ရေမြောင်းပုပ်ထဲမှာ အလောင်းတစ်လောင်းတွေ့တယ်ဆိုပြီး သက်ဆိုင်ရာအကြောင်းကြားခဲ့ပေမယ့် သေနေတာမဟုတ်ပဲ အရက်မူးပြီးအိပ်ပျော်နေသည့်အဖြစ်

News Social News

ယနေ့ခေတ်တွင် ပါတီများ၊မွေးနေ့ပွဲများနှင့် အခြားပျော်စရာနေ့များ၌ လူကြီး၊လူငယ်အတော်များများသည် စိတ်လွတ်ကိုယ်လွတ် ပျော်ပါးသောက်စားရင်းနဲ့ ဖြတ်သန်းလာတတ်ကြသည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အမျိုးသားတစ်ဦးသည် သူငယ်ချင်းတွေနဲ့ တစ်ညလုံးသောက်စားပျော်ပါးခဲ့ပြီးနောက် အိမ်ပြန်လမ်းကြားထဲရှိ ရေမြောင်းပုပ်ထဲတွင် အရှိန်မထိန်းနိုင်ပဲ ပြုတ်ကျကာ စိတ်လွတ်ကိုယ်လွတ်နဲ့ အိပ်ပျော်နေခဲ့သည်။

မနက်မိုးလင်းချိိန် ရပ်ကွက်ထဲဖြတ်သွားဖြတ်လာသူတစ်ဦးမှ ရေမြောင်းပုပ်ထဲ၌ လူသေအလောင်းတစ်လောင်းတွေ့ရှိတယ်ဆိုပြီး သက်ဆိုင်ရာကို အကြောင်းကြားပေးခဲ့ရာ သူတို့ရောက်ရှိလာပြီး မြောင်းထဲကဆယ်ထုတ်စဉ် အမျိုးသားမှ အသက်ရှင်နေသေးတာကိုသိရှိခဲ့သည်။

အမှန်တကယ်အားဖြင့် အမျိုးသားက ညကသောက်တာများသွားပြီး ကိုယ့်ကိုယ်ကို သတိမထားမိတော့ပဲ အမူးလွန်ကာ မြောင်းပုပ်ထဲအိပ်ပျော်နေခြင်းဖြစ်ကြောင်းဆိုခဲ့သည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

 

Crd