
 

ခေတ်မီအစွမ်းထက်တဲ့ တိုက်ခိုက်ရေး ဒရုန်များကို နှစ်စင်းတစ်ဒေါ်လာဖြင့် ရောင်းချမယ့် အမေရိကန်….

ဒရုန်နှစ်စင်း တစ်ဒေါ်လာဖြင့် အမြန်ရောင်းမည်။
**မှတ်ချက်**
(ဦးရာလူမဟုတ်-ယူကရိန်းသို့သာ)

ကယ်လီဖိုးနီးယားအခြေစိုက် ဒရုန်းထုတ်လုပ်သူ General Atomics Aeronautical Systems လက်အောက်ခံ ကုမ္ပဏီခွဲက “လူသတ်ဒရုန်းများ” ဟုလည်းသိကြသည့် ခေတ်မီအစွမ်းထက်တဲ့
MQ-1C Grey Eagle and

MQ-9 Reaper ဒရုန်းနှစ်စင်းကို မဆိုစလောက်ဈေး အမည်ခံ တစ်ဒေါ်လာ,
၁ ဒေါ်လာဖြင့် ယူကရိန်းသို့ ရောင်းချ လွှဲပြောင်းပေးအပ်ရန် US အစိုးရထံ ကမ်းလှမ်းထားပြီး ထိုကမ်းလှမ်းမူအတွက်အမေရိကန်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ကုမ္ပဏီ၏ CEO မှ မနေ့က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားခဲ့ပါသည်။

General Atomics မှ ထုတ်လုပ်တဲ့ ထိုဒရုန်းနှစ်စင်းဟာ
အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အီရတ်နှင့် အခြားသော ပဋိပက္ခဇုန်များရှိ ထောက်လှမ်းရေး စစ်ဆင်ရေးများတွင် အမေရိကန် တပ်ဖွဲ့များက အဆိုပါ ဒရုန်းများကို အသုံးပြုခဲ့ဖူးပါတယ်။

သို့သော် ထိလွယ်ရှလွယ် နည်းပညာများ လွှဲပြောင်းပေးခြင်းအပေါ် စိုးရိမ်မှုများကြောင့်
ထိုဒရုန်းများကို ယူကရိန်းသို့
ထောက်ပံ့ပေးခြင်းနှင့်ပတ်သက်၍ Kyiv-Biden အုပ်ချုပ်ရေးနှင့် ကုမ္ပဏီတို့အကြား လအတန်ကြာ ဆွေးနွေးပြီးနောက် ကုမ္ပဏီ၏ CEO ထံမှ ထို ကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

အလယ်အလတ် အမြင့်မှာ အကွာအဝေး ပျံသန်းနိုင်တဲ့ ထိုဒရုန်းတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းရဲ့ ကာကွယ်ရေးကို အားကောင်းစေဖို့ အသုံးပြုနေတဲ့ ထိုးစစ်နဲ့ ခံစစ်နည်းပညာတွေထဲမှာ ပါဝင်အသုံးပြုနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

US အပါဝင် နိာင်ငံအများကယူကရိန်းနိုင်ငံသို့
အသေးစား တိုက်ခိုက်ရေး နှင့် ထောက်လှမ်းရေး ဒရုန်းများစွာကို ထောက်ပံ့ပေးထားသော်လည်း General Atomics ၏ ထိုဒရုန်းလေယာဉ်များကဲ့သို့ အဆင့်မြင့်နည်းပညာနှင့် တာဝေးပစ်စွမ်းရည်များ မရှိကြောင်း AFP သတင်းဌာနက ဖော်ပြပါသည်။

crd
Shine Ar Yone ရှိုင်းအရုဏ်

Unicode


MQ-1C Grey Eagle and






crd

 

Crd