
News Social News





Crd..BNN

Unicode

“ရေမိုင် ၁၂ မိုင်အထိ ဝင်လာခဲ့လျှင် ပစ်ခတ် တိုက်ခိုက်သွားမည်ဟု တိုင်ဝမ်က ပြောကြား”

တိုင်ဝမ်အနေနဲ့ ဒေသတွင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေးပျက်ပြားအောင် မကြိုးစားခဲ့သလို စစ်ပွဲဖန်တီးဖို့လည်း မပြင်ဆင်ခဲ့ဘူးလို့ တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ပွဲစတင်ဖန်တီးဖို့ မကြိုးစားခဲ့သလို တိုင်ဝမ်ပိုင်နက်ကို ကျူးကျော်လာရင်တော့ ခုခံပိုင်ခွင့်အရ တန်ပြန် တိုက်ခိုက်ရလိမ့်မယ်လို့လည်း တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီလိုပြောလိုက်တာဖြစ်ပါတယ်။တရုတ် ကွန်မြူနစ် အစိုးရဟာ တိုင်ဝမ်ပတ်လည်မှာ စစ်ရေးဆက်လက်လေ့ကျင့်နေသလို

သတင်း မီဒီယာတွေကနေ တိုင်ဝမ်နဲ့ပတ်သက်လို့ သတင်းမှားတွေ၊ စိတ်ဓါတ်စစ်ဆင်ရေးတွေ နေ့စဉ်လုပ်နေတယ်ဆိုပါတယ်။ ဒီမိုကရေစီတိုင်ဝမ်အနေနဲ့ သတင်းမှားတွေ စိတ်ဓါတ်စစ်ဆင်ရေးတွေ လုပ်နေမှာမဟုတ်ဘဲ

တိုင်ဝမ်ကျွန်းနဲ့ ရေမိုင် ၁၂ မိုင်အကွာထိ ဝင်ရောက်လာမဲ့ ရေယာဉ် လေယာဉ်နဲ့ ဒရုန်းတွေကို နယ်မြေခုခံကာကွယ်ပိုင်ခွင့်အရ ခြွင်းချက်မရှိ ပစ်ခတ်တိုက်မယ်လို့လည်း တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားသွားပါတယ်။
Crd..BNN

Crd