
News Social News World

ပေလိုစီကို တမင်ရှောင်ပြီး တရုတ်ကို ချွေးသိပ်ဖို့ကြိုးစားနေတယ်လို့ တောင်ကိုရီးယားသမ္မတ စွပ်စွဲခံနေရ

ဆိုးလ် – ဩဂုတ် ၄
မကြာသေးခင်ကမှ သမ္မတနေရာရလာတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော ဟာ အမေရိကန် အောက် လွှတ်တော်ဥက္ကဌ နန်စီပေလိုစီရဲ့ တောင်ကိုရီးယားခရီး စဉ်အတွင်း လူချင်းမတွေ့ဆုံဘဲ ရှောင်နေတဲ့အတွက် တ ရုတ်ကို ချွေးသိပ်ဖို့ ကြိုးစားနေတယ်လို့ အများရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

နန်စီပေလိုစီဟာ ၂၅ နှစ်အတွင်း ထိုင်ဝမ်ကိုလာရောက်တဲ့ ရာထူးအမြင့်ဆုံး အမေရိကန်အရာရှိတစ်ဦးဖြစ်လာသလို ခရီးစဉ်အတွင်း ဘေဂျင်းအစိုးရဆီကနေ ဒေါသတကြီးတုံ့ပြန်မှုတွေ ရရှိခဲ့ပါတယ်။
ယခုနှစ်မေလကမှ သမ္မရာထူးရယူခဲ့တဲ့ ကွန်ဆာဗေးတစ်ဝါဒီ ယွန်းဟာ ပေလိုစီရဲ့ ဆိုးလ်ခရီးစဉ်အတွင်း ဖုန်းနဲ့သာ စကားပြောမှာဖြစ်ပြီး လူချင်းတွေ့မှာမဟုတ်ဘူးလို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြပါတယ်။

တောင်ကိုရီးယားသမ္မတဟာ ပေလိုစီရဲ့ ခရီးစဉ်မတိုင်ခင်ကတည်းက နွေရာသီအားလပ်ရက် ခရီးသွားဖို့ ကြိုတင်စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း တောင်ကိုရီးယား ခေါင်းဆောင်ဟာ ဆိုးလ်မှာပဲ ရှိနေတယ်လို့ ပြောဆိုနေကြတာပါ။

အမေရိကန် အောက်လွှတ်တော်အမတ်ရဲ့ ထိုင်ဝမ်ခရီးစဉ်အတွင်း ဘေဂျင်းအစိုးရဟာ အပြင်းထန်ဆုံး သတိပေး ချက်တွေ ထုတ်ပြန်ခဲ့ပြီး ကြာသပတေးနေ့ကစ၍ ထိုင်ဝမ်ကျွန်းတဝိုက် မကြုံစဖူး လေးရက်ကြာ လက်နက်အစစ်အသုံးပြု ပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် တရုတ်အစိုးရဟာ ဘေဂျင်းအမေရိကန်သံအမတ်ကိုလည်း ဆင့်ခေါ်ခဲ့သလို ထိုင်ဝမ်က တင်သွင်းနေတဲ့ အစားအသောက် ထောင်နဲ့ချီပြီး တင်သွင်းခွင့်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

ဝေဖန်သူတွေကတော့ သမ္မတယွန်းဟာ ကိုရီးယားရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နဲ့ ရန်မများချင်တာကြောင့် ပေလိုစီကို တမင်ရှောင်နေတာလို့ စွပ်စွဲထားတာပါ။ သို့သော်လည်း သမ္မတက ပေလိုစီနဲ့ မတွေ့ဖို့ဆုံးဖြတ်တာဟာ ဘေဂျင်းရဲ့ပယောက မပါဘူးလို့ သမ္မ တ အိမ်ပြာတော်က တုံ့ပြန်ထားပါတယ်။

ပေလိုစီဟာ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားကို နောက် ဆုံးအကြိမ်လာရောက်ခဲ့ပြီး ယခင်သမ္မတ ပတ်ဂွန်ဟဲ၊နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

crd
Burma Associated Press
Source – The Guardian

Unicode







crd
Burma Associated Press
Source – The Guardian

Crd