မြောက်ကိုရီးယားထံမှ လက်နက်များ ဝယ်ယူနေရသည့် ရုရှား…

News

မြောက်ကိုရီးယားကနေ သန်းချီတဲ့ အမြောက်ကျည်တွေ ဒုံးကျည်တွေကို ဝယ်ယူနေရပြီလို့ အမေရိကန်ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပို့ကုန်ထိမ်းချုပ်မှုပိတ်ဆို့မှုတွေကြောင့် ရုရှားစစ်တပ်ဟာ အဆင့်မြင့်လက်နက်တွေ ဆက်လက်ထုတ်လုပ်နိုင်စွမ်းမရှိတော့သလို ယူကရိန်းမှာပစ်ခတ်နေတဲ့ လက်နက်ကျည်တွေအစားထိုးဖို့လည်း ခက်ခဲလာတဲ့အတွက် မြောက်ကိုရီးယားဆီကနေ ဝယ်ယူနေရတာလို့ဆိုပါတယ်။

မြောက်ကိုရီးယားကို လျှို့ဝှက်ချည်းကပ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာ ကြာပြီဖြစ်ပေမဲ့ အမေရိကန်ထောက်လှမ်းက အခုလို တရားဝင် ထုတ်ဖေါ်ပြောဆိုတာဟာ ဒါဟာ ပထမဆုံးလို့ဆိုပါတယ်။

မြောက်ကိုရီးယားဆီကနေ လက်နက်တွေဝယ်ယူနေရတယ်ဆိုတဲ့အပေါ် ရုရှားအစိုးရက တစ်စုံတရာတုန့်ပြန်ပြောဆိုဖို့ ငြင်းဆိုထားပြီး မြောက်ကိုရီးယားဟာ ယူကရိန်းခွဲထွက် နိုင်ငံသစ် နှစ်နိုင်ငံကို ဆီးရီးယားနဲ့အတူ အသိအမှတ်ပြုထားတဲ့ မိတ်ဆွေနိုင်ငံလို့ပဲ ပြောဆိုတာတွေ့ရပါတယ်။

အမြောက်ကျည်နဲ့ ဒုံးကျည်တွေကို မြောက်ကိုရီးယားဆီက ဝယ်ယူနေရသလို အီရန်ဆီကနေ ဒေါ်လာသန်းရာချီတန်မဲ့ ဒရုန်းတွေ ဝယ်ယူအသုံးပြုနေရပြီလို့လည်း နိုင်ငံတကာသတင်းတွေက ဖေါ်ပြပါတယ်။
Crd..Moe Win Oo

Unicode






Crd..Moe Win Oo

Crd