
 

ဦးသန်းရွှေသားမက် ဒေါက်တာနေစိုးမောင် ပြောတဲ့ အဆိုတော်ကြီး R ဇာနည် အကြောင်း

ကျွန်တော်နှင့် Rဇာနည်၊ တလောက Rဇာနည်ကို ဝေဖန်သည့် ပို့စ်လေးတစ် ခု တက်လာပါသည်။ လူတစ်ဦးမှ နိုင်ငံကျော် အဆိုတော်ကြီး စားသောက် ဆိုင်တစ်ခုတွင် ဆူရှီလိပ်နေသည်ဟု ပုံနှင့်တကွတင်လိုက်ရာ Rဇာနည် ၏ ပရိသတ်များက သူ့အပေါ်ထောက်ခံသည့် ကွန်းမန့်များဖြင့် ပြန်လည် တုံ့ပြန်ခဲ့ကြပါသည်။ မိမိကိုယ်တိုင်လည်း သမ္မာအာဇီဝ လုပ်ကိုင်ခြင်းအတွက် ဂုဏ်ယူကြောင်း ကွန်းမန့် ရေးတင်ခဲ့ပါသည်။

ဆရာက ကိုRဇာနည်ကိုလေးစားခဲ့ဘူးသည့် အကြောင်း အရာ တစ်ခုရှိခဲ့ဘူးပါသည်။ ထိုစဉ်ကဆရာဆေးတက္ကသိုလ် တစ်ခုတွင် ကထိကအဖြစ်တာဝန်ထမ်း ဆောင်နေစဉ်ဖြစ်ပြီး ဆေးလိပ်ကင်းစင်ရေး ဆောင်ရွက်နေစဉ် ဖြစ်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ဆေးလိပ်ကြော်ငြာများ မပိတ်ပင်ခင်ကာလဖြစ်ပြီး Rဇာနည်ကလည်း ဆေးလိပ်ကြော်ငြာတစ်ခုကို ထုတ်လွင့်နေချိန်ဖြစ်ပါသည်။

ဆရာနှင့် Rဇာနည် ရှိုးပွဲတစ်ခုတွင် အနီးကပ်ဆုံပါသည်။ ထိုအခါ ဆရာက ဆေးလိပ်ကြော်ငြာများကို နိုင်ငံတကာတွင် ပိတ်ပင်ထားကြောင်း အနုပညာရှင်များ ဆေးလိပ်ကြော်ငြာခြင်းသည် လူငယ်များကို အတုယူမှား စေနိုင်ကြောင်း ပြောပြခဲ့ပါသည်။

Rဇာနည်က သူမသိခဲ့ပါ၍ စီးပွါးရေးသဘောအရ လာငှါးသောကြောင့် ရိုက်ခဲ့မိပါကြောင်း နောက်နောင်ရှောင်ကြဉ် ပါမည် ဟုယဉ်ကျေးချေငံစွာပြန်ပြောသဖြင့် ထိုစဉ်ကတည်းက ဝမ်းသာလေးစားခဲ့ရပါသည်။

ထိုအချိန်က ဆံပင်ရှည်ရှည်နှင့် ဝတ်စားဆင်ယင်မှုကြောင့် လမ်းသူရဲဟု လူတချို့က သဘောထားနေသူတစ်ဦး နာမည်ကြီး အဆိုတော် တစ်ဦး ထံမှ ယဉ်ကျေးချေငံစွာ ပြန်ပြောခြင်း အတွက် အံ့ဩမိခဲ့ရပါသည်။ (Dr. Nay Soe Maung)

Unicode






 

Crd