■ဧရာမလူသားများရဲ့ သက်သေများ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဧရာမလူသားများရဲ့ သက်သေများ

ဧရာမလူသားတွေရှိတယ်ဆိုတဲ့ သက်သေအထောက်အထားတွေကို ထပ်ဖြည့်ရမယ်ဆိုရင်တော့ အလွန်များပြားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ကျန်ရစ်နေတဲ့ ဧရာမ ခြေရာတွေပဲဖြစ်ပါတယ်။
ဥပမာ ၈၀ စင်တီမီတာ သို့မဟုတ် ၂.၅ ပေ အရှည်ရှိတဲ့ တန်ဇေးနီးယားမှာရှိတဲ့ ခြေရာတွေပါ။

အလားတူ ခြေရာတွေဟာတခုကတော့ ဒါပေမယ့် နည်းနည်းသေးပြီး ၅၀ စင်တီမီတာ သို့မဟုတ် ၁.၅ ပေ အရှည်ရှိတဲ့ ခြေရာတွေကို နဗားဒါး သဲကန္တာရမှာ နှစ်ပေါင်း ၂၅၀ သန်းအကြာတုန်းက တည်းက ကျန်ရစ်နေတာကို တွေ့ရှိခဲ့ပါတယ်။
တာခ်မန်နေစတန်မှာရှိတဲ့ရွာတစ်ရွာအနီးမှာ ဧရာမလူသားတွေရဲ့ ခြေရာတွေကိုတော့ ဒိုင်နိုဆောရဲ့ ခြေရာလမ်းကြောင်းနားမှာ တွေ့ရှိခဲ့ကာ
ဒီခြေရာလက်ရာတွေ ချန်ခဲ့တဲ့ လူသားကတော့ ၅ မီတာ၊ ၁၆.၅ ပေခန့် မြင့်မှာဖြစ်ပြီး နှစ်ပေါင်း သန်း ၁၅၀ က နေထိုင်ခဲ့တာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

၁၉၃၅ ခုနှစ် ဟောင်ကောင်မှာတော့ သာမန်လူရဲ့သွားထက် ၅ ဆပိုမိုကြီးမားတဲ့ လူသွားကိုတွေ့ရှိခဲ့သေးသလို
၆၀ စင်တီမီတာ သို့မဟုတ် ၂ ပေ ခန့်ရှည်ပြီး သွားတန်း နှစ်တမ်းပါတဲ့ လူဦးခေါင်းခွံကိုတော့ ၁၉၅၀ ခုနှစ် အလက်စကာမှာတွေ့ရှိခဲ့ပါတယ်။

ပေ၅၀ သို့မဟုတ် ၁၅ မီတာရှည်လျားတဲ့ လူအရိုးစုကိုတော့ ၁၉၉၉ ခုနှစ် မွန်ဂိုးလီးယား မှာ တွေ့ရှိခဲ့ပါသေးတယ်။
ဒီလိုမျိုး အထောက်အထား အမြောက်အများဟာ ဧရာမလူသားတွေ တကယ် ဖြစ်တည်ခဲ့တယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း လက်ခံစေခဲ့ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi






Ref:youtube
Trans:thegeektext