ရွှေနဲ့ ဒေါ်လာ ကစားချင်တဲ့သူတွေ ခေါင်းထဲ စွဲစွဲမြဲမြဲ မှတ်ထားရမယ့် အချက်တခု ( ရွှေ ဖြစ်ဖြစ် ဒေါ်လာဖြစ်ဖြစ် ဝယ်ပြီး မြတ်ချင်တယ်ဆိုရင်တော့ ဒီအချက်ကို လိုက်နာနိုင်မှရမယ်နော် )

News Social News

ရွှနဲ့ ဒေါ်လာ ကစားချင်တဲ့သူတွေ ခေါင်းထဲ စွဲစွဲမြဲမြဲ မှတ်ထားရမယ့် အချက်တခု ( ရွှေ ဖြစ်ဖြစ် ဒေါ်လာဖြစ်ဖြစ် ဝယ်ပြီး မြတ်ချင်တယ်ဆိုရင်တော့ ဒီအချက်ကို လိုက်နာနိုင်မှရမယ်နော် )

အချိန်တွေ ဘယ်လောက်ကြာလာလာ အရောင်းအဝယ်နဲ့ ပတ်သက်ရင် ဟောင်းသွားတယ် ဆိုတာ မရှိဘဲ အမြဲမှန်တဲ့ သီအိုရီဟာ ကျတုန်းဝယ်၊ မြင့်တုန်းရောင်း (Buy Low, Sell High) ဆိုတဲ့ သီအိုရီပါ။ လူတစ်ယောက်ဟာ ဘယ်အချိန်မှာ ဝယ်ရမလဲ လို့ မေးလာရင် ဈေးတန်းတစ်ခုဟာ ဆက်ကျနေသေးသမျှ စိတ်ရှည်ရှည် နဲ့ စောင့်ကြည့်နေနိုင်အောင်ကြိုးစားပါ။ ဈေးက ဒီထက်ထပ်မကျနိုင်တော့ပါဘူး ဆိုပြီး ဈေးကွက် ကို Limit မလုပ်ပါနဲ့၊ သူ့ဘာသူ ကျစရာရှိ ဆက်ကျနေပါစေ။ ဈေးကွက် အကျတန့်သွားပြီဆို ပိုပြီး အာရုံစိုက် Focus လုပ်ပါ၊

သတိဝီရိယ နဲ့ စောင့်ကြည့်ပါ။ ပြန်စပြီး တက်လာပြီဆို ပြန်တက်တာ သေချာပြီလား ဆိုတာကို ကြည့်ပါ။ အဲဒီအချိန်မှာ စိတ်ခံစားမှု (Emotion) ကင်းပါစေ။ အနိမ့်ဆုံးဈေးနဲ့ ရလိုက်တဲ့ထဲ ငါမပါသွားမှာစိုးလို့ ဆိုတဲ့ Greed လောဘ ကင်းပါစေ။ စောင့်ကြည့်ပြီး တကယ်ပြန်တက်ပြီလို့ ခိုင်မာယုံကြည်ရတဲ့အချိန်မှာမှ အဝယ် စဝယ်ပါ။ နောက် အရောင်းပိုင်း ကိုပြောပါမယ်။ လူတွေဟာ Market Speculation လို့ ခေါ်တဲ့ ဈေးကွက်လှုံ့ဆော်မှု ဈေးတန်း

အသစ် အသစ်တွေနောက် အရမ်းလိုက်ကြပါတယ်။ အရောင်းမမှားအောင် အမြဲသိထားရမယ့် အချက်တစ်ချက်က ဘယ် ဈေးကွက်မဆို ဈေးတန်း အသစ် အသစ် ကို ကြောက်ပါတယ်။ ဈေးတန်း အသစ်ကို ရောက်ရင် ဘယ်လောက်ပဲ ကြောက်လန့်တကြား (Panic) ဖြစ်ဖြစ်၊ Demand ဝယ်လိုအားများများ ခဏနေရင်တော့ ဝယ်လက် ပျောက်တာပါပဲ။ ဥပမာ ပေးရရင် ဒေါ်လာကျပ်ငွေလဲနှုန်း ဆိုရင် မနေ့က တကယ်ကျော်ဖြတ်တဲ့ ဈေးတန်း

အသစ်ဟာ ၄,၀၀၀ ဆိုတဲ့ Round Number ပါ။ အဲဒီလို တစ်ခါမှ မကြားဖူးတဲ့ ဈေးတန်းအသစ် ကို​ရောက်ရင် ဘယ်တော့မှ မမှားတဲ့ အမှန်တရား က မကြာခင် အဲဒီအတက်ဟာ ရပ်မယ်ဆိုတာပါပဲ။ ဈေးကွက် လှုံဆော်မှု (Market Speculation) က ဘယ်နှစ်ထောင် ဖြစ်မယ်၊ ဘယ်လောက်ရောက်မယ် အော်နေနေ အရောင်းသမား ဟာ ကိုယ့် အသိစိတ်နဲ့ကိုယ် အမြတ်ကို ပိုင်းနိုင်ရပါမယ်။ လှုံ့ဆော်မှု (Speculation) နောက်

လိုက်မသွားရပါဘူး။ အတက်ပြန် အစမှာမှ ဝယ်ပါ။ ဈေးတန်းအသစ် အသစ်ရောက်ရင် ရပ်ပါ။ ဒါဟာ အင်မတန် ရိုးရှင်းသလို၊ တကယ် အခြေခံကျတဲ့ အရောင်းအဝယ် အုတ်မြစ်ပါ။ ရောင်းမှား/ ဝယ်မှား ဆိုတာမျိုး မဖြစ်ဖို့ ဒီ အခြေခံ သိမှု (basic sense) လောက်ကို တကယ်ခိုင်ခိုင်မာမာ နားလည်ထားဖို့လိုပါတယ်။ တကယ့် အရောင်းအဝယ်သမားကောင်းဆိုတာ ဘယ်အချိန် ဝယ်ပြီး၊ ဘယ်အချိန်ရောင်းရမယ်

ဆိုတာကို ကောင်းကောင်းသိပါတယ်။ ကြောက်ရောင်း ကြောက်ဝယ် ဘယ်တော့မှ မလုပ်ရသလို ကျတုန်းဝယ်၊ မြင့်တုန်းရောင်း (Sell Low Buy High) ဘယ်တော့မှ မလုပ်ရပါဘူး။ ကျတုန်းဝယ်၊ မြင့်တုန်းရောင်း (Buy Low Sell High) ကို အမြဲကျင့်သုံးပါ။ ဘယ်နေရာ ကျ (Low) လဲ။ ဘယ်နေရာ မြင့် (High) လဲ ဆိုတာ သိနိုင်ဖို့ ရိုးရှင်းတဲ့ ချဉ်းကပ်ပုံကို အပေါ်မှာ မျှဝေထားတာပါ။ (မျိုးအိမ်ဇန်၊ စက်တင်ဘာ ၁၊ ၂၀၂၂)

crd-

Crd