ေန႔စဥ္စားသုံးေနၾကတဲ့ သမား႐ိုးက်အသားလုံးေတြနဲ႔မတူတဲ့ အသားလုံးအေျမာက္အမ်ားကို ထုတ္လုပ္နိင္ခဲ့ၾကတဲ့ တ႐ုတ္သိပၸံပညာရွင္မ်ား…

News Social News

န႔စဥ္စားသုံးေနၾကတဲ့ သမား႐ိုးက်အသားလုံးေတြနဲ႔မတူတဲ့ အသားလုံးအေျမာက္အမ်ားကို ထုတ္လုပ္နိင္ခဲ့ၾကတဲ့ တ႐ုတ္သိပၸံပညာရွင္မ်ား…

တ႐ုတ္ သိပၸံပညာရွင္ေတြက ဓါတ္ခြဲခန္းကေန အသားလုံး အေျမာက္အမ်ား ထုတ္လုပ္ႏိုင္ၿပီ

တ႐ုတ္က သိပၸံပညာရွင္ေတြဟာ သမား႐ိုးက် အသားလုံးေတြထက္ ပ႐ိုတင္း ပိုမ်ားၿပီး အဆီ ပိုနည္းတဲ့ အသားလုံးေတြကို ဓါတ္ခြဲခန္းကေန ထုတ္လုပ္ႏိုင္ၿပီ ျဖစ္ပါတယ္။

တိရိစာၦန္ေတြရဲ႕ အသားေတြကို ဓါတ္ခြဲခန္းကေန ထုတ္လုပ္ႏိုင္တာဟာ ေရရွည္တည္ၿမဲတဲ့ နည္းလမ္း ျဖစ္ပါတယ္။

ဒါ့အျပင္ တိရိစာၦန္ေတြကို ေမြးျမဴသလို လယ္ေျမဧကမ်ားစြာ မလိုအပ္သလို ဖန္လုံအိမ္ အာနိသင္ ဓါတ္ေငြ႕ ထုတ္လုပ္တာကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလမွာ Singapore Food Agency က ဓါတ္ခြဲခန္းက ထုတ္လုပ္တဲ့ အသားေတြကို ေရာင္းခ်ဖို႔ ခြင့္ျပဳခဲ့ၿပီး တျခားႏိုင္ငံေတြမွာလည္း ေနာက္ပိုင္း ခြင့္ျပဳလာႏိုင္ပါတယ္။

ဓါတ္ခြဲခန္းကေန အသားေတြ ထုတ္လုပ္ဖို႔ သိပၸံပညာရွင္ေတြက တိရိစာၦန္ေတြက ထုတ္ယူထားတဲ့ ဆဲလ္ေတြကို အေျမာက္အမ်ား ပြားမ်ားေအာင္ ျပဳလုပ္ရပါတယ္။

ဓါတ္ခြဲခန္းကထုတ္တဲ့ အသားေတြဟာ တကယ့္ အသားေတြနဲ႔ အရသာ တူညီဖို႔လည္း အေရးႀကီးပါတယ္။

တ႐ုတ္က Tsinghua University နဲ႔ Nanjing Agricultural University က သိပၸံပညာရွင္ေတြဟာ ဓါတ္ခြဲခန္းထဲမွာ ႂကြက္သား ဆဲလ္ေတြနဲ႔ အဆီ ဆဲလ္ေတြကို သီးျခား ဖန္တီးရပါတယ္။

အဲဒီေနာက္ 3D-printed Mold ထဲမွာ အတူတကြ ထည့္သြင္းၿပီး စင္တီမီတာ အ႐ြယ္အစား အသားလုံးေတြ ထုတ္လုပ္ဖို႔ အင္ဇိုင္း ၁ ခုကို အသုံးျပဳရပါတယ္။

သိပၸံပညာရွင္ေတြဟာ ဓါတ္ခြဲခန္းက အသားလုံးေတြနဲ႔ တကယ့္ အသားလုံးေတြမွာ ပါတဲ့ အာဟာရေတြကို ႏႈိင္းယွဥ္ခဲ့ၾကပါတယ္။

ဓါတ္ခြဲခန္းက အသားလုံးေတြဟာ ပ႐ိုတင္း ၇၀ ရာခိုင္ႏႈန္း၊ အဆီ ၄ ရာခိုင္ႏႈန္း ကာဗိုဟိုက္ဒရိတ္ ၆ ရာခိုင္ႏႈန္းနဲ႔ ဇင့္၊ ကယ္လ္ဆီယမ္၊ အိုင္းယြန္းတို႔လို အေရးႀကီးတဲ့ သတၱဳဓါတ္ေတြ ပါဝင္ပါတယ္။

တကယ့္ အသားလုံးေတြမွာ ပ႐ိုတင္းက ၅ ပုံ ၁ ပုံပဲ ပါဝင္ၿပီး အဆီက ၃ ဆ ပိုမ်ားသလို ကယ္လိုရီက ပိုနည္းပါတယ္။

သိပၸံပညာရွင္ေတြက လာမယ့္ ႏွစ္အနည္းငယ္အတြင္းမွာ ဓါတ္ခြဲခန္းက ထုတ္လုပ္တဲ့ အသားေတြကို အေျမာက္အမ်ား ထုတ္လုပ္ ေရာင္းခ်ႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။

Crd…DigitalLight
Unicode
နေ့စဉ်စားသုံးနေကြတဲ့ သမားရိုးကျအသားလုံးတွေနဲ့မတူတဲ့ အသားလုံးအမြောက်အများကို ထုတ်လုပ်နိင်ခဲ့ကြတဲ့ တရုတ်သိပ္ပံပညာရှင်များ…

တရုတ် သိပ္ပံပညာရှင်တွေက ဓါတ်ခွဲခန်းကနေ အသားလုံး အမြောက်အများ ထုတ်လုပ်နိုင်ပြီ

တရုတ်က သိပ္ပံပညာရှင်တွေဟာ သမားရိုးကျ အသားလုံးတွေထက် ပရိုတင်း ပိုများပြီး အဆီ ပိုနည်းတဲ့ အသားလုံးတွေကို ဓါတ်ခွဲခန်းကနေ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။

တိရိစ္ဆာန်တွေရဲ့ အသားတွေကို ဓါတ်ခွဲခန်းကနေ ထုတ်လုပ်နိုင်တာဟာ ရေရှည်တည်မြဲတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒါ့အပြင် တိရိစ္ဆာန်တွေကို မွေးမြူသလို လယ်မြေဧကများစွာ မလိုအပ်သလို ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့ ထုတ်လုပ်တာကို လျှော့ချပေးနိုင်ပါတယ်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ Singapore Food Agency က ဓါတ်ခွဲခန်းက ထုတ်လုပ်တဲ့ အသားတွေကို ရောင်းချဖို့ ခွင့်ပြုခဲ့ပြီး တခြားနိုင်ငံတွေမှာလည်း နောက်ပိုင်း ခွင့်ပြုလာနိုင်ပါတယ်။

ဓါတ်ခွဲခန်းကနေ အသားတွေ ထုတ်လုပ်ဖို့ သိပ္ပံပညာရှင်တွေက တိရိစ္ဆာန်တွေက ထုတ်ယူထားတဲ့ ဆဲလ်တွေကို အမြောက်အများ ပွားများအောင် ပြုလုပ်ရပါတယ်။

ဓါတ်ခွဲခန်းကထုတ်တဲ့ အသားတွေဟာ တကယ့် အသားတွေနဲ့ အရသာ တူညီဖို့လည်း အရေးကြီးပါတယ်။

တရုတ်က Tsinghua University နဲ့ Nanjing Agricultural University က သိပ္ပံပညာရှင်တွေဟာ ဓါတ်ခွဲခန်းထဲမှာ ကြွက်သား ဆဲလ်တွေနဲ့ အဆီ ဆဲလ်တွေကို သီးခြား ဖန်တီးရပါတယ်။

အဲဒီနောက် 3D-printed Mold ထဲမှာ အတူတကွ ထည့်သွင်းပြီး စင်တီမီတာ အရွယ်အစား အသားလုံးတွေ ထုတ်လုပ်ဖို့ အင်ဇိုင်း ၁ ခုကို အသုံးပြုရပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဓါတ်ခွဲခန်းက အသားလုံးတွေနဲ့ တကယ့် အသားလုံးတွေမှာ ပါတဲ့ အာဟာရတွေကို နှိုင်းယှဉ်ခဲ့ကြပါတယ်။

ဓါတ်ခွဲခန်းက အသားလုံးတွေဟာ ပရိုတင်း ၇၀ ရာခိုင်နှုန်း၊ အဆီ ၄ ရာခိုင်နှုန်း ကာဗိုဟိုက်ဒရိတ် ၆ ရာခိုင်နှုန်းနဲ့ ဇင့်၊ ကယ်လ်ဆီယမ်၊ အိုင်းယွန်းတို့လို အရေးကြီးတဲ့ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။

တကယ့် အသားလုံးတွေမှာ ပရိုတင်းက ၅ ပုံ ၁ ပုံပဲ ပါဝင်ပြီး အဆီက ၃ ဆ ပိုများသလို ကယ်လိုရီက ပိုနည်းပါတယ်။

သိပ္ပံပညာရှင်တွေက လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဓါတ်ခွဲခန်းက ထုတ်လုပ်တဲ့ အသားတွေကို အမြောက်အများ ထုတ်လုပ် ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Crd…DigitalLight

Crd