ဧရာဘဏ္ကို ဦးေဇာ္ေဇာ္ စြန႔္လႊတ္ၿပီ၊ ျမန္မာ့ဘဏ္ေလာက ဘာေတြ ျဖစ္လာဦးမွာလဲ ( ဘယ္လိုဇာတ္လမ္းဆင္ၿပီး ဘာအကြက္ေတြ ခင္းလိုက္ျပန္ၿပီလဲ )

ဧရာဘဏ္ကို ဦးေဇာ္ေဇာ္ စြန႔္လႊတ္ၿပီ၊ ျမန္မာ့ဘဏ္ေလာက ဘာေတြ ျဖစ္လာဦးမွာလဲ ( ဘယ္လိုဇာတ္လမ္းဆင္ၿပီး ဘာအကြက္ေတြ ခင္းလိုက္ျပန္ၿပီလဲ )

အြန္လိုင္းေပၚတြင္ ပ်ံ႕ႏွံ႔လာတဲ့ ႏိုဝင္ဘာလ ၁၈ ရက္ေန႔ ရက္စြဲပါ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ျပန္တမ္းဆိုသည့္ ဓာတ္ပုံတပုံတြင္ ဧရာဝတီဘဏ္ကို အမ်ားပိုင္ ကုမၸဏီအျဖစ္ ေျပာင္းလဲေတာ့မယ္လို႔ ပါရွိလာပါတယ္။ စာအျပည့္အစုံကေတာ့ “ျမန္မာႏိုင္ငံ ကုမၸဏီဥပေဒပုဒ္မ – ၅၈ (ခ) အရ ေၾကညာ၊ ဧရာဝတီဘဏ္ လီမိတက္၊ အမွတ္ – ၄၁၆၊ မဟာဗႏၶဳလလမ္းႏွင့္ မဟာဗႏၶဳလပန္းၿခံလမ္းေထာင့္

၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီးသည္ အမ်ားႏွင့္ မသက္ဆိုင္သည့္ ကုမၸဏီအျဖစ္မွ အမ်ားႏွင့္ သက္ဆိုင္သည့္ ကုမၸဏီအျဖစ္သို႔ အမ်ိဳးအစား ေျပာင္းလဲျခင္းဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ားကို ကုမၸဏီမ်ားဆိုင္ရာ မွတ္ပုံတင္အရာရွိထံသို႔ တင္ျပၿပီး ျဖစ္ေၾကာင္းႏွင့္ မွတ္ပုံတင္အရာရွိသည္ ကုမၸဏီက တင္ျပသည့္ ေလွ်ာက္ထားမႈကို ေက်နပ္လက္ခံၿပီး

တရား႐ုံး၏ အမိန႔္တရပ္ရပ္အရ တားျမစ္ျခင္း မရွိလွ်င္ ကုမၸဏီ၏ မွတ္ပုံတင္ထားေသာ ကုမၸဏီအမ်ိဳးအစား ေျပာင္းလဲျခင္းဆိုင္ရာ အေသးစိတ္ အခ်က္အလက္မ်ားကို ေျပာင္းလဲေပးမည္ ျဖစ္ေၾကာင္း အမ်ားသိေစရန္ ေၾကညာလိုက္သည္။” လို႔ ပါရွိပါတယ္။ ဧရာဝတီဘဏ္ (Ayeyarwady Bank) ဟာ ပုဂၢလိကဘဏ္တစ္ခုျဖစ္ၿပီး ၂၀၁၀ ခုႏွစ္ ဇူလိုင္လ ၂ ရက္ေန႔က ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ျပည္တြင္းက

ထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္ ဦးေဇာ္ေဇာ္က ဦးေဆာင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ဧရာဝတီဘဏ္ ရန္ကုန္႐ုံးခ်ဳပ္ဟာ အမွတ္(၁၆၄)၊ မဟာဗႏြဳလလမ္းမႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕မွာ တည္ရွိၿပီး ေနျပည္ေတာ္႐ုံးခ်ဳပ္မွာ ၁၁၀-၁၁၂၊ သီရိရတနာအဆင့္ျမင့္ေဈး၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ေနျပည္ေတာ္တြင္ တည္ရွိကာ ယခုအခါ ဘဏ္ခြဲေပါင္း ၂၆၀ ေက်ာ္

ဖြင့္လွစ္ထားပါတယ္။ ယခုလို အမ်ားပိုင္ကုမၸဏီအျဖစ္ ေျပာင္းလဲလိုက္တဲ့အတြက္ ဦးေဇာ္ေဇာ္အေနနဲ႔ ဧရာဘဏ္ရဲ႕ ပိုင္ဆိုင္မႈေတြကို လက္လႊတ္ရမွာ ျဖစ္ပါတယ္။ ျမန္မာျပည္ရဲ႕ အႀကီးဆုံးဘဏ္ေတြထဲက တခု ျဖစ္တဲ့ ဧရာဘဏ္ရဲ႕ ႀကီးမားတဲ့ အခ်ိဳးအေကြ႕ေၾကာင့္ ျမန္မာ့ဘဏ္လုပ္ငန္း ဘယ္လို လႈပ္ခတ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

crd-

ယူနီကုတ္

ဧရာဘဏ်ကို ဦးဇော်ဇော် စွန့်လွှတ်ပြီ၊ မြန်မာ့ဘဏ်လောက ဘာတွေ ဖြစ်လာဦးမှာလဲ ( ဘယ်လိုဇာတ်လမ်းဆင်ပြီး ဘာအကွက်တွေ ခင်းလိုက်ပြန်ပြီလဲ )

အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာတဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းဆိုသည့် ဓာတ်ပုံတပုံတွင် ဧရာဝတီဘဏ်ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲတော့မယ်လို့ ပါရှိလာပါတယ်။ စာအပြည့်အစုံကတော့ “မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေပုဒ်မ – ၅၈ (ခ) အရ ကြေညာ၊ ဧရာဝတီဘဏ် လီမိတက်၊ အမှတ် – ၄၁၆၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်

၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသည် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်သို့ အမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံသို့ တင်ပြပြီး ဖြစ်ကြောင်းနှင့် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီက တင်ပြသည့် လျှောက်ထားမှုကို ကျေနပ်လက်ခံပြီး

တရားရုံး၏ အမိန့်တရပ်ရပ်အရ တားမြစ်ခြင်း မရှိလျှင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ပြောင်းလဲပေးမည် ဖြစ်ကြောင်း အများသိစေရန် ကြေညာလိုက်သည်။” လို့ ပါရှိပါတယ်။ ဧရာဝတီဘဏ် (Ayeyarwady Bank) ဟာ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်းက

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ဦးဆောင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဧရာဝတီဘဏ် ရန်ကုန်ရုံးချုပ်ဟာ အမှတ်(၁၆၄)၊ မဟာဗနွုလလမ်းမကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး နေပြည်တော်ရုံးချုပ်မှာ ၁၁၀-၁၁၂၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိကာ ယခုအခါ ဘဏ်ခွဲပေါင်း ၂၆၀ ကျော်

ဖွင့်လှစ်ထားပါတယ်။ ယခုလို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် ဦးဇော်ဇော်အနေနဲ့ ဧရာဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို လက်လွှတ်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အကြီးဆုံးဘဏ်တွေထဲက တခု ဖြစ်တဲ့ ဧရာဘဏ်ရဲ့ ကြီးမားတဲ့ အချိုးအကွေ့ကြောင့် မြန်မာ့ဘဏ်လုပ်ငန်း ဘယ်လို လှုပ်ခတ်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

crd-

Crd