ေလယာဥ္ေမာင္းေနတုန္း ထိုးၾကႀကိတ္ၾကျဖစ္ခဲ့တဲ့ ေလယာဥ္မႉးနဲ႔ တြဲဖက္ေလယာဥ္မႉးကို တာဝန္မွ ဆိုင္းငံ့…

News Social News

လယာဥ္ေမာင္းေနတုန္း စက္ခန္းထဲမွာ ထိုးလားႀကိတ္လား ျဖစ္ခဲ့တဲ့ ျပင္သစ္ေလေၾကာင္းလိုင္းရဲ႕ ေလယာဥ္မႉးနဲ႔ တြဲဖက္ေလယာဥ္မႉးတို႔ကို တာဝန္ကေန ဆိုင္းငံ့လိုက္ပါၿပီ။ သူတို႔ဟာ ၿပီးခဲ့တဲ့ဇြန္လက ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕ကေန ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ကို ပ်ံသန္းတဲ့ Airbus A320 ေလယာဥ္ကို ေမာင္းႏွင္ေနရင္း ရန္ျဖစ္ခဲ့ၾကတာလို႔ ဆြစ္ဇာလန္သတင္းဌာန La Tribune က ေဖာ္ျပလိုက္ပါတယ္။

ေလယာဥ္မႉးခန္းထဲကေန ဆူဆူညံညံအသံေတြၾကားလို႔ တျခားဝန္ထမ္းေတြက သြားၾကည့္ေတာ့မွ ရန္ျဖစ္ေနတာေတြ႕ၿပီး ဝိုင္းဆြဲခဲ့ရတာပါ။ ေလယာဥ္မႉးနဲ႔ တြဲဖက္ေလယာဥ္မႉး ထပ္ၿပီး ရန္ျဖစ္ရင္ ဆြဲရေအာင္ ဝန္ထမ္းတစ္ေယာက္က ေလဆိပ္ကို ေလယာဥ္ဆင္းသက္တဲ့အထိ ေလယာဥ္မႉးခန္းထဲမွာ ထိုင္ေနခဲ့ရပါတယ္။

သူတို႔ႏွစ္ေယာက္ ရန္ျဖစ္ခဲ့တာဟာ ေလေၾကာင္းခရီးစဥ္ကို တစ္စုံတစ္ရာ ထိခိုက္မႈမရွိေစခဲ့ဘူးလို႔ La Tribune က ေဖာ္ျပပါတယ္။
ျပင္သစ္ေလေၾကာင္းလိုင္းဟာ ေဘးအႏၲရာယ္ကင္းရွင္းေရးဆိုင္ရာ စည္းမ်ဥ္းေတြနဲ႔ပတ္သက္ရင္ ေလ်ာ့ရဲတယ္လို႔ ၿပီးခဲ့တဲ့အဂၤါေန႔မွာ ျပင္သစ္ေလေၾကာင္းစုံစမ္းစစ္ေဆးေရးအဖြဲ႕က အစီရင္ခံစာ ထုတ္ျပန္ခဲ့ၿပီးေနာက္ အခုလိုျဖစ္ရပ္မ်ိဳး ႀကဳံခဲ့တာပါ။
Crd..(ရိုးရာလေး)

Unicode

လေယာဉ်မောင်းနေတုန်း ထိုးကြကြိတ်ကြဖြစ်ခဲ့တဲ့ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးကို တာဝန်မှ ဆိုင်းငံ့…

လေယာဉ်မောင်းနေတုန်း စက်ခန်းထဲမှာ ထိုးလားကြိတ်လား ဖြစ်ခဲ့တဲ့ ပြင်သစ်လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ကို တာဝန်ကနေ ဆိုင်းငံ့လိုက်ပါပြီ။ သူတို့ဟာ ပြီးခဲ့တဲ့ဇွန်လက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ပျံသန်းတဲ့ Airbus A320 လေယာဉ်ကို မောင်းနှင်နေရင်း ရန်ဖြစ်ခဲ့ကြတာလို့ ဆွစ်ဇာလန်သတင်းဌာန La Tribune က ဖော်ပြလိုက်ပါတယ်။

လေယာဉ်မှူးခန်းထဲကနေ ဆူဆူညံညံအသံတွေကြားလို့ တခြားဝန်ထမ်းတွေက သွားကြည့်တော့မှ ရန်ဖြစ်နေတာတွေ့ပြီး ဝိုင်းဆွဲခဲ့ရတာပါ။ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူး ထပ်ပြီး ရန်ဖြစ်ရင် ဆွဲရအောင် ဝန်ထမ်းတစ်ယောက်က လေဆိပ်ကို လေယာဉ်ဆင်းသက်တဲ့အထိ လေယာဉ်မှူးခန်းထဲမှာ ထိုင်နေခဲ့ရပါတယ်။

သူတို့နှစ်ယောက် ရန်ဖြစ်ခဲ့တာဟာ လေကြောင်းခရီးစဉ်ကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေခဲ့ဘူးလို့ La Tribune က ဖော်ပြပါတယ်။
ပြင်သစ်လေကြောင်းလိုင်းဟာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ပတ်သက်ရင် လျော့ရဲတယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြင်သစ်လေကြောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် အခုလိုဖြစ်ရပ်မျိုး ကြုံခဲ့တာပါ။
Crd..(ရိုးရာလေး)

Crd