုံၾကားမက်န္နယ္လွည့္ကူညီၿပီး ေဒသဖြံၿဖိဳးေရးေတြ လုပ္ေဆာင္
သြားတဲ့သုစႏၵီ….

ႏိုင္ငံရပ္ျခားကေန ရွမ္းျပည္နယ္အေပၚ သံေယာဇဥ္ႀကီးစြာနဲ႔ရွမ္းျပည္
တိုးတက္ေရးနဲ႔လူငယ္ေတြပညာေရးအတြက္သူမတတ္စြမ္းႏိုင္သ
ေလာက္ေထာက္ပံ့ကူညီခဲ့တဲ့ သုစႏၵီ…..
ျမန္မာထိုင္းနယ္စပ္က မိဘမဲ့ကေလးေတြပညာေရးအတြက္ ေထာက္ပံ့
ခဲ့တဲ့ သုစႏၵီ….

အေမရိကန္တကၠသိုလ္တစ္ခုမွာ ေစာ္ဘြားေလးနဲ႔ခ်စ္ကြၽမ္းဝင္ၿပီး
ေမာင္မ်က္ႏွာတစ္႐ြာထင္လို႔ အားလုံးကိုပစ္​ၿပီး ေယာင္ေနာက္ ဆံထုံး
ပါလာခဲ့တဲ့ သုစႏၵွီ…

သူ႔ဘဝဇာတ္ေၾကာင္းကို Twilight Over Burma: My Life as a
Shan Princess အမည္ျဖင့္ကိုယ္တိုင္ အဂ္လိပ္ဘာသာနဲ႔ေရးသားၿပီးကမာၻ႔ဘာသာေပါင္းမ်ားစြာနဲ႔ထုတ္ေဝႏိုင္ခဲ့တဲ့ထိေအာင္ျမင္ခဲ့ပါတယ္။သူမေရးခဲ့တဲ့ ဆြတ္ပ်ံ႕ဖြယ္ဇာတ္လမ္းကလည္း႐ုပ္ရွင္အျဖစ္
ကမာၻေက်ာ္ခဲ့ပါတယ္

၁၉၆၂ မွာဘယ္ဝယ္ဘယ္ဆီေရာက္ေနမွန္းမသိတဲ့ေစာ္ဘြားေလးစပ္
ၾကာယုံကို လြမ္းဆြတ္ရင္း နံနက္ခင္းတစ္ခုရဲ႕ျမဴႏွင္းေတြၾကားမွာသမီး
ကေလးႏွစ္ေယာက္လက္ကိုဆြဲၿပီး ျမန္မာျပည္ကစြန္႔ခြာသြားတာ ကံေတာ္ကုန္တဲ့ အထိ ျပန္မလာေတာ့တဲ့ စပ္သုစႏၵီ..ေခၚ Inge Sargent ရဲ႕ဘဝက လြမ္းဆြတ္​ေၾကကြဲမႈ နာက်င္ရမႈ ေတြနဲ႔ ထူးျခားအံ့ၾသဖြယ္အျပည့္ပါ။

ရွင္ႏႈတ္ ပိတ္သမွ်ကြၽနိမတို႔ႏိုင္တယ္ ” လို႔ ရဲရဲေတာက္ေျပာခဲ့တဲ့မဟာ
ေဒဝီဟာ ​ေဖဝါရီ ၆ ရက္ေန႔က သက္ေတာ္ ၉၁ ႏွစ္မွာကံေတာ္ကုန္ပါ
တယ္။ရွမ့္းျပည္သူေတြရဲ႕ ရင္ထဲမွာေတာ့ သူမအၿမဲတမ္းရွိေနမွာပါ။
အာဏာရွင္ကို အံတုခဲ့တဲ့ သူမရဲ႕ စကားတစ္ခြန္းကလည္းျမန္မာ့သမိုင္း
မွာတင္က်န္ရစ္ခဲ့မွာပါပဲ။

Rest In Peace ပါ မဟာေဒဝီ စပ္သုစႏၵီ….💙
ေနာင္ဘဝဆိုတာမ်ားရွိခဲ့ရင္ ေစာ္ဘြားေလးနဲ႔ ျပန္လည္ဆုံေတြ႕ႏိုင္
ပါေစ။ 🌺🌺
crd

Unicode
မြန်မာ့သမိုင်းမှာ တင်ကျန်ရစ်ခဲ့မယ့် အာဏာရှင်ကို အံတုခဲ့တဲ့ သီပေါစော်ဘွား စပ်ကြာဆိုင်ရဲ့ ကြင်ယာတော် မဟာဒေဝီစပ်သုစန္ဒီရဲ့ စကားတစ်ခွန်း

” ရှင်နှုတ်ပိတ်နေသမျှကျွန်မတို့နိုင်တယ် ”
ဖေဖဝါရီ ၆ ရက်နေ့က ရှမ်းပြည် စော်ဘွားမျိုးဆက်ရဲ့နောက်ဆုံး
သီပေါစော်ဘွား စပ်ကြာဆိုင်ရဲ့ ကြင်ယာတော် မဟာဒေဝီစပ်သု
စန္ဒီ ( သြစတေးလျနိုင်ငံသူ Inge Sargent) သက်တော် ၉၁ မှာကံ
တော်ကုန်သွားပါတယ်။

လူမှုမီဒီယာမှာ အချိနိနဲ့တပြေး​ဖော်​ပြပြီးသွားလို့အားလုံးလည်းသိပြီး
ဖြစ်မှာပါ။အကျယ်တဝံ့ရေးမနေတော့ပါဘူး။Message ပေးချင်
တာတစ်ခုကြောင့် ဒီ ပိုစ်ကိုနောက်ကျစွာနဲ့တင်လိုက်ပါတယ်။( အများ
တကာထက် ဦးဦးဖျားဖျားတင်နိုင်မှလူကြိုက်များပြီး Like တွေ Share တွေ တပုံကြီးရတာပေကိုး။ ဒါတွေကို ထည့်မထွက်တတ်တော့ပါ ဘူး)

ပြောချင်တာက မဟာဒေဝီနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ရဲ့ အခိုက်အတန့်
ကာလ တစ်ခုက တွေ့ဆုံမှူပါ။ဒါကိုတော့ လူသိနည်းပါတယ်။
၁၉၆၂ တော်လှန်ရေးကောင်စီတက်လာပြီးနောက် စစ်အာဏာရှင်ဗိုလ်
ချုပ်ကြီးနေဝင်းက နိုင်ငံရေးသမားတွေနဲ့ စော်ဘွားတွေကို ဖမ်းဆီးပြီး နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ရေကြည်အိုင် စခန်းမှာထိန်းသိမ်းလိုက်
တယ်။

ရေကြည်အိုင် ‘ ရေကြည်အိုင် ‘ နဲ့ နာမည်လေးက အတောိချစ်
စရာကောင်းပေမယ့် တကယ်တော့ ခြေရာလည်းပျောက်ရေလည်း
နောက် ဆိုတဲ့ နေရာပါပဲ။ တချို့တွေ ရေကြည်အိုင်ရောက်ပြီးပြန်
လမ်းမရှိခဲ့ပါဘူး။.ဒီထဲမှာ စော်ဘွားလေး စပ်ကြာဆိုင်ပါသွားပါတယ်။
မဟာဒဝီက စပ်ကြာဆိုင်ကို ဘယ်မှာထားတယ် ဆိုတာမသိရှာပါဘူး။

စော်ဘွားလေးထံက စာတိုလေးတစ်စောင်သာရောက်လာပြီးမြူနှင်း
တွေဝေတဲ့နံက်ခင်းတစ်ခုမှာ စော်ဘွားလာရာလမ်းကိုမျှော်တလင့်လင့်
စောင့်စားနေတဲ့ မဟာဒေဝီဟာ သမီးလေးနှစ်ယောက်ကို လက်ဆွဲပြီး
ရန်ကုန်ကတစ်ဆင့် နိုင်ငံခြားကိုထွက်သွားတာ ကံတော်ကုန်တဲ့အထိပါပဲ။ရုပ်ရှင်ထဲမှာဆိုရင်တော့ ဒီ​မြင်ကွင်းနဲ့ ဒီဇာတ်ဝင်ခန်းဟာ စာနာကြေ
ကွဲစရာ ရင်နာစရာ ပဲနေမှာပါ။

မြန်မာပြည်ကိုလည်းသူ ပြန်မရောက်တော့ဘူး။အင်မတန်ဆွတ်ပျံ့လွမ်း
မောဖွယ်ပါပဲ။
၁၉၆၆ ခုနှစ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်နေဝင်း စိတ်ရော
ဂါကုသဖို့ သြစတေးလျ ဗီယင်နာမြို့ကိုရောက်သွားပါတယ်။အာဏာ
တစ္ဆေခြောက်လှန့်ခံနေရတဲ့ ဗိုလ်နေဝင်းဟာအာဏာသိမ်းပြီးနောက်
စော်ဘွားလေး အပါအဝင် အသက်ပေါင်းများစွာကို သုတ်သင်ရှင်းလင်း
ပစ်ခဲ့လို့ထငိပါရဲ့။

စိုးရိမ်သောက ဗျာပါဒတွေကိုအခြေခံတဲ့ သံသယစိတ်နဲ့ သူ့ကိုဘယ်သူလုပ်​ကြံမှာလဲ ​ကြမ္မာရဟတ် တစ်ပတ်လည်ပြီးဝဋ်လည်
တော့မှာလားဆိုပြီးတထိတ်ထိတိ တလန့်လန့်ဖြစ်ခဲ့ပုံရပါတယ်။
ဒီစိတ်နဲ့ပဲစိတ်ရောဂါ စွဲကပ်ခဲ့ပုံရပါတယ်။ဒါ့​ကြောင့်ပဲရောဂါကုသဖို့သြစတေးလျားကို​ရောက်သွားတာပါ။

ဗိယင်နာမှာ ဦးနေဝင်းရောက်တဲ့သတင်းကြားထားတဲ့ မဟာဒေဝီဟာ
သူတဲခိုတဲ့ဟိုတယ်ကိုအ​ရောက်သွားပြီးဦးနေဝင်းကိုရင်ဆိုင်ခဲ့တယ်။
သူ့မှာ ဦးနေဝင်းကို မေးဖို့မေးခွန်းတွေ ရင်နှင့်အမျှ ရှိနေမှာပါပဲ။
မဟာဒေဝီ ဟာ ဦးနေဝင်းမျက်နှာကို တည့်တည့်စိုက်ကြည့်လိုက်တာ
မြင်လိုက်တာနဲ့တပြိုင်နက်ထဲ ဦးနေဝင်းဟာ တုန်တုန်ရီရီဖြစ်ပြီးဟို တယ်အပေါ်ထပ်ကို အပြေးတက်သွားတယ်။ တကယ်တော့မဟာဒေဝီကိုရင်မဆိုင်ရဲခဲ့တာပါ။

မဟာဒေဝီသုစန္ဒီက ဟိုတယ်အောက်ထပ်ကနေ အ​ပေါ်ကိုအော်ပြောလိုက်တာ အားလုံးကြားလိုက် ရတယ်လို့ဆိုတယ်။
” ရှင် နှုတ် ပိတ် နေ သမျှ ကျွန် မတို့ နိုင်တယ် ”
” ရှင် နှုတ်ပိတ်သမျှ ကျွန်မ တို့ နိုင်တယ် ” တဲ့
ဦး​နေဝင်းရှိရာ ဟိုတယ်အပေါ်ထပ်ကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့စိုက်ကြည့်ပြီး နာကျင်စူးရှ စွာအော်ဟစ်လိုက်ပုံပါပဲ။

ခင်ပွန်းဖြစ်သူ စပ်ကြာဆိုင်ကို ဘယ်မှာထားတယ် ဘယ်ပုံဘယ်နည်း
နဲ့ ဘယ်နေ့ဘယ်ရက်က ဘယ်လို ကွယ်လွန်သွားတာကို သေသည်အထိသိမသွားခဲ့ရှာတဲ့သုစန္ဒီ…
ရှမ်းပြည်နယ်ဖွံဖြိုးတိုးတက်​ရေးနဲ့သီပေါမြို့ ဖွံဖြိုးရေးကိုစော်ဘွားလေးနဲ့လက်တွဲကြိုးပမ်းခဲ့တဲ့သုစန္ဒီ…
သီပေါနယ်မှာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဖွဲ့စည်းပြီးတော
ကြိုအုံကြားမကျန်နယ်လှည့်ကူညီပြီး ဒေသဖွံဖြိုးရေးတွေ လုပ်ဆောင်
သွားတဲ့သုစန္ဒီ….

နိုင်ငံရပ်ခြားကနေ ရှမ်းပြည်နယ်အပေါ် သံယောဇဥ်ကြီးစွာနဲ့ရှမ်းပြည်
တိုးတက်ရေးနဲ့လူငယ်တွေပညာရေးအတွက်သူမတတ်စွမ်းနိုင်သ
လောက်ထောက်ပံ့ကူညီခဲ့တဲ့ သုစန္ဒီ…..
မြန်မာထိုင်းနယ်စပ်က မိဘမဲ့ကလေးတွေပညာရေးအတွက် ထောက်ပံ့
ခဲ့တဲ့ သုစန္ဒီ….

အမေရိကန်တက္ကသိုလ်တစ်ခုမှာ စော်ဘွားလေးနဲ့ချစ်ကျွမ်းဝင်ပြီး
မောင်မျက်နှာတစ်ရွာထင်လို့ အားလုံးကိုပစ်​ပြီး ယောင်နောက် ဆံထုံး
ပါလာခဲ့တဲ့ သုစန္ဒှီ…

သူ့ဘဝဇာတ်ကြောင်းကို Twilight Over Burma: My Life as a
Shan Princess အမည်ဖြင့်ကိုယ်တိုင် အဂ်လိပ်ဘာသာနဲ့ရေးသားပြီးကမ္ဘာ့ဘာသာပေါင်းများစွာနဲ့ထုတ်ဝေနိုင်ခဲ့တဲ့ထိအောင်မြင်ခဲ့ပါတယ်။သူမရေးခဲ့တဲ့ ဆွတ်ပျံ့ဖွယ်ဇာတ်လမ်းကလည်းရုပ်ရှင်အဖြစ်
ကမ္ဘာကျော်ခဲ့ပါတယ်

၁၉၆၂ မှာဘယ်ဝယ်ဘယ်ဆီရောက်နေမှန်းမသိတဲ့စော်ဘွားလေးစပ်
ကြာယုံကို လွမ်းဆွတ်ရင်း နံနက်ခင်းတစ်ခုရဲ့မြူနှင်းတွေကြားမှာသမီး
ကလေးနှစ်ယောက်လက်ကိုဆွဲပြီး မြန်မာပြည်ကစွန့်ခွာသွားတာ ကံတော်ကုန်တဲ့ အထိ ပြန်မလာတော့တဲ့ စပ်သုစန္ဒီ..ခေါ် Inge Sargent ရဲ့ဘဝက လွမ်းဆွတ်​ကြေကွဲမှု နာကျင်ရမှု တွေနဲ့ ထူးခြားအံ့သြဖွယ်အပြည့်ပါ။

ရှင်နှုတ် ပိတ်သမျှကျွနိမတို့နိုင်တယ် ” လို့ ရဲရဲတောက်ပြောခဲ့တဲ့မဟာ
ဒေဝီဟာ ​ဖေဝါရီ ၆ ရက်နေ့က သက်တော် ၉၁ နှစ်မှာကံတော်ကုန်ပါ
တယ်။ရှမ့်းပြည်သူတွေရဲ့ ရင်ထဲမှာတော့ သူမအမြဲတမ်းရှိနေမှာပါ။
အာဏာရှင်ကို အံတုခဲ့တဲ့ သူမရဲ့ စကားတစ်ခွန်းကလည်းမြန်မာ့သမိုင်း
မှာတင်ကျန်ရစ်ခဲ့မှာပါပဲ။

Rest In Peace ပါ မဟာဒေဝီ စပ်သုစန္ဒီ….💙
နောင်ဘဝဆိုတာများရှိခဲ့ရင် စော်ဘွားလေးနဲ့ ပြန်လည်ဆုံတွေ့နိုင်
ပါစေ။ 🌺🌺

Crd