ျပည္ပေရာက္အလုပ္သမားမ်ား၏ လစာတခ်ိဳ႕ မျဖစ္မေန ျပန္လႊဲေရး စစ္ေကာင္စီ ဖိအားေပးေန

News Social News

ျပည္ပေရာက္အလုပ္သမားမ်ား၏ လစာတခ်ိဳ႕ မျဖစ္မေန ျပန္လႊဲေရး စစ္ေကာင္စီ ဖိအားေပးေန

ႏိုင္ငံျခားေငြ လိုအပ္ခ်က္ ႀကီးမားေနသည့္ အာဏာသိမ္း စစ္ေကာင္စီအေနျဖင့္ ျပည္ပေရာက္ ျမန္မာအလုပ္သမားမ်ား၏ လစာေငြထဲမွ ရာခိုင္ႏႈန္းအလိုက္ကို မျဖစ္မေန ျပည္တြင္းသို႔ ျပန္လႊဲေပးရန္ စာခ်ဳပ္၌ ထည့္သြင္းခ်ဳပ္ဆိုေရး ဖိအားေပးလ်က္ ရွိသည္။

စစ္ေကာင္စီလက္ေအာက္ခံ အလုပ္သမား ဝန္ႀကီး ေဒါက္ တာ ပြင့္ဆန္းက ယမန္ေန႔က ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ အစည္းအေဝး၌ အလုပ္ရွင္၊ အလုပ္သမား အလုပ္ ခန႔္ထားမႈဆိုင္ရာ စာခ်ဳပ္တြင္ျဖစ္ေစ၊ ေအဂ်င္စီႏွင့္ အလုပ္သမားၾကား ခ်ဳပ္ဆိုသည့္ စာခ်ဳပ္တြင္ျဖစ္ေစ ျပည္ပေရာက္ အလုပ္သမား၏ လစာဝင္ေငြမွ ရာခိုင္ႏႈန္း သတ္မွတ္၍ ျပည္တြင္းသို႔ ျပန္လႊဲပို႔ေရး အခ်က္ ထည့္ သြင္းခ်ဳပ္ဆို ေဆာင္႐ြက္ရန္ ေျပာခဲ့သည္။

ယင္းျပင္ ျပည္ပေရာက္ အလုပ္သမားမ်ား၏ မိသားစုမ်ားထံ ေငြလႊဲပို႔မႈမ်ားအား
တရားဝင္ ဘဏ္မ်ားမွတဆင့္ လႊဲပို႔ႏိုင္ေရး စည္ကမ္း သတ္မွတ္ခ်က္မ်ား
ခ်မွတ္ ေဆာင္႐ြက္ရန္လည္း ၎က ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၁ ရက္တြင္လည္း အလုပ္သမား ဒုဝန္ႀကီး ဦးဝင္းရွိန္က ျပည္ပသို႔ သြားေရာက္လုပ္ကိုင္မည့္ အလုပ္သမားမ်ား မထြက္ခြာမီ ျပည္တြင္းမွ ႏိုင္ငံ ျခားေငြလႊဲ လုပ္ကိုင္ခြင့္ရထားသည့္ ဘဏ္တခုခုတြင္ အေကာင့္ဖြင့္ကာ တရားဝင္ ေငြလႊဲပို႔ႏိုင္ေရး ကူညီေဆာင္ ႐ြက္ေပးရန္ အလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီမ်ားအား ေျပာၾကားခဲ့ၿပီးေနာက္ ယခုကဲ့သို႔ လစာဝင္ေငြမွ ရာခိုင္ ႏႈန္းသတ္မွတ္၍ စာခ်ဳပ္တြင္ပါ ထည့္သြင္း ခ်ဳပ္ဆိုရန္ ဖိအားေပးလာျခင္းလည္း ျဖစ္သည္။

ျမန္မာႏိုင္ငံ ဗဟိုဘဏ္၏ စာရင္းမ်ားအရ၂၀၁၄ ခုႏွစ္မွ စတင္ၿပီး ၂၀၂၂ ခုႏွစ္၊ ဇူလိုင္လအထိ ထိုင္း၊ စကၤာပူ၊ မေလးရွားႏွင့္ အျခားႏိုင္ငံမ်ားတြင္ ေရာက္ရွိေနသည့္ ျပည္ပေရာက္ ျမန္မာအလုပ္သမားမ်ား၏ မိသားစုထံ လႊဲပို႔ေငြပမာဏမွာ အေမရိကန္ေဒၚလာ ၆၁၅၂. ၀၄၄ သန္း အထိ ရွိေၾကာင္း သိရသည္။

ယင္းျပင္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလမွ ဇူလိုင္လအထိ ၇ လတာအတြင္း မေလးရွား၊ ထိုင္းႏွင့္ စကၤာပူႏိုင္ငံတို႔မွ ျမန္မာႏိုင္ငံသားမ်ား၏ ျပန္လည္လႊဲပို႔ေငြမွာလည္း အေမရိကန္ေဒၚလာ၂၆၄ သန္းေက်ာ္ ရွိခဲ့ေၾကာင္း သိရသည္။

ေဒၚလာလိုအပ္ခ်က္ရွိလာသည့္ စစ္ေကာင္စီသည္ ျပည္ပသို႔ တင္ပို႔သူအေပၚတြင္လည္း ပို႔ကုန္ရေငြအားလုံးကို သတ္မွတ္ ဘဏ္မ်ားတြင္ ျပန္လည္ေရာင္းခ်ရန္ ထိန္း ခ်ဳပ္ခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ ၾသဂုတ္လတြင္မူ ပို႔ကုန္ရေငြ၏ ၆၅ ရာခိုင္ႏႈန္းကိုသာ သတ္မွတ္ေဈးႏႈန္းအတိုင္း ျမန္မာေငြျဖင့္ မျဖစ္မေန လဲလွယ္ရန္ ထုတ္ျပန္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ထပ္မံ ထုတ္ျပန္လာျခင္း ျဖစ္ သည္

crd
ဧရာဝတီ၊ စက္တင္ဘာ ၆၊ ၂၀၂၂

Unicode
ပြည်ပရောက်အလုပ်သမားများ၏ လစာတချို့ မဖြစ်မနေ ပြန်လွှဲရေး စစ်ကောင်စီ ဖိအားပေးနေ

နိုင်ငံခြားငွေ လိုအပ်ချက် ကြီးမားနေသည့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာငွေထဲမှ ရာခိုင်နှုန်းအလိုက်ကို မဖြစ်မနေ ပြည်တွင်းသို့ ပြန်လွှဲပေးရန် စာချုပ်၌ ထည့်သွင်းချုပ်ဆိုရေး ဖိအားပေးလျက် ရှိသည်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမား ဝန်ကြီး ဒေါက် တာ ပွင့်ဆန်းက ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေး၌ အလုပ်ရှင်၊ အလုပ်သမား အလုပ် ခန့်ထားမှုဆိုင်ရာ စာချုပ်တွင်ဖြစ်စေ၊ အေဂျင်စီနှင့် အလုပ်သမားကြား ချုပ်ဆိုသည့် စာချုပ်တွင်ဖြစ်စေ ပြည်ပရောက် အလုပ်သမား၏ လစာဝင်ငွေမှ ရာခိုင်နှုန်း သတ်မှတ်၍ ပြည်တွင်းသို့ ပြန်လွှဲပို့ရေး အချက် ထည့် သွင်းချုပ်ဆို ဆောင်ရွက်ရန် ပြောခဲ့သည်။

ယင်းပြင် ပြည်ပရောက် အလုပ်သမားများ၏ မိသားစုများထံ ငွေလွှဲပို့မှုများအား
တရားဝင် ဘဏ်များမှတဆင့် လွှဲပို့နိုင်ရေး စည်ကမ်း သတ်မှတ်ချက်များ
ချမှတ် ဆောင်ရွက်ရန်လည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်တွင်လည်း အလုပ်သမား ဒုဝန်ကြီး ဦးဝင်းရှိန်က ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ မထွက်ခွာမီ ပြည်တွင်းမှ နိုင်ငံ ခြားငွေလွှဲ လုပ်ကိုင်ခွင့်ရထားသည့် ဘဏ်တခုခုတွင် အကောင့်ဖွင့်ကာ တရားဝင် ငွေလွှဲပို့နိုင်ရေး ကူညီဆောင် ရွက်ပေးရန် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအား ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ လစာဝင်ငွေမှ ရာခိုင် နှုန်းသတ်မှတ်၍ စာချုပ်တွင်ပါ ထည့်သွင်း ချုပ်ဆိုရန် ဖိအားပေးလာခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်၏ စာရင်းများအရ၂၀၁၄ ခုနှစ်မှ စတင်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ ထိုင်း၊ စင်္ကာပူ၊ မလေးရှားနှင့် အခြားနိုင်ငံများတွင် ရောက်ရှိနေသည့် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ မိသားစုထံ လွှဲပို့ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၆၁၅၂. ၀၄၄ သန်း အထိ ရှိကြောင်း သိရသည်။

ယင်းပြင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လတာအတွင်း မလေးရှား၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံတို့မှ မြန်မာနိုင်ငံသားများ၏ ပြန်လည်လွှဲပို့ငွေမှာလည်း အမေရိကန်ဒေါ်လာ၂၆၄ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။

ဒေါ်လာလိုအပ်ချက်ရှိလာသည့် စစ်ကောင်စီသည် ပြည်ပသို့ တင်ပို့သူအပေါ်တွင်လည်း ပို့ကုန်ရငွေအားလုံးကို သတ်မှတ် ဘဏ်များတွင် ပြန်လည်ရောင်းချရန် ထိန်း ချုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် သြဂုတ်လတွင်မူ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ သတ်မှတ်ဈေးနှုန်းအတိုင်း မြန်မာငွေဖြင့် မဖြစ်မနေ လဲလှယ်ရန် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံ ထုတ်ပြန်လာခြင်း ဖြစ် သည်

crd
ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၂

Crd